me: ဘာဖြစ်နေတာမလား
မိုး: အေးလကွာ
ဘာဖြစ်နေတာနေမှာ
me: အောအော........အေးလေ....ဒါကြောင့်ကိုး
မိုး: ငါ ညက စောကြီးအိပ်တာပဲ အိပ်မက်အမက်လွန်ပြီး ခေါင်းတွေမူးနေတယ်
တစ်ညလုံး မက်သဟဲ့
ဘာတွေမှန်းလဲမသိဘူး
me: အဲ
မိုး: သူများပြောတော့ အိပ်မက်ဆိုတာ ၂ စက္ကန့်ဆိုလား ၂မိနစ်ဆိုလားပဲကြာတာဆို
ငါတို့က အကြာကြီးလို့ထင်နေတာဆို
ငါတော့မထင်ပါဘူး
me: မထင်ဘူးဆို နင်တော်တယ်ဟ... အိပ်စက်ခြင်း ၂မျိုးရှိတယ်........
မိုး: ပြောဟာ
ငါ အလုပ် လဲ လုပ်ချင်စိတ်မရှိလို့မလုပ်ဘူး
me: ကောင်းဟ.......ငါလည်းပြောချင်စိတ်ရှိလို့ အလုပ်မလုပ်သေးဘဲနေလိုက်ဦးမယ်....အိပ်တာ ၂မျိုးရှိသတဲ့၊ စ အိပ်အိပ်ခြင်းမှာ အဆင့် ၄ခုရှိတယ်တဲ့
မိုး: ဟင် များ၏တာ
me: ဘာတွေလည်းတော့ ငါလည်းမမှတ်မိတော့ပါဘူးလေ
အဟတ်ဟတ် :P
မိုး: ဟိုက်ရော
me: ဟားဟား......နောက်တာ.......မှတ်မိသလောက် ရွှီးပြမယ်...အဲ...ရှင်းပြမယ်
မိုး: အင်း ရွှင်းပါ
me: စအိပ် အိပ်ချင်း........မပျော့်တပျော်...ကတစ်ခု pleasant floating feeling ရှိတယ်
အသံဗလံကြားရင်နိုးသေးတယ်
မိုး: အင်း ဟုတ်တယ်
အဲ့ပြီးတော့ ကော
me: နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်............ဆင်အော်လို့မနိုးဘူး....အဲဒါက နာရီဝက်အတွင်းမှာ ..ဖြစ်ပြီး...မီးနစ် ၂၀လောက်ပဲကြာတတ်တယ်...အတိအကျက လူတစ်ယောက်စီပေါ်မှာပဲ...မူတည်တယ်
မိုး: အဲ့ပြီးတော့ကော
me: ဒီလိုနဲ့ ......... မီးနစ် ၃၀လောက်ကြာပြီးတဲ့အချိန်မှာ....ဦးနှောက်လှိုင်းတွေလှုပ်ရှားမှုနည်းပြီး ဆန့်ထွက်လာကြသတဲ့။ အိပ်နေရင်းက ခန္ဓာကိုယ်ပူချိန်၊ ဦးနှောက်လှိုင်း၊ သွေးဖိအား၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတွေ ပြောင်းနေတယ်ဆိုလား။ အဲဘာပဲပြောပြော ဒီအဆင့်မှာက သေချာအိပ်သွားပြီပေါ့ဟာ။ ဒီ အဆင့်အားလုံးက NREM (no rapid eye movement) Sleeping မှာပါတာဆိုပဲ။
မိုး: လူလိုပြောဟာ
ငါက မူးနေပါတယ်ဆို
မျက်စိလှုပ်ပြီးအိပ်တာရော ရှိတာလား
ဟီ ဟိ
၃ဆင့်ရှိပြီ
အဲ့အထိ အိပ်မက်မမက်သေးဘူးပေါ့ ဟုတ်လား
me: အဲ..အေးအေး..... သူများအိပ်တဲ့အခါ မျက်လုံးက ပိတ်ထားပေမဲ့ လှုပ်တုတ်လှုပ်တုတ်ဖြစ်နေတာ မြင်ဖူးတယ်မလား။ အဲဒါ စအိပ်ပြီးတစ်နာရီခွဲအတွင်းမှာတော့ REM (rapid eye monement) Sleeping ဆိုတဲ့အဆင့်ကို ရောက်သွားပြီတဲ့ဆရာ။ အိပ်မက်ကအဲဒီမှာ မက်တာတဲ့။ REM period တစ်ခုကို တစ်နာရီခွဲလောက်ကြာတတ်တယ်တဲ့။ အိပ်မက်မက်နေရင် ပိုကြာတယ်တဲ့။ ကျန်တစ်ညလုံးက အဲ့ REM နဲ့ NREM တစ်လှည့်စီဖြစ်နေတာဆိုပဲ။
