Pages

01 October 2011

ရင်လှိုင်းခတ်သံ

ရင်လှိုင်းခတ်သံ

ဒီတစ်ခါ ဒီတစ်ပွဲကို
ညီညီညာညာ ကြည်သာစိတ်နဲ့
အပြေးသာလာခဲ့ပေမယ့်
ကြေကွဲလို့ဝမ်းနည်းစရာ
လမ်းခွဲကာ သွားနှင့်တာမို့...

ဟိုအရင်ဒီပွဲတွေမှာ
နေရာစုံ သူပါဝင်လို့
အရာရာ ဆောင်ရွက်သူမို့
မြင်ယောင်မိ သူ့အရိပ်တွေ
တကယ်ပဲရှိနေသလို....

ကျန်ရစ်သူဆွေသဟာ တွေ
သူ့နေရာ ဝင်ပါသော်လည်း
တို့ရင်မှာလစ်ဟာမြဲမို့
တစ်ယောက်ဆို သူ့အစွမ်းက
အောက်မေ့ဖွယ် လွမ်းတရပြန်...

ဒီနေရာဒီလူများအပေါ်
မြတ်နိုးစွာမေတ္တာကြီးသူ
တိုင်ပင်ပါ မေးသမျှနှင့်
အစစ သူကူညီလို့
မေ့နိုင်ဘူး ဒီကျေးဇူးတွေ...။

သံဝေဂ တို့တွေရအောင်
ရုတ်တရက်နှုတ်မဆက်ဘဲ
အပြီးတိုင် ခွဲရက်တဲ့သူ...

လှိုက်လှဲစွာ မျှဝေဆုတောင်း...
ဦးဇော်ဝိတ်ရယ်လေ... တို့မိတ်ဆွေကောင်း။ ။


15 April 2003 ရက်စွဲတပ်ထားပါတယ်။ကဗျာလေးက ဟောင်းလှပါပြီ။ အိန္ဒိယကပညာသင်ဦးဇင်းတစ်ပါးနဲ့ စကားစပ်မိလို့ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းကြီးတစ်ယောက်အကြောင်းပြောမိရာက။
အဲ့ဒီမိတ်ဆွေကြီးအကြောင်း ကဗျာလေးတစ်ပုဒ်ရေးထားတာရှိတယ်လည်းဆိုရော... ဦးဇင်းကတောင်းဆိုတာနဲ့ ဘလော့မှာတင်လိုက်ပါတယ်။
ကဗျာခေါင်းစဉ်ရဲ့ ပိုင်ရှင်အစစ်ကတော့ ထိုမိတ်ဆွေကြီးသာ ဖြစ်ပါတယ်။ သူက ညီညီညာကြည်သာစိတ်နဲ့ ဆရာဒကာလက်တွဲနွှဲကြဖို့ ကဗျာလေးတစ်ပိုဒ်ကို ရင်လှိုင်းခတ်သံဆိုတဲ့ ခေါင်းစဉ်နဲ့ရေးဖူးတယ်။ အဲ့ဒီကဗျာလေးကို
အနည်းငယ်လေးပြင်ပြီး ရွှေညဝါဓမ္မာစရိယသင်တန်းမှာ ကျောင်းဆောင်သစ်ကြီးဆောက်ကာစက ချိတ်ဆွဲထားတာလည်းမြင်ဖူးရဲ့ သူ့နာမည်တော့မပါတော့လေဘူး။ ကိစ္စမရှိဘူး... သူ့လက်ရာဆိုတာကို သိတဲ့သူတွေသိနေသားပဲဟာ။
ဦးဇော်ဝိတ် ဆိုတာ တရားစခန်းပြီးပြီးချင်း ထားဝယ်လိုနေရာမျိုးကိုပြန်ပြေးရမယ့် မမင်းအတွက် တရားတိပ်ခွေတွေ ညမအိပ်ဘဲကူးပေးတတ်သူ၊ ရုတ်တရက်သူသေသွားတော့ ဇနီးနဲ့သားသမီးတွေအတွက် ဘာတွေချန်ထားခဲ့လဲတော့မသိနိုင်၊ မမင်းအတွက်တော့ ကဗျာလေးတွေ၊ စာလေးတွေ၊ မှတ်စုနဲ့ ဖိတ်စာတချို့ (မလာနိုင်မှန်းသိရက် သပ်သပ်ချန်ကိုထားတဲ့ဖိတ်စာတွေ).. ပါတဲ့အထုပ်တစ်ထုပ်ကို သင်္ကြန်စခန်းပွဲမမင်းလာတဲ့အခါပေးဖြစ်အောင်ပေးပါဆိုတဲ့အမှာစကားနဲ့အတူ ရွှေဂူကျောင်းမှာအပ်နှံလို့ ချန်ဖြစ်အောင်ချန်ထားရစ်တဲ့သူ... ဘယ်မေ့ပါ့မလဲလေ... မမေ့နိုင်ပါဘူး။
တချို့လူတွေလူသာသေသွားတယ်.... သက်ရှိတွေရဲ့နှလုံးသားမှာ သူတို့ရှင်သန်နေကြတုန်းပါပဲ။ ။

