28 February 2014
ရေမြင်လျင်… (၂)
ဒီလိုနဲ့ တတိယတန်းရောက်တော့ မမင်းတစ်ယောက် ရေသရဲ ဖြစ်လာသလို၊ အသက်၂နှစ်ခန့်သာ ကွာပြီး မမင်းထက် တစ်တန်းကြီးသော လေးတန်းကျောင်းသူ မမင်း၏အဒေါ် အငယ်ဆုံး မထက်က ရေဘီလူးလောက် ဖြစ်လေတော့၏။ မိုးဖြိုင်ဖြိုင်ရွာ၍ ရေနီများဆင်းပြီး ရေတက်လျင် မြစ်ပြင်ကြီးကား တမျော်တခေါ် အကျယ်ကြီးဖြစ်သွားကာ မမင်းတို့ မြစ်ထဲ ဆင်းခွင့်မရှိ။ ရေတွင်းမှာ ရေချိုးရတာလောက် ဖီလင်ငုပ်တာ မမင်းဘ၀မှာ ဘာမှမရှိပြီ။
တစ်ရက် ကျောင်းကအပြန် တူအရီးနှစ်ကောင် ဘာစိတ်ကူးပေါက်သည် မမှတ်မိ၊ ထိုမြစ်ပြင်ကျယ်ကြီး ကိုလက်ပစ် ကူးကြလေ၏။ နွေရာသီ ရေနည်းချိန်မှာပင် ထိုမြစ်ကြီးကို ဟိုဘက်ကမ်း ရောက်အောင်ကူးပြီး တံငါတဲတွေ၊ ကိုင်းစောင့်တဲတွေသို့ သွားလည်တာ သည်ပင် အလွန်ကြီးလေးသော ပြစ်မှု ဖြစ်၏။ သို့သော်.. မမင်းတို့အတွက်ကား မဆန်းလှပြီ။ ရေကူးသွားပြီး ဗိုက်ဆာဆာနှင့် ဟိုဘက်ကမ်းက လူတွေကျွေးသမျှ ကန်စွန်းဥပြုတ်ပင် ဖြစ်စေ စားကောင်းလှချေ၏။
ခုလို ရေတက်ချိန်မှာ ဟိုဘက်ကမ်း သောင်ပြင်လည်း ရေမြုပ်လို့ ကုန်းမြေခပ် သေးသေးသာကျန်၏၊ တဲတွေလည်း ရွာနီးချုံးစပ် အသီးသီးသို့ ပြန်ရောက်ကုန်ပြီ၊ မြစ်ထဲတွင် သွားလာနေသော လှေတစ်စီးတလေမှ တောင်ရှိမနေ။ မမင်းတို့ တူအရီးကို ဆွဲဆောင်နေခဲ့သော အရာကား လှိုင်းလုံးကြီးတွေ တဝေါဝေါနှင့် နီကျင်ကျင် မြစ်ပြင်ကျယ် ကြီးသာဖြစ်ပေမည်။ လေထန်ထန်မှာ မိုးကစပ်စပ်ရွာ နေပေသေးသည်။
“အန်ထက်.. ဒီလိုချိန် မြစ်ထဲကို မိချောင်း တွေလမ်းမှားပြီး လာတတ်ဆို”…
“ကြံကြံဖန်ဖန်ဟာ.. မိချောင်းဆိုတာ ရေထဲမှာ ဘယ်တော့မှ လမ်းမမှားဘူး၊ ငတို့နဲ့ ပင်လယ်ဝ အဝေးကြီးပါဟ၊ ငါက နင် လမ်းမှာ ကြွက်တက်မှာပဲ ပူတယ်” (ဒီအဒေါ်ဟာလေ မိကျောင်းထက်များ ကြွက်ကို ပိုကြောက်နေသေးတော့…)
“ဒါတော့ ပူနဲ့၊ နင်ကကျောင်းထမီ ရင်လျှားပြီးကူး။ ငါကြွက်တက်ရင် လေတွေယက်သွင်း ပူပေါင်းကြီးလုပ်၊ နင်ကကူး၊ ငါကခိုလိုက်မယ်”
“ကူးအားမရှိ မျောမှာပေါ့ဟ”
“ မျောပေါ့ဟ.. လှေမျောတာတောင်၊ ဓနုဖြူမယ် ပြန်တွေ့သေးတာ။ ငတို့ မျောလှ ဓနုဖြူ... လွန်ရော ကျွံရော ညောင်တုန်းပေါ့။ ဘာဖြစ်သေး… နှစ်မြို့လုံး ကိုယ့်မြို့ချည်းပဲဟာ..”