မိုး: NREM မှာမျက်စိမလှုပ်တော့ဘူးလား
ဘာလှုပ်လဲ ဟိုကုတ်ဒီကုတ် ဟိုနှိုက်ဒီနှိုက်လား
:P
me: ဟုတ်တယ်....သာမန်အားဖြင့် လူတစ်ယောက်ဟာ တစ်ညမှာ အကြိမ် ၃၀ လောက် လှုပ်တယ်တဲ့ဟ....... REM မတိုင်ခင်လေးမှာ လှုပ်ကြတာတဲ့။ တစ်ညမှာ အိပ်မက်မက်တဲ့ REM က လေးခု သို့မဟုတ် ငါးခုတောင် ရှိတတ်တယ်လို့ သူတေသနက ဆိုထားတယ်။ နင် လေး၊ ငါးခါမမက်တာ ကံကောင်းလို့မှတ်။
မိုး: အဲ့ အိပ်မက်ဆိုတဲ့ကောင်က ဘယ်က လာခဲ့တာလဲဟင် ငါ့ခေါင်းတညလုံးမနားရဘူး အလုပ်လုပ်နေရတယ်
me: ညဥ့်နက်လေ........မိုးလင်းခါနီးလေ... အိပ်မက်တွေကလည်း serious ဖြစ်လေပဲ လို့ဆိုတယ်၊ အိပ်မက်ဆိုးတွေကို မိုးလင်းခါနီးမက်တာများတယ်တဲ့လေ။
အေး..........သူတို့ပြောတာတော့ နင့်ရဲ့ စိတ်အစဉ်မှာ ဒီဇိုင်းပေါင်းစုံနဲ့ ကိန်းနေကြတာ ဆိုပဲ
အိပ်တော့မှ........ အဲဒီအတွေးတွေက အိပ်မက်အဖြစ် ပီပြင်စွာပုံပေါ်လာကြတယ်တဲ့ ...နေ့လည်နေ့ခင်းမှာတော့ ပီပြင်တဲ့ အတွေးဖြစ်လာလောက်အောင် အားမကောင်းဘူးတဲ့
မိုး: မမက်အောင်လုပ်လို့မရဘူးလား
ငါ ဒီတလော ရေတွေချည်းမက်နေတယ် .. မနေ့ရှေ့ညက ငါ လှိုင်းစီးနေတယ် ..မနေ့ညက ငါ သင်္ကြန်ကျနေတယ် ရေတွေပဲပတ်လောင်းနေတယ် သူများကိုလောင်းတာမဟုတ်ဘူး ငါ့သူငါ အိင်္ကျီ ၀တ်ရက်ကြီးနဲ့ ဆပ်ပြာတွေတိုက်ပြီး ရေလောင်းနေတာ
me: တချို့  sleep-walking တို့ဘာတို့ ကကုထုံးရှိတယ်ထင်တယ်၊ တစ်ချို့ လူတွေဟာ အိပ်မက်ကို controll လုပ်နိုင်ကြတယ်တဲ့........အဲဒါမျိုးကို ငါကိုယ်တိုင်လည်း......ကျန်းမာရေးကောင်းနေတဲ့အချိန်၊ စိတ်အားကောင်းနေတဲ့အချိန်တွေမှာ ရတယ်
မိုး: ဘယ်လိုလုပ်ရမှာတုန်း
ကွန်ထရိုးလုပ်နိုင်တယ်ဆိုတာက ဘာကိုကွန်ထရိုးနိုင်တာလဲဟ
me: ဖတ်ဖူးတဲ့ အထဲမှာတော့ အဲလောက်ပဲရေးထားတာ.........ငါ့အတွေ့ အကြုံအရဆို ၂ ပိုင်းရှိသဟ ....
မိုး: ပြောဟ
me: တစ်ပိုင်းက မက်နေတဲ့ အိပ်မက်ကို ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းပိုင်းလေးဖြစ်ခိုင်းလိုက်တာ.......တစ်ခါတစ်ခါ အိပ်မက်ဆိုးမက်ရင်လည်း....... အော...ဒါအိပ်မက်ပဲလို့ အိပ်မက်ထဲမှာပဲ သိပြီး...ဇာတ်လမ်းကို လိုသလိုပြောင်းပြစ်လိုက်တာ မျိုးပဲ....