14 August 2011

ပင်လယ်ကွေ့က ကြာပွင့်ကြီးမှာ... (၂)

ကဲကဲ အပေါ်ထပ်ဆက်သွားလိုက်ရအောင်... အလုပ်များ၊ စိတ်များလို့ အောက်ထပ်ကနေအပေါ်ထပ်ရောက်ဖို့ နှစ်လလောက်ကြာသွားတယ် :P

ဓာတ်လှေကားထဲ မဝင်ခင် ကိုယ်သွားချင်တာက ဘယ်အထပ်မှာလဲ တစ်ခါတည်းကြည့်
ဟုတ်ကဲ့ Level-3 မှာပါ။ ပါရမီရှင်တစ်ဦးရဲ့ စိတ်တွင်းသို့ ဝင်ရောက်လည်ပတ်ခြင်း။ Are you ready to enter the mind of Surrealism's greatest genius?
lightingအကူအညီနဲ့ ဒါလီပုံပေါ်နေတဲ့ အဲဒီအငွေ့တွေကို ဖြတ်ပြီး.... အဲဒီအပေါက်ကနေဝင်ရတယ်၊ တော်တော်စိတ်ကူးကောင်းတယ်လို့ထင်စရာရှိပါတယ်... မမင်းကတော့ အဲ့ဒီအငွေ့တွေကို မသင်္ကာဘူးရယ်... အပြင်ကပါလာမယ့် အခိုးအငွေ့ အညစ်အကြေးတချို့ကို စုပ်ယူဖယ်ရှားပေးနိုင်တဲ့ Chemical တစ်မျိုးလေလား

အပြင်ဘက်မှာ တွေ့ဖူးပြီးသားနော်... အရည်ပျော်နေတဲ့နာရီကြီး
အရည်ပျော်နေတဲ့ ဒီနာရီကြီးတွေကို ဒါလီဟာ အကြောင်းအရာနှစ်ခုကို ဖော်ပြလိုတဲ့စိတ်ကူးနဲ့ ဖန်တီးခဲ့ပါတယ်တဲ့။
ပထမတစ်ခုက အနုပညာဟာ အချိန်အပိုင်းအခြား ခေတ်ကာလတွေက လွန်မြောက်တယ် ဆိုတာကို ပြောချင်ပါတယ်တဲ့။
နောက်တစ်ခုကတော့ အချိန်ကာလဟာ ပုံသေဆိုတဲ့အရာတွေကို အရည်ပျော်စေပါတယ်တဲ့... ဘယ်အရာမှမတည်မြဲဘူး ပုံသေမရှိဘူးလို့လည်း ဒီပုံပျက်ပန်းပျက် နာရီကြီးတွေက ဆိုလိုနေပါသတဲ့။

Guide ပြောပြသလောက်ပေါ့လေ... တကယ်တော့ ဖန်တီးသူဘက်က ဒီထက်မကတဲ့ အဓိပ္ပာယ်တွေလည်း ရှိချင်ရှိနေနိုင်သလို ခံစားသူဘက်ကလည်း ဒီထက်မကတဲ့ အဓိပ္ပာယ်တွေကို မြင်မိချင် မြင်မိနေမှာပေါ့။ ဒါကြောင့်လည်း အနုပညာကိုလူတွေချစ်တာပဲ ဖြစ်မှာပါ။ အနုပညာကို ခံစားဖို့ ခံစားသူတစ်ယောက်အတွက် ဘာအရည်အချင်းကန့်သတ်ချက်မှ ပြဌာန်းထားတာမဟုတ်ပါဘူး။ စိတ်ကူးရှိသလို ခံစား၍ လွတ်လပ်စွာကွဲလွဲခွင့် ရှိတယ်မဟုတ်လား။ ကိုယ့်စိတ်ခံစားချက်ကို ကိုယ်နားလည်ရင် ပြီးစတမ်း။