မြစ်ဆီအသွား ကိုင်းဘေးလမ်းမှာ မမင်းတို့ တူအရီးပြောသွားသော သေမင်းအူသံ dialogues များဖြစ်ချေ၏။
မြစ်လယ်ရောက်ဖို့ အတော်ကြီးကြာအောင် ကူးကြရ၏၊ ရေစီးနှင့် လှိုင်းကြီးတွေကြား နှစ်ယောက် မကွဲသွားအောင် အတော် ကြိုးစားနေရသည်။ စကားတစ်ခွန်းမှကို မပြောနိုင်ကြ။ မမင်းတို့ရွာ၏ Landmark တွေထဲမှာ မမင်းတို့ အိမ်ခေါင်းရင်းက အုန်းပင်ကြီးသည် အရှည်ဆုံး အပင်အဖြစ် ပါဝင်လေသည်။ တစ်နာရီခန့်ပင် ကြာသွား၏၊ ဟိုဘက်ကမ်းလည်း မရောက်နိုင်၊ မှားများသွားပလားဟု ခပ်ရေးရေးတွေးရင်း ရွာဘက်ပြန်လှည့်ကြည့်ရာ ထို landmark ကြီး၏ ထိပ်ဖျားကို ပြပြလေးသာ မြင်ရတော့၏။
အတော်ကြီး ဝေးတယ်ဟနော်.. နှုတ်ခမ်းတွေပြာလျက် အဒေါ်ကအနားကပ်ပြီး အော်ပြောသည်။
ရွာကမ်းက သောင်ကမ်းထက် ပိုဝေးသွားပြီ၊ ရှေ့ပဲဆက်ကူးမယ်ဟု မမင်းကပြန်ဖြေသည်။ အတော်လေး ချမ်းနေပြီကို အသံတုန်တုန်က သက်သေခံလေသည်။
ဟုတ်ရဲ့လား၊ ငါ့စိတ်ထင် ခုမှ ရေလည်ခေါင်၊ ဟမ်.. ဖေဖေ လှေနဲ့လိုက်လာပြီ၊ သွားပြီ ဆူခံရတော့မယ်၊ အဒေါ်က ခုမှ တကယ်စိတ်ပူသော အသံဖြင့် ညည်းရှာ၏။
ငါတို့ ပြေးရင် လွတ်နိုင်လား ဟု အဖော်စပ်သေးသည်။
ရွာပေါ်ဆိုရင်တော့ လွတ်တာပေါ့၊ မြစ်ထဲတော့ လှေနဲ့ လူနဲ့ ဘယ်လွတ်မှာတုန်းဟု မမင်းက ကြံရာမရဖြေသည်။
၁၅မီးနစ်ခန့်ကြာမှ ဘဘလှေက မမင်းတို့နား နီးလာသည်။ ကလေးတွေ တက်ကြတက်ကြ။ ဒါကလွဲပြီး ရွာကမ်းရောက်သည်ထိ ဘဘ ဘာဆိုဘာမှမပြောနိုင်၊ လှေကိုသာ အတော်ကြီးထိန်း၍ လှော်နေရသည်။ (သူလည်း စိတ်ပူရှာလွန်း၍သာ အသက်စွန့်ပြီး လိုက်လာကြောင်း မမင်း အရွယ်ရောက်မှ သဘောပေါက်သည်။ မမင်းတို့ ဘဘက ထိုရွာသား ကိုင်းသမားမှ မဟုတ်ပေပဲ။ ညောင်တုန်းမြို့က နာမည်ကြီး ရှေ့နေကြီး တစ်ဦးရဲ့သား၊ ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားက တောခိုကာ အလံနီ ကွန်မြူနစ်ဗိုလ်ဖြစ်လာသည်၊ နောက်ပိုင်း သားဖွားဆရာမတောင် မရှိသော ရွာလေးမှာ ၀ါသနာအရ အင်္ဂလိပ်ဆေး စာအုပ်များဖြင့် ဆက်လက်လေ့လာကာ ဆေးကုသည်၊ တစ်နယ်လုံး၏ အားကိုးရာဖြစ်ခဲ့သည်။ )
ရွာကမ်းသို့ အောင်မြင်စွာ လှေကပ်ပြီးတော့ မမင်းတို့လှေပေါ်က အဆင်းကို ပုဏ္ဏရိတ်ကိုင်း ခပ်သေးသေးကိုင်ပြီး ရပ်ကြည့်နေသည်။ မမင်းက လှေဦးကနေ ဖတ်ဆိုခုန်ဆင်းပြီး ပြေး၏၊ ခြေသလုံးကို တစ်ချက်သာ ထိလိုက်သည်။ တစ်သက်လုံးမှာ အဖိုးထံမှ ရဖူးသော တစ်ချက်တည်းသော အပြစ်ဒဏ် ဖြစ်သည်။ အဲ့ဒီတုန်းက ၆ချက်လောက်တော့ အရိုက်ခံလိုက် သင့်တယ်ဟု ပြန်သတိရတိုင်း မမင်းတွေးသည်။ အဖိုးက မမင်းကို တစ်ခါမှကို ဆူတောင်မှ မဆူခဲ့ဖူးပါပေ။