နောက်တစ်ပိုင်းက လုံးဝအိပ်မက် မမက်အောင်လုပ်တဲ့နည်းပဲ
မိုး: အင်း နှစ်ခုလုံးပြောပြ
ငါ လုပ်နိုင်မယ်လို့ နင်ထင်ရင်
ဟဲ ဟဲ ဟဲ
ငါ အိပ်မက် မမက်ချင်တာတော့ အမှန်ပဲ
ကောင်းတာရော မကောင်းတာရော ငါ မမက်ချင်တော့ဘူး အိပ်မက်မက်ရတာ ငါသိပ်စိတ်ညစ်တယ်
me: အင်........လူတိုင်းလုပ်နိုင်ပါ့။ ပထမနည်းက ငါပြောခဲ့တဲ့အတိုင်း ကျန်းမာရမယ်....စိတ်က အင်အားရှိရမယ်။ စိတ်အင်အားဆိုတာက ... စိတ်ဟာ...သီလစင်ကြယ်ရင်၊ မဟုတ်တာတွေ၊ ကိုယ်မကြည်ညိုနိုင်တာတွေ ကိုမလုပ်ထားမိရင်၊ ဘာဝနာတရားတစ်ခုခုကြောင့် သို့မဟုတ်.......ကောင်းမှုကုသိုလ်တွေကြောင့် ခန့်ကျန်းတဲ့ အနေအထားမျိုးကို ဆိုလိုတယ်
မိုး: ငါက ငါမကြည်ညိုနိုင်တာတွေ ငါလုပ်ထားတာ အများကြီးနဲ့တူတယ်ဟ
:P
me: ငါက ရည်ရွယ်ပြီးလေ့ကျင့်တာမျိုး မဟုတ်တော့ လုပ်နည်းကို ငါမသိဘူး.........ဒါပေမယ့် ငါ ဆယ်တန်းလောက်က...အိပ်မက်တွေကို စိတ်ဝင်စားလို့ မှတ်စုနဲ့ အိပ်မက်ဒိုင်ယာရီ ရေးပြီးတော့ စမ်းကြည့်ဖူးသေးတယ်... တော်တော်စိတ်ဝင်စား ဖို့ကောင်းတာတွေရှိသဟ... နောက်မှပြောပြမယ်..... အင်း..ဟုတ်တယ်... လူအတော်များများက အချိန်အတော်များများမှာ ကိုယ့်ကိုယ်ကို မကြည်ညိုတတ်ကြဘူး... ဒါပေမယ့်လို့ ...အတော်အတန် စိတ်ခန့်ကျန်းကြည်ညိုတဲ့ အနေအထားကတော့ ရှိတတ်တာများပါတယ်။ ငါ အိပ်မက်မက်လို့ ငါ့စိတ်ကြိုက် ဇာတ်သိမ်းလိုက်တဲ့၊ ဇာတ်လမ်းပြောင်းလိုက်တဲ့...အခါမျိုးတွေဟာ... ခုနပြောတဲ့ စိတ်အနေအထားရှိနေတဲ့ အခါမျိုးတွေပဲ ဆိုတာ ငါသတိပြုမိတယ်...........
မိုး: အင်း ... စိတ်ကျန်းမာရင် ကိုယ့်သူကိုယ်ကြည်ညိုလို့ရတယ် ဟုတ်စ
me: သိပ်ဟုတ်.. ခုနောက်ပိုင်း အိပ်မက်ဆိုးတွေဆိုတာ နေမကောင်းဖြစ်နေတာတောင် မမက်တော့ဘူး... စိတ်ကို ပြင်ပက အင်အားတစ်ခုခု နှောက်ယှက်ခံရမှ မက်တာမျိုးပဲ.... မစုနဲ့ နေတုန်းက အိပ်မက်ဆိုး ၃ ညဆက်တိုက်မက်တယ်လေ... အဲမတိုင်ခင်က အိပ်မက်ဆိုးမမက်တာ ၅ နှစ်လောက်တောင် ကြာမယ်ထင်တယ်။ အဲဒီ ၃ ညဆက်တိုက်မှာက ငါမသိဘဲရွာမှာ ငါ့အဖိုး ဆုံးသွားတာကိုးလေ....