ဆယ်လ်ဗာဒါ ဒါလီ ကို စပိန်နိုင်ငံ ဘာမြို့မှာမွေးပါတယ် ဘာညာဘာညာတွေပေါ့လေ

ရေးထားတာတွေကိုပဲ ပြန်ပြောပြနေတာပါ၊ တကယ်ဆို guide မပါဘဲ အေးအေးဆေးဆေးသွား ကိုယ့်ဟာကိုယ်ဖတ်တာ ပိုကောင်းသေးတယ်
ပြခန်း၁၀ခုအနက် ပထမဆုံးအခန်းပါ။ "Femininity and Sensuality" လို့အမည်ပေးထားပါတယ်။
အံဆွဲတွေဟာ လျှို့ဝှက်ချက်တွေရဲ့ သင်္ကေတဖြစ်ပြီး ....
ဒီနေရာမှာ ဒါလီရဲ့ သင်္ကေတ တချို့ကိုသိထားရင် ရှေ့ဆက်ကြည့်ဖို့ ပိုအဆင်ပြေနိုင်ပါတယ်
နံရံကြီးတစ်ချက်မှာ အင်္ဂလိပ်လိုရေးထားတာတွေ့ရပါတယ်...

အံဆွဲ= လျှို့ဝှက်ချက်
ပုရွက်ဆိတ်=သေခြင်းတရားနှင့် လိင်စိတ်
ချိုင်းထောက် (ဒေါက်တိုင်)=သေခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်း
နှံကောင်=အကြောက်တရားနှင့် စိုးရိမ်သောက
လိပ်ပြာ=အသက်ဝိညာဉ်
ကြက်ဥ=ဘဝ၊ အချစ် နှင့် မျှော်လင့်ချက်
ခရု=လူ့ဦးခေါင်း
ပုံရိပ်မဲ=တစ္ဆေသရဲ နှင့် တမလွန်လောကသား
                                                                                                                           
ပုဇွန်ထုပ်၊ ကြက်ဥ၊ ပေါင်မုန့် နဲ့ အရည်ပျော်နာရီ တွေဟာ အပြင်ပန်း မာကြောပြီး အတွင်းမှာ နူးညံ့သိမ်မွေ့ခြင်းကို သရုပ်ဖော်လိုတယ်..တဲ့... ကိုင်းကိုင်း ရမ်းသမ်းလျှောက်ရွှီးပြီးတော့ ဆက်ကြည့်လိုက်ရအောင်ပါ... အချိန်ယူပြီး ဖြည်းဖြည်းသွားပါ.. စိတ်ဝင်စားတဲ့နေရာမှာ အကြာကြီးရပ်ကြည့်ပါ၊ စိတ်မဝင်စားရင်တော့ ပျင်းမှာအသေအချာပါ..


ပန်းချီကားတွေအတော်များများကို တစ်ကားခြင်းအနီးကပ်ရိုက်ဖြစ်ပေမယ့် မြန်မာမျက်စိနဲ့ဆို.. ဆင်ဆာမလွတ်ဘူး။ ဒါကြောင့်....ဝလကလပေါ့၊ ဝေးလေကောင်းလေ။

ဒီ Sculpture က မိန်းမရဲ့ခေါင်းက ဆံပင်တွေမဟုတ်ဘဲ ပန်းပွင့်တွေအကောင်တွေဆိုလား၊ guide ဘာတွေပြောသွားမှန်းလည်း မသိလိုက်ပါဘူး။ လုပ်ဖော်ကိုင်ဘက်တစ်ယောက်ကတော့... ဒီလိုပြောပါတယ်.. "မိန်းမတွေဒီလိုချွတ်လိုက်ရင်.. ယောက်င်္ကျားတွေဒီလိုဒူးထောက်သွားကြတယ်" လို့ပြောနေတာတဲ့လေ.. :P




Art of Love တဲ့နော် နောက်တစ်ခန်းကို ရောက်လာပြန်ပြီ

guide ကမေးတယ် ဒါယောင်္ကျားလား၊ မိန်းမလားတဲ့.. guideအပါအဝင် အတော်များများက ဒါယောင်္ကျားလို့ယူဆတယ်တဲ့
အင်း... ယောင်္ကျားတော့ဟုတ်ပါတယ် ဘာမှားနေသလဲမသိဘူး

တစ်ယောက်ကတော့ ကပ်ပြီးတိုးတိုးလေးပြောတယ် နှစ်ယောက်ထပ်နေတာ မဖြစ်နိုင်ဘူးလားတဲ့၊ အဲ...ဟုတ်တယ်ဟုတ်တယ်...







