Pages

18 August 2014

ခုံဖိနပ်စုတ် တစ်ဘက်

"ခုံဖိနပ်စုတ် တစ်ဘက်"

အသည်းကွဲခြင်းဟာ ဟာသတစ်ခုဖြစ်ကြောင်း
အချိန်က ကောင်းစွာသိပါတယ်
နားရွက်ဖြတ်လက်ဆောင်ပေးခဲ့တဲ့ ဗန်ဂိုးကို ဆရာတင်ထားလို့
ကတီပါဖိနပ်ဖြစ်ချင်တဲ့ ဖိုးချိုလောက်တော့ ပျင်းတောင်ပျင်းတယ်
ရူးပါတယ်ဆိုမှ သဘာဝမကျတာတွေ မဖြစ်သင့်တာတွေ ရှိသေးလို့လား
ငါက သက်ရင့်ပုထုဇဉ် အစစ်...
ရခဲမှရတနာဆိုတဲ့ စာကြောင်း ငါ့ကဗျာမှာ လုံးဝမရှိဘူး
ငါကတော့.. ငါကြိုက်မှ ရတနာပဲ
ရေငတ်တယ်၊ အသက်ရှူကြပ်တယ်..
သနားလို့ဆိုပြီး ဆေးခါးတော့ လာမတိုက်နဲ့ အသေခံလိုက်မယ်..
ဘာဖြစ်ဖြစ် မင်းအခုချမယ့် ဆုံးဖြတ်ချက်ဟာ
ငါ့ရဲ့နေရာလိုက်တန်ဖိုးပါပဲ...
စဉ်းစားတိုင်ပင်ပါရစေဦး ဆိုတဲ့စကားလေးနဲ့တင်
ငါ့အသည်းက ကွဲသွားလိုက်တာများ ခွပ်ခနဲတောင်မြည်တယ်
ဟားဟား.. ရီလိုက်ရတာ ဖပ်ဖပ်မော ရင်ဘတ်နောက်ကကျော
မမင်း
Aug2014