မိုး: ဟုတ်ပြီ ဒါဆို ငါ့စိတ်ကျန်းမာအောင် အပြင်က အင်အားအတိုက်မခံရအောင် ငါဘာလုပ်ရမလဲပြောတော့
me: အင်း........ နင်ဘာလုပ်ရမလဲဆိုတာတော့ ငါမသိဘူးလေ..... ငါကတော့ ဆယ်တန်းအောင်ပြီးကတည်းက... တရားစခန်း နှစ်တိုင်းအဝင်မှာ ... သမထ၊ ဝိပဿနာတွေ လေ့ကျင့်ဖူးတယ်.... စိတ္တာနုပဿနာ ဆိုတာ ကိုယ့်စိတ်ကို သတိထားပြီး သိနားလည်အောင်လုပ်ရတဲ့ ဝိပဿနာကမ္မဌာန်းပဲ..... တရားစခန်းမှာက ဘာလုပ်လုပ်သတိရှိ အောင်ကြိုးစားနေရတာ... နိုးချိန်က စပြီး... အိပ်ပျော်သွားတဲ့အထိပဲ...... နောက်ပြီး ဒေါ်သူဇာ က သူနဲ့အိပ်တဲ့အခါတိုင်း... ငါ့ကို
အာနာပါန ကမ္မဌာန်း သင်ပေးပြီးအဲဒါနဲ့ အိပ်ခိုင်းတာလေ..တစ်ကိုယ်လုံးက အကြောတွေလျှော့ရတာ အရင် ...စိတ်နဲ့ပေါ့ ခေါင်းကနေခြေဖျားထိပဲ...ပြောသေးတာ ... အားလုံးလျှော့ပြီးသွားရင်... နဖူးကြောလေးကျန်နေတတ်တယ်.. တင်းနေတတ်သေးတယ်.. အဲဒါလေးကိုရအောင်ဖြေတဲ့... အဲဒီတုန်းက အဲဒါကို ငါမသိဘူး... သူက စိန်တွေရွေးရလွန်းလို့ နဖူးကြောကျန်မှာပေါ့ဟ.... ငါကအဲဒီတုန်းက ဘာကျန်မှာလဲ... ခုတော့ COMPUTER ကြည့်ရလွန်းလို့ ငါလည်း တစ်ကိုယ်လုံးက အကြောတွေ စိတ်နဲ့ လျှော့တဲ့အခါ နဖူးကြောကျန်နေတော့တာပဲ...ပြီးရင် နှာသီးဖျားမှာ သတိကပ်ထားပြီး.. အသက်ရှူတဲ့အခါ လေဝင်၊ လေထွက်တော့ ထိထိသွားတာလေးကိုပဲ သတိကပ်ပြီး အိပ်ခိုင်းတာ၊ အင်မတန်ဇိမ်ရှိတယ် ဆရာ၊ ပြီးသူကပြောသေးတာ...အိပ်ပျော်သွားလည်းပဲ...အကျိုးကျေးဇူးက တစ်ညလုံးတရားမှတ်နေတာနဲ့ တူတယ်တဲ့။ အဲလိုမျိုး...အိပ်ပျော်သွားတဲ့အခါတွေမှာ အိပ်မက်လုံးလုံးဝဝ မမက်ဘူး။
မိုး: နင်က နင်မသိဘူးပြောပြီး ငါ့ကို အသေးစိပ်သိအောင်လုပ်နေတယ်...
နင့်အကြံ ငါမသိရင်ခက်မယ် ဟင်း ဟင်း ဟင်း .. အေးပါ ငါစမ်းကြည့်မယ် စစချင်းတော့ မရမှာသေချာတယ် ငါတရားစခန်းဝင်လဲ အကျင့်မရှိတော့ ၄၊ ၅ ရက်လောက်နေမှ စိတ်က စငြိမ်တာဟ
me: ဟီး........ ငါအဲလို.. တရားစခန်းတွေဝင်ပြီး........ အဲ...ဟာတွေလျှောက်ကျင့်ကြည့်တဲ့ နောက်ပိုင်းမှာ ဂယောက်ဂယက်အိပ်မက်မက်တယ်ဆိုတာ မရှိသလောက်ပဲ။ ပြီးတချို့ ကိစ္စတွေဆို တိုက်တိုက်ဆိုင်ဆိုင် အိပ်မက်တွေကြိုမက်ပြီး ငါသိ၊ သိနေတတ်တာတွေတောင် ရှိတယ်။ ငါကရက်စွဲနဲ့ မှတ်စုတွေရေးထားတာလေ။ အိပ်မက်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာဟနော်။
မိုး: နင်ပြောတာ ဟုတ်မှာ ငါ ခုမှစဉ်းစားမိတယ် မနေ့...ရှေ့ညက ဆူနာမီကြောင့်သဘောင်္မှောက်တဲ့ကား ငါကြည့်မိတယ်လေ
me: အဲ..................