မမင်း YTU ဒုတိယနှစ်မှာ အဖိုးဆုံးသည်။ တစ်နယ်လုံးမှာ ဘုန်းကြီးပျံပြီးလျင် အစည်ကားဆုံး အသုဘအဖြစ် ပြောစမှတ်ပြု ကြလေ၏။ အဖေကို အမေထက် အချစ်ပိုသော အဖိုး၏ သမီးငါးယောက်လုံး လုံးဝကို မငိုကြ။ အဖိုးက မှာထားရစ်သည်.. ငိုတာသူမကြိုက်ပါ။ အလောင်းကို ဂူထဲသို့သွင်းပြီး အိမ်ပြန်ခါနီးမှာ အဖိုးဂူကို နဖူးနှင့်တိုက်ကာ ကန်တော့စဉ်... လှေတစ်စီးနှင့် ရေနီကြီးကို မမင်းမျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ရလေ၏။ ဘဘ သမီးတွေက ဘဘကို ပြုစုလိုက်ရတယ်လေ၊ သူတို့မငိုပေမယ့် သမီးကတော့ ငိုပါရစေ…
ဘဘက ဂူထဲကနေ ဘာမှပြန်မပြောပါ၊ ရေနစ်လည်းမငို၊ စာမရလို့ အဖေရိုက်လည်း မငို၊ ချော်လဲ၊ စက်ဘီးလဲ ဒူးပြဲနဖူးကွဲလောက် မဆိုနှင့်၊ ဆိုင်ကယ်နဲ့ ချောက်ထဲဆင်း ဂျွမ်းဆယ်ပြန်လောက်လိမ့်လည်း မငို၊ ဆေးတက္ကသိုလ် ၀င်ခွင့်ကို တစ်မှတ်အလိုနှင့် ကျန်ခဲ့တယ် ဆိုတုန်းကလည်း မငို၊ အဲ့သလို.. မငိုတတ်သော မမင်းက ဘဘဂူပေါ် မျက်နှာအပ်လျက် ခေါင်းပြန်မထူလာနိုင်ချေ။ သမီးက တရားတွေ သိပြီးသား၊ ရှိပြီးသားလေ၊ မေမေတို့ အားလုံးကို တရားပြမယ့် သူလေဟူသော မေမေ့အသံ တတွတ်တွတ်ကို လျစ်လျူပြုလျက်.. လူတွေအများကြီးကြား မရှက်မကြောက် တအိအိ ငိုသည်ဟူသတတ်။ ။
27 February 2014
ရေ... မြင်လျင်
YTU သူငယ်ချင်း တစ်ယောက်က မြစ်ကူးချောင်းကူး ခရီးတစ်ခု အတူသွားဖြစ်တုန်းက ပျော်ရွှင် တက်ကြွစွာ ပြောဖူးသည်…
“ရေမြင်ရင် အဖေမြင်သလို ပျော်တယ်”
မမင်းကတော့ ကျယ်ကျယ်ပြောပြော ရေပြင်ကျယ်ကြီးကို အေးအေးဆေးဆေး အချိန်ရခိုက်မှာ မြင်လျင် အဖြစ်အပျက် သုံးလေးငါးခုကို ဆက်တိုက် သတိရလေ့ရှိ၏။
ပထမဆုံး တစ်ခုက မမင်းအသက် ခြောက်နှစ်သမီး အရွယ်က ဖြစ်ခဲ့သည်။ ပထမတန်း နှစ်ကုန်ပိုင်းမှာ အမေဘက်က အဖွားတွေ နေသော တောရွာ ကလေးသို့ ကျောင်းပြောင်း ရသည်။ ထို ရွာကလေးတွင် တတိယတန်း အောင်သည် အထိ နေထိုင်ခဲ့ ရလေသည်။ လှေလှော်သည်။ လှည်းမောင်းသည်။ ကောက်သင်း ကောက်သည်။ ဧရာဝတီမြစ်နှင့် မမင်းတို့ အိမ်ကြားတွင် မမင်းတို့ ဘိုးဘွားပိုင် ကိုင်းမြေရှိသည်။ ၀ါဆိုဝါခေါင်မှာ မြစ်ရေက ရွာပေါ်ထိရောက်သည်။ အိမ်တိုင်းမှာ လှေရှိသည်။ မိုးနှောင်းပိုင်း