အာဒမ် နဲ့ ဧဝ
အဟမ်း အဟမ်း ဟန်းဆက်လေးနဲ့မသိမသာရိုက်လာခဲ့တာ
၂၁ရာစု အာဒမ်နဲ့ဧဝလေ.. ဒါလီမြင်ရင် ငိုချင်သွားမယ် :P

ဒါက နောက်တစ်ခန်း

စာအုပ်ကြီးပါ Sigmund Freud ရေးတဲ့ moses and monotheism ဆိုတဲ့ ကမ္ဘာကျော်စာအုပ်ကို ဒါလီက Moses ပုံနဲ့စာအုပ်ဒီဇိုင်းဖန်တီးပေးထားတာပါ။ ဒါ မူရင်းပစ္စည်းပါ။ တော်တော်ကြီးတဲ့စာအုပ်ကြီးပါပေ။

Lady Godiva with butterflies

လိပ်ပြာတွေဟာ အသက်ဝိညဉ်ကိုကိုယ်စားပြုပါသတဲ့.. မေ့မသွားနဲ့နော်။ ဒီနတ်သမီးကလည်း ပုံပြင်နဲ့ပဲ လျှောက်ပြောနေ..ရှည်တော့မယ် နားထောင်လို့လည်းမကောင်း။




ပေါက်ထွက်သွားတဲ့ တံတိုင်းကြီးရယ်... အဲ... ကျန်တာတွေရယ်.. ကိုယ်ကြိုက်သလိုသာ ခံစားကြည့်ကြ၊ ခံယူကြပေရော့



လူမှန်ရင် ဓာတ်ကောင်းဓာတ်ညံ့ ဒွေးရောယှက်တင်ဆိုတဲ့ စကားကိုပုံဖော်ထားတာပါ။ လူတစ်ယောက်ဟာရွှေရုပ်တုလို perfect မဖြစ်နိုင်သလို....




နောက်တစ်ခန်းရောက်ပြန်ပြီ.. The Bible တဲ့...








 Romeo and Juliet (1975) ဆိုပြီး ပန်ချီကားတချို့လည်း ရှိပါရဲ့







 နောက်တစ်ခန်းရောက်ပြန်ပါပြီ Angles လို့အမည်ပေးထားတဲ့ ပြခန်းပါ။ အဝမှာဒီလိုရေးထားတယ်...
Angles are a lyrical expression of Dali's world of dreams and fantasy. From the end of the 1940s, when the artist began weaving strong religious themes into his artworks, angles appeared frequently in his work.

ခရုဆိုတာ လူရဲ့ခေါင်း
(လူ့အသိညဏ်) ကိုဆိုလိုတာနော်။ မမင်းကတော့ ဒီ လက်ရာကိုကြိုက်တယ်.. ခရုကအကြီးကြီး နတ်ကသေးသေးလေး ဟေးဟေး။ ဒီနတ်သား အလုပ်ရှင်နတ်သူဌေးခေါ်လို့သွားနေတာဖြစ်မယ်.. ခရုတွေဘာတွေတောင် စီးလို့...

Trumpet Angle ဆိုလားလေ

Vision of the angle (1977)
 cassandra's loves (1968) မှာ ခဲခြစ်ပန်းချီကားတွေ အများကြီး ပြထားပါတယ်၊ မမင်းကတော့ ကားတိုင်းကို စိတ်ဝင်စားပါတယ်..  ဟီး... စိတ်ဝင်စားမယ်ဆိုလည်း ဝင်စားလောက်ပါပေရဲ့၊ ပုံတိုင်းကနှစ်ယောက်တွဲတွေချည်းပဲ...ကိုင်း... သုံးပုံလောက် မြည်းကြည့်ပါနော်...



ဒီနေရာမှာတော့ တောင်ခြစ်မြောက်ခြစ် ခြစ်တတ်တဲ့ မခြစ်ကြီး အဲ မချစ်ကြည်အေးကို မှတ်မှတ်ယယသတိရမိသေးတော့တယ်။ သွားလည်လိုက်ပါ မကြီးရေ၊ ဇွန်မိုးစက်လိုက်မယ်ပြောတယ်... မကြီးသွားပြီးရင် ပို့စ်တစ်ပုဒ်ရေးပါနော် တကယ်ဖတ်ချင်လို့ပါ... မချစ်ကြည်အေး နဲ့ မဇွန်ကို တဂ်လိုက်ပါတယ် (အကြွေးသီးခံပါ) :P


ဒါလီဟာ Furniture Design တွေလည်း လုပ်ခဲ့ပါသေးသတဲ့.. အံ့ရော

ဒါ ကြာပွင့်ကြီးရဲ့ အမြင့်ဆုံး ပွင့်ချပ်ကြီးလို့ ထင်တာပဲ ဒါလီရဲ့လက်ရာတချို့ကို နံရံမှာမူလီနဲ့စုပ်ပြီးပြထားတယ်။ ဒီပြခန်းကတော့ dreams & fantasy လို့အမည်ရပါတယ်...