မိုး: ကြည့်တယ်ဆိုတာ ၅ မိနစ်တောင်မပြည့်ပါဘူးဟာ
အပြင်သွားစရာရှိလို့ ဖြတ်ကနဲ လှမ်းကြည့်ရုံလေး
အဲ့ဒါ ညရောက်တာနဲ့ ငါလှိုင်းစီးနေတော့တာပဲ
ဟေး ဟေး
me: အဟေးဟေး.........East Coast မသွားဘဲ လှိုင်းစီးရတာများ..... နာအံ့ထင်နေသေးတယ်........... နောက်ပိုင်း စိတ်ကိုနိုင်နင်းတဲ့ အခါ အနိဌာရုံ အာရုံဆိုးမြင်ရင်လည်း စိတ်က မလှုပ်သွားဘူး....... သံဝေဂ ညဏ်တွေပဲ တိုးတိုးလာတတ်တယ်... ကံတွေကို မြင်အောင်ကြည့်တတ်လာတော့ မခံသာတာမရှိဘူး..... အဲဒီလိုစိတ်မျိုးက စိုးရိမ်ကြောက်လန့်မှု တွေကနေ ဝေးတယ်ပေါ့ဟာ...အဲ..ငြိမ်တယ်၊ ခန့်တယ်ပြောရမလား
မိုး: အင်း ဟုတ်ပြီ ဟုတ်ပြီ
me: အကျင့်ရှိတော့ အသင့်ပဲဆိုတာဖြစ်လာတာ........ကိုယ့်ကိုယ်ကို အသင့်ဖြစ်နေမှန်းတောင် ကိုယ်ဟာကိုယ်မသိလိုက်ဘူး.........အရေးကြုံတော့ သက်လုံကောင်းနေတာတွေ့ ရတတ်တယ်...
ဓမ္မံသရဏံ ဆိုတာအဲဒါဟ။ တရားကို ကိုးကွယ်တယ်၊ အားကိုးတယ်ဆိုတာဟာ တရားရှိနေတဲ့၊ တရားကိန်းနေတဲ့ စိတ်က အားကိုးရတာကိုပြောတာ။
မိုး: အင်း သဘောတောင်ကျလာပြီ အသင့်ဖြစ်နေတဲ့ စိတ်ကလေးကို
me: တရားဆိုတာ ဘာကြီးမှ မဟုတ်ဘူး.......... မဂ်(၄)ပါး၊ဖိုလ်(၄)ပါးနဲ့ နိဗ္ဗာန်ဆိုတာ အမှန်အတိုင်းသိနားလည်သွားတဲ့ စိတ်အခြေအနေကိုပြောတာ၊ တုန်လှုပ်မှုတွေ ကင်းတဲ့ အမြင့်မားဆုံးအစင်ကြယ်ဆုံးစိတ်အခြေအနေပဲ......ပရိယတ်ဆိုတာကလည်း ခုနောင်အမြဲချမ်းသာဖို့အတွက် နည်းလမ်းဖြစ်တဲ့ ဒါနသီလဘာဝနာ ကျင့်ဖွယ်ရာတရားတွေကို ညွှန်ပြထားတာ
ကြားနာရုံပင် အပူစင်၊ ကျင့်လျင်ဒိဌ ချမ်းသာရတဲ့
စိတ်အဆင့်အတန်း မြင့်မြတ်ရင့်ကျက်လာအောင်...သိစရာတွေ၊ ကျင့်စရာတွေကို ဘုရားရှင်လမ်းညွှန်ထားပေးတာ....... အဆုံးနိဗ္ဗာန်ရောက်နိုင်တဲ့ အထိ ပြည့်ပြည့်စုံစုံပဲ...
မိုး: ကြားနာရုံပင် အပူစင် တဲ့
အစစ်ပဲ
me: သာဓုသာဓုသာဓု
:) ကြားနာပြီး...သလောက်လည်း ကြိုးစားကျင့်ကြံနိုင်ပါစေသော်
မိုး: သာဓု သာဓု သာဓု ပါ
No comments:
Post a Comment