မြစ်ရေပြန်ဆင်းသွားလျင် မြေသြဇာပြည့်ဝသော နှုန်းမြေနုများ ဖုံးလွှမ်းပြည့်နှက် နေသည်။ စိုက်ချင်ရာ စိုက်ပေရော့။ ရာသီချိန် ဆိုလျင်တော့ ထိုနေရာသည် နေကြာခင်း၊ ပဲခင်း၊ ဖရဲခင်း၊ ငရုတ်ခင်း၊ ကြက်သွန်ခင်း ဖြစ်လေသည်။ ကိုင်းသိမ်းချိန်မတော့ မှုန်ပြန့်နေအောင် နယ်ထားသော တလင်းပြင် ဖြစ်သွားပြီး မမင်းတို့ ကလေးတစ်သိုက်၏ လသာည Amusement Center ကြီးဖြစ်ချေ၏။
လရောင်အောက်မှာ တလက်လက် တောက်ပနေသော မြစ်မင်းဧရာနှင့် ပြောင်လက်ခြောက်သွေ့ ချောမွတ်နေသော မြေကွင်းပြင်ကြီးနှင့် ကောက်ရိုးပုံမို့မို့၊ ပဲမှော်ပုံ ပြန့်ပြန့်ကြီးများ၊ လက်တစ်ကမ်းရှိ မြစ်ဆိပ်က အချိန်မရွေး တက်လှော်နိုင်သော လှေကလေးတွေကို ကမ္ဘာကျော် Disneyland ပင် ယှဉ်နိုင်အံ့မထင်။ ကစား၍မောလျင် ဖရဲသီး၊ သရက်သီး၊ ဇီးသီး လတ်လတ်ဆတ်ဆတ်၊ ချက်ချင်းခူး၊ 100%Organic အထူးအရသာရှိသော သွားရေစာများ အလွယ်တကူ အလကားရသည်လေ။ ဆိုလိုသည်ကား ရွာကလေးနှင့် မမင်းနှင့် တစ်သားတည်းမှ တစ်သားတည်း။
အဲ့သလို တသားတည်းဖြစ်ဖို့ တချို့ကိစ္စတွေလို အလွယ်တကူ မသိမသာ ဖြစ်ခဲ့တာတော့ မဟုတ်။ ရွာမှာမူလတန်း ကျောင်းကလေးသာရှိ၏။ ကျောင်းအသစ်တွင် ကျောင်းစတက် သည့်နေ့က အိရှန်ဂါဝန် ပန်းရောင်၊ ဒေါက်ဖိနပ် အနီရဲနှင့် အပြတ်စား ပဲများသော မြို့သူမ မမင်းပေါက်စကို တစ်ကျောင်းလုံးက ကျောင်းသူ၊ ကျောင်းသားများက ဂြိုဟ်သား မြင်သလို ၀ိုင်းကြည့်တာ ခံရလေသည်။ တောင်ပိုင်းက မောင်ဝိုင်း ဆိုသူကား အတန်းအားတိုင်း မမင်းနား လာလာထိုင်တာ ဆရာမ ရိုက်ထုတ်ရသည် အထိ။ (သာမီးကတော့ ရွာမှာဆို စူပါစတားပဲ) :P
မမင်းတို့ အိမ်ခေါင်းရင်း ခြံဝန်းထဲတွင် အုတ်ဘောင် အထူကြီးနှင့် သံမံတလင်း ကျယ်ကျယ် ခင်းထားသော ရေတွင်းကြီး တစ်လုံးရှိ၏။ သို့သော် မမင်း ကျောင်းပြောင်းပြီး နောက်မှာတော့ အဒေါ်တွေ သူငယ်ချင်းတွေနှင့်အတူ တခြားကလေးများနည်းတူ မြစ်ဆိပ်တွင် နေ့စဉ်ရေချိုးခွင့် ရပါသည်။
မြစ်ထဲစဆင်း တဲ့နေ့ကို မမေ့။ ခြေမျက်စိမြုပ်ရုံရှိသေး အိမ်ပြန်ပြေးချင်စိတ် ပေါက်လာသည်။ သူများတွေ လှောင်ကြ၊ ရယ်ကြတာ ခံရမှာကို ပိုကြောက်မိ သောကြောင့်သာ အားတင်းပြီး ရေထဲ ဆက်ဆင်းရသည်။ ရေက မအေးပါဘဲ ဒူးတွေ တုန်နေခဲ့သည်။ ထိုနေ့က ပေါင်လည်လောက် ရေအနက် နေရာကလေးမှာ ထိုင်ချိုးခဲ့တာ ပြန်သတိရ သော်လည်း၊ ဘယ်အချိန်မှာ ဘယ်လို ရေကူးတတ်သွား သည်ကိုတော့ မမှတ်မိ။ ဒီလိုနဲ့ ရေမကူးတတ်ခင်ကလည်း နေ့စဉ်မြစ်ထဲမှာ ရေချိုးခဲ့ရာ.. တစ်ရက်မှာ မမင်းရေနစ်လေ၏။