surrealistic furniture လို့ နာမည်တပ်ထားပါပေရဲ့

ဒါလီရဲ့ ကမ္ဘာကျော် နှုတ်ခမ်းပုံဆိုဖာထိုင်ခုံရှည်

ဒါတော့မကြိုက်ဘူး ထိုင်ကောင်းမယ့်ပုံမပေါ်ဘူးလို




ဒီ ပန်ချီကားကြီးကိုလည်း တစ်ခမ်းတနားပြထားပါပေရဲ့ မမင်းတော့ မခံစားတတ်ဘူး ပုဇွန်သုပ်မစားရရင်နေပါစေ အမေနဲ့ဖုန်းမပြောဘဲတော့ မနေနိုင်ဘူးရယ်...


သူ့ဓာတ်ပုံတွေလည်း နံရံတစ်ခြမ်းအပြည့်အများကြီးပြထားတယ်...


ဒါလီနဲ့ ချစ်ဇနီး ဂါလာ
လေဒီဂါဂါဆိုတဲ့သူငယ်မက ဒါလီ့မြေးများလား???
ဒါလီက ရွှေထည်နဲ့ကျောက်မျက်ရတနာတွေလည်း ဒီဇိုင်းလုပ်ပါသတဲ့ တော်တော်စုံတဲလူပေပဲ သူ့ပစ္စည်းတွေလေးငါးခုပြထားပေမယ့် ဒီတစ်ခုနဲ့ပဲကျေနပ်ပေးပါ

နံပါတ်၉ အခန်းထဲမှာပါ.. ဟိုဘက်မှာ နောက်ဆုံးပြခန်းကို မြင်နေရပါပြီ၊ Mind of a Genus ကအားလုံးဆယ်ခန်းပဲ ရှိတာပါ။






သေချာကြည့်နော် ပန်းချီပေါ် ပန်းချီထပ်ကပ်ပြီး ဘာတွေလုပ်ထားမှန်းမသိဘူး။ ကောင်မလေးကတော့ချစ်ဆြာလေး ဟီး




death mask of napoleon (1970-bronze)

ဒါမျိုးတွေလည်း သူတတ်တယ်

the hyperrationnal desire (1984) created for Crystal Daum (blue-purple glass paste and golden bronze)



အဲ့ဒီကလန်ကလားနဲ့ ဆင်ကောင်ဟာ အမြဲမှောင်နေတယ် လူရောက်မှ သူ့ရှေ့ကမီးခလုပ်တွေကို စိတ်ကြိုက်အရောင် စိတ်ကြိုက်အလင်းအမှိန်လုပ်ပြီး ကြည့်ရတယ်... ကြံကြံဖန်ဖန် ရန်ကုန်သူ...







အဟမ်းအဟမ်း ဒါလီရဲ့ ပုံပြောင်းနာရီ အိုင်ဒီယာက ဒီ မှန်ဘူလီး ကရတာကိုးလို့



ကိုယ်တိုင်ဝင်ဆွဲ.. ကိုယ်ဆွဲတဲ့ပုံလေးတွေကို သော့ချိတ်လေးတွေလုပ်ပြီး အမှတ်တရယူသွားနိုင်သည်




Mind of a Genius ရဲ့အထွက်မှာ အမှတ်တရပစ္စည်းအရောင်းဆိုင် ရှိပါတယ်
 ဟုတ်ကဲ့ ဒါလီနဲ့တင်အကြာကြီးကြာသွားပါတယ်။ တူတူလာတဲ့သူတွေလည်း ပြန်ကုန်ကြပါပြီ... အထဲမှာ Coffee ဆိုင်တစ်ဆိုင်ကလွဲလို့ဘာမှ မရှိပါဘူး။  ထွက်သွားပြီး ပြန်ဝင်လို့လည်းမရပါဘူး။ အထဲကိုအစားအသောက်လည်း ခွင့်မပြုဘူးလို့ပြောပါတယ်။ အကြာကြီးနေချငတာဆိုရင်တော့ မနက်စာကို အသကုန်ဝပြဲနေအောင်စားသွားပါမှ...

ကိုင်းကိုင်း ခြေညောင်း၊ ဗိုက်ဆာနေပေမယ့် Van Gogh Alive ဆိုတဲ့ Exhibition Hall ဘက်ဆက်ရအောင် စိတ်အားကတော့ တက်ကြွနေတုန်းပါ....