အမှန်တော့ မမင်းက ရေမကူးတတ်ဘဲ ရေနက်ထဲ မသွားတာတော့ သေချာသည်။ သို့သော် ရန်ကုန်က လာလည်သော အစ်မ တစ်ဝမ်းကွဲလိုမျိုး ခြေသလုံးလောက် ရေအနက်မှာ မှောက်ရက်လဲပြီး ရေတိမ်နစ်ခြင်း မျိုးလည်း မဟုတ်ပါလေ။ အဲ့ဒီနေ့က ထုံးစံအတိုင်း ရင်ချိုင့်နားလောက် အနက်ရှိရာမှာ ရေချိုးသည်။ မနာလိုစရာ ကောင်းလောက်အောင် သောင်းကျန်းသော သူငယ်ချင်းများက ခပ်လှမ်းလှမ်းမှာ။ ရေမကူးတတ်သေးသော မမင်းက သူတို့ကို အကပ်မခံ။ ကမ်းစပ်နား အတော်နီးနီး သဲခုံအစပ်မှာ ရွာသားတစ်စုနှင့် မမင်းအဖေက ခြင်းလုံးခတ် ကစားလျက်ရှိ၏၊ အကြောင်းရှိက အလွယ်ပင် အော်ခေါ်နိုင်သည့် အနေအထားမို့ Safety အပြည့်ဟု မမင်းယုံကြည်ခဲ့သည်။ ဧရာမြစ်ရေကား နွေနှင့် ဆောင်း တစ်ချို့လတွေကလွဲရင် ရေနောက်သည်၊ မြစ်ကြမ်းပြင်ကို မမြင်ရတတ်။ ဟိုယက်ဒီခတ်နှင့် တတ်သ၍မှတ်သ၍ ဆော့နေတုန်း ရုတ်တရက် မြစ်ကြမ်းနှင့်ခြေထောက် လွတ်ထွက်သွားပြီး ခေါင်းအထိစွပ်ခနဲ မြုပ်သွားသည်။ ၀ူး၊ ဖလူး.. ရေအောက်မှာ တစ်ယောက်တည်း ဗြောင်းဆန်၊ ရုန်းရင်းဆန်ခတ် တွေဖြစ်လျက်၊ အာဖရီကန် လူရိုင်းအက ကနေတော့သည်။
အဲ့ဒီတုန်းက ရွာဆိပ်ကမ်းမှာ အညာဆန် သင်္ဘောကြီးတွေ၊ ရန်ကုန်သို့သွားသော သင်္ဘောကြီးတွေ ဆိုက်ကပ်ရပ်နားလေ့ရှိသည်။ ဘောတံတား၊ ဆိပ်ခံ ဟူ၍ ဘာမှမရှိ၊ ကမ်းစပ်ရေတိမ်ပိုင်းမှာ ဒီလိုပဲကပ် ရပ်သည်။ သစ်သားလှေကားရှည်ကြီး ကမ်းပေါ်လှမ်း ထောက်ပြီး အိပက်အိပက်နှင့် တက်ကြဆင်းကြ။ ပြီး တဘူးဘူးနှင့်မှုတ်ပြီး ပြန်ထွက်ခွာသွားသည်။ မည်သို့မည်ပုံ မည်သည့်အရာဖြင့် မှုတ်သည်တော့မသိ မြစ်ကြမ်းပြင်ရေတိမ်ပိုင်းမှာ ကျင်းချိုင့်ကြီးဖြစ် ကျန်ရစ်သည်။ လူကြီးတွေ အတွက်တော့ အရပ်မှီလေမလား မသိ။ ခြောက်နှစ်သမီး မမင်း အတွက်ကတော့ သေတွင်းသာဖြစ်သည်။ မမင်းတို့အိမ်က လူကြီးတွေကမှာလေ့ရှိသည်မှာ သင်္ဘောအမြဲကပ်ရာ ကမ်းဆိပ်တွင် သင်္ဘောမှုတ်သွားသော ကျင်းတွေရှိတတ်၍ အဖော် ဘယ်လောက် ကောင်းကောင်း ရေသွားမဆော့ရန် ဖြစ်သည်။ မမင်းတို့ကလည်း ကိုယ့်အိမ်နောက်ဖေး၊ ကိုယ့်ကိုင်းဘေးက ရေဆိပ်ကိုသာ တစ်ရွာလုံးမှာ အသာယာဆုံး မှတ်ထင်သူဖြစ်၏။ အမှန်တော့ မမင်းပြုတ်ကျသော ကျင်းကား လွန်ခဲ့သောနှစ်ရက်က လှသီတာအောင် သင်္ဘောကြီး ရပ်နေကျနေရာမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ ဆိုက်ကပ်ရပ်နားခဲ့ရာက ဖြစ်ပေါ်နေသောကျင်းပါပေ။
Under Water လူရိုင်းအကကား ခြေကားယား လက်ကားယား နိုင်ပြီး မြန်မာအကလိုမျိုး ခြေထိုးခါးချိုး၊ လက်ခေါက်၊ မေးဆတ်လုပ်စရာ မလိုသော်လည်းပဲ သက်တော့ မသက်သာလှပါ။ နှာခေါင်းနှင့် ပါးစပ်တွင်းသို့ အလုံးအရင်းနှင့် ရေတွေဝင်လာသည်။ သေအံဆဲဆဲမှာ ရုန်းကန်သောအရှိန်ကြောင့် မမင်းခမျာ ရေပ်ါပြန်ပေါ်လာသည်။ ဖေဖေခြင်းခပ်နေတာကို လှမ်းမြင်ရသည်။ မမင်း ရေနစ်နေတာကို ဘယ်သူမှ သတိမထားမိ။ ပြန်မြှုပ်သွားသည်။ ယက်ကန်ယက်ကန် လုပ်သည်။ ဒုတိယအကြိမ် ပြန်ပေါ်လာသည်။ ဖေဖေရေ……. မျက်လုံးပြူးပြီး အကျယ်ကြီး အော်လိုက်သည်၊ ပါးစပ်ကနေ ရေ၀ါနောက်နောက် တွေကလွဲလို့ ဘာသံမှမထွက်လာနိုင်။ စွပ်ခနဲမြုပ်ပြန်၏။ လက်ချောင်းကလေးများ အားလုံးကို အစွမ်းကုန် ထောင်ထားသော လက်ကလေး တစ်ဘက်က နောက်ဆုံးမှ မြုပ်လေသည်။ ဒီလိုနဲ့ နောက် နှစ်ချီလား၊ သုံးချီလား ပေါ်လိုက်၊ ပါးစပ်ကြီးဟ၍ မျက်လုံးကြီးပြူးပြလိုက်၊ လက်ကလေးထောင်လိုက်၊ ပြန်မြုပ်လိုက်။
ကလေး တစ်ယောက်၏ ခေါင်းသေးသေး ကလေးတွင် ငါအစွမ်းကုန် ကူးနေမှ ပြန်ပေါ်နိုင်မည်၊ ပေါ်တာကို ငါ့အဖေမြင်မှ ငါ့ကိုလာခေါ်မည် ဆိုတာကိုတော့ ရိပ်မိနေခဲ့သည်။ မမင်း အားရှိနေသေး သ၍ အသကုန်ကူးသည်။ နောက်ဆုံးတော့ ခြေထောက် သေးသေးလေး တစ်ဘက်က ကျင်းနှုတ်ခမ်း မြေသားကို ထောက်မိသည်။ မရမက ကုပ်ကပ်ကာ မတ်တပ်ရပ်ဖို့ကြိုးစား အားထုတ်လိုက်ရ၏။ ကမ်းစပ်မှာ ကွေးကွေးကလေး အရုပ်ကျိုးပြတ် ထိုင်မိတော့ ရေတွေ အန်ထွက်လာသည်။ အသက်ရှူလမ်းကြောင်း တစ်လျှောက်လုံးလည်း နာကျင်အောင့်အဉ်း စပ်ဖျင်းဖျင်းနေလေသည်။ အဲဒီနေ့က မမင်း ဘာမဆိုင်၊ ညာမဆိုင် ဖေဖေ့ကို စကားမပြောချင် လောက်အောင် စိတ်ဆိုးနေခဲ့သည်။ ဘယ်သူနဲ့မှ မတွေ့ဖြစ်အောင် ရှောင်နေခဲ့မိသည်။ ဖေဖေကတော့ ခုထိလုံးဝကို မသိရှာ။ ဘယ်သူမှလည်း မသိလိုက်။ အဲ့ဒီနေ့ကစပြီး မမင်း ရေကူးတတ် သွားတာ ဖြစ်ဖို့များလေသည်။ ။
ဆက်ရန်

10 February 2014
အမေ့ဆီ ရေးတဲ့စာ
အမေ…
ဒီတစ်ခေါက်
သမီးပြန်တော့.. အမေနဲ့သမီးပြောဖြစ်တာတွေရှိတယ်နော်… ဘင်္ဂါလီနဲ့ ကုလားပြဿသနာ ဆရာတော်တွေရဲ့
မျိုးစောင့်ဥပဒေ၊ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အာဏာရရင် သာသနာကြီးညှိုးမှိန်ပြီး
နောက်ဆုံး ကုလားပြည်ကြီး ဖြစ်သွားမှာစိုးလို့ ဒီမိုကရေစီတောင် မလိုချင်တော့ဘူးဆိုလား..
အမေပြောခဲ့တာ…
အခြေအတင်ပြောဖြစ်ကြတယ်ဆို
ပိုမှန်နိုင်ပါတယ်။ ချစ်ခြင်းကြည်ညိုခြင်းတွေကြောင့် အမေဘာလုပ်လုပ် ဘာပြောပြော.. အမှန်အကောင်းပဲလို့
အမြဲမှတ်ယူ ယုံကြည်ခဲ့တဲ့ သမီးရဲ့ဘ၀မှာ ရှားရှားပါးပါး အမေနဲ့ သဘောထား မတိုက်ဆိုင်တာ
လည်းဖြစ်ပါတယ်။ ရှားရှားပါးပါး ဆိုပေမယ့် သိပ်ထူးဆန်းတဲ့ကိစ္စ တော့မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့
အနာဂတ်ဘေးငါးပါး တရားတော်မှာ ဒီလို ဆရာတပည့်ချင်း၊ သားအမိချင်းအထိ သဘောထားကွဲလွဲ မညီညွတ်ကြခြင်းဘေး
ဟာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
ပြန်ရတာက နှစ်ရက်တည်းမှာ ကိစ္စတွေက အပြည့်ဆိုတော့ သမီးနဲ့အမေ တိုတိုထွာထွာ စကားလေးတွေတောင် taxi ပေါ်မှာပြောကြရတာလေ။ အချိန်နည်းတော့ အများကြီးကို ဘယ်လိုပြောပြရမယ် မသိခဲ့ဘူး၊ စကားတွေဟာ တောင်စဉ်ရေမရ…
ပြန်ရတာက နှစ်ရက်တည်းမှာ ကိစ္စတွေက အပြည့်ဆိုတော့ သမီးနဲ့အမေ တိုတိုထွာထွာ စကားလေးတွေတောင် taxi ပေါ်မှာပြောကြရတာလေ။ အချိန်နည်းတော့ အများကြီးကို ဘယ်လိုပြောပြရမယ် မသိခဲ့ဘူး၊ စကားတွေဟာ တောင်စဉ်ရေမရ…
နောက်ဆုံးမှာ…
အမေက.. ငါ့ကို ငါ့နိုင်ငံအတွက် စစ်မှန်တဲ့ နိုင်ငံရေးပါတီတစ်ခုကိုသာ ပြောပြခဲ့ပါတော့
လို့တောင်းဆိုခဲ့ပေမယ့်… သမီးဘာမှဆက် မပြောဖြစ်ခဲ့လို့ ဒီစာကိုရေးရတာပါပဲ။ အခု သမီးပြောမှာတွေကို
တစ်ဘက်စွန်း ရောက်နေသလား၊ အချက်အလက် အမှန်တွေဟုတ်ရဲ့လား ဆိုတဲ့ သံသယကြီးကြီးထားပြီး
သေချာဝေဖန် ဆင်ခြင်ပြီးသာ ဖတ်စေချင်ပါတယ်။
ပထမဆုံးပြောချင်တာကတော့
မြန်မာပြည်နဲ့ ကုလားကိစ္စ။ ညညအိပ်မက်ထဲ ထည့်မက်တဲ့အထိ သွေးထဲသားထဲ ရောက်အောင် ကြောက်လည်းကြောက်
စိတ်လည်းပူပါတယ်။ ဖြစ်မှာပေါ့… အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့စာအုပ်ကို သမီးဆယ်တန်းကတည်းက
အမေပေးဖတ် ခဲ့တာပဲလေ။ သတင်းတွေလည်း မပြတ်ပါဘူး။ အင်ဒိုနီးရှား သမိုင်းနဲ့လည်း မဝေးပါဘူး။
ရွှေဒုံးဘီအောင်ခေတ်ကနေ… ခုချိန်ထိပေါ့လေ.. မရိုးနိုင်တဲ့ ဇာတ်လမ်းတွေက သိရ၊ကြားရ၊ဖတ်ရတိုင်း
၃၂ဖြာကံကြမ္မာဆိုးတို့ ကြီးစိုးနှိပ်စက်ရာ ဒီသံသရာက အပြီးလွတ်ချင်စိတ် ကိုဖြစ်ပေါ်စေပါတယ်။
ကိုယ့်အသားလာမထိပေမယ့်
ကြားရုံနဲ့တင် မချိအောင်နာတတ်တဲ့ နှလုံးသားမျိုး သမီးမှာရှိပါတယ်။ သမီးက ဒေါသစရိုက်ကြီးသူ
ဆိုတာ အမေလည်းသိပါတယ်။ သွေးဆူလွယ်ပါတယ်။ အမေ နာစေချင်လွန်းလို့ ထည့်ထည့်ပေးနေတဲ့ အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေး တရားတွေ အားလုံးကိုလည်း မအားတဲ့ကြားက အချိန်ပေးပြီး သေသေချာချာ
နားထောင်ကြည့်ပြီးပါပြီ။ အဘက်ဘက်ကို လေ့လာပြီးမှ စိတ်ရင်းနဲ့ပြောမယ့် စကားတွေ ဆိုတာတော့
ယုံစေချင်လို့ပါ။ ပြောမှာတွေကတော့ မှန်ချင်မှန်မယ် မမှန်ချင်လည်း မှားပါလိမ့်မယ်။ အမေဖတ်ပြီး
ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ပြီး သမီးကိုဝေဖန် အမှန်ကို ညွှန်ပြနိုင်ဖို့ပါပဲ။
ဆရာမတို့က
ဘုန်းကြီးတိုင်းကို ရှိခိုးတာ မဟုတ်ဘူးဆို။ ဓမ္မဒူတ ပဓာနနာယက ဆရာတော်ကြီးကိုတောင် အမေတို့ညီအစ်မ
ဘယ်လိုအကဲခတ်ပြီး ကိုးကွယ်ယုံကြည်ဖို့ ကြည်ညိုဖို့ ဘယ်လောက်အချိန်ကြာခဲ့တာ ဆိုတဲ့စကားတွေဟာ
သမီးရဲ့သံဃာကိုးကွယ်မှု လမ်းကြောင်းမှာ အမေ ထွန်းညှိပေးဖူးတဲ့ ညဏ်မီးတိုင်တွေ မဟုတ်လားအမေ။
(သမီးကတော့ အခုစင်္ကာပူမှာ ဘုန်းကြီးမြင်တိုင်း ဦးတင်တတ်ပါတယ် အမေ။ အသွင်သံဃာပဲ ဖြစ်ဖြစ်..
ဖူးရခဲတဲ့အရပ်မှာ ရောက်နေတယ် မဟုတ်လား။ သံဃာ့ကျေးဇူး ကိုယ့်အပေါ် ဘယ်လောက်ကြီးတယ်ဆိုတာ
ကိုယ်နားလည်ရင် ဘုန်းကြီးမြင်တိုင်းလည်း အလိုလိုညွတ်နူးတဲ့ ကုသိုလ်စိတ်ဖြစ်တာပါပဲ။
သံဃာရတနာဟာ ငါနိဗ္ဗာန်ရဖို့ ပွင့်လာတာဆိုတဲ့
စိတ်မျိုးပေါ့။)
မျိုးစောင့်ဥပဒေ ကိစ္စစတင်လိုက်တဲ့ သိမ်ဇရပ်ဓမ္မဒူတ
ဆရာတော်ဘုရားက သမီးဘ၀ရဲ့ ပထမဦးဆုံး ကမ္မဌာနာစရိယအဖြစ် ကျေးဇူးကြီး လှတဲ့အပြင် နာယက ဆရာတော်ကြီးနည်းတူ
အကျင့်သိက္ခာ ပြည့်စုံခြင်းတွေကြောင့် ကြည်ညိုလေးစား မြတ်နိုးမိတဲ့
ကိုယ်ပိုင် စာရင်းလေးထဲမှာတော့ ထိပ်ဆုံးကပါပဲ။ ဦးဝီရသူကတော့ သမီးတစ်သက်လုံး သူ့တရား တစ်ပုဒ်မှလည်း
မနာဖူးသလို သူဘာလဲ ဘယ်လဲ ဆိုတာလည်း မဝေဖန် မဆန်းစစ်လိုပါဘူး။ သမီးအပေါ် သံသရာကျေးဇူး၊ သာသနာ ကျေးဇူးတွေတော့
ရှိမှာပါပဲ။ (ဟိုးအရင် တစ်ခေါက်ပြန်တုန်းက အမေ့မွေးနေ့မှာ ပေါက်စေတီကို သိမ်ဇရပ်ဆရာတော်ရှိလို့ ရောက်ဖြစ်တုန်းက မျိုးစောင့်ဥပဒေကိစ္စ အထက်မြန်မာပြည်
စည်းရုံးရေးမှူးကသူ၊ အောက်မြန်မာပြည်က ဦးဇင်းတာဝန် ယူထားတယ်လို့ ဆရာတော်ကိုယ်တိုင်
မိန့်တုန်းကတော့ စိတ်ထဲခပ်လေးလေးပါပဲ။)
သမီးအနေနဲ့
ရတနာသုံးပါးကို ကိုးကွယ်တာက ကိုယ့်အပေါ်တင်ရှိသော ကျေးဇူးနဲ့၊ သူ့ပင်ကိုယ် ကျေးဇူးအပေါ်မှာ
မူတည်ပြီး ကိုယ်နားလည်နိုင်တဲ့ ပမာဏနဲ့ တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုး ဂစ္ဆာမိတာပါ။
ဒီလောက်ကျေးဇူးကြီးထားတဲ့ ရတနာမြတ် သုံးပါးအတွက် ကိုယ်နိုင်တဲ့ဘက်က ပေးဆပ်ဖို့ စွမ်းနိုင်သမျှ
ကြိုးစားနေသူလည်း ဖြစ်ပါပြီ။
ဆယ်နည်းသော
ဝေဖန်ဆန်းစစ်မှုနဲ့ အလယ်အလတ်လမ်းစဉ် မဂ္ဂင်အကျင့်တွေရှိနေတဲ့ ဒီသာသနာဟာ သမီးဘ၀အတွက်
ဘာဆိုတာ၊ ဘယ်အတိုင်းအတာ ဆိုတာကို သမီးပြီးရင် အသိဆုံးလူက အမေပဲဖြစ်မှာ။ ငယ်ငယ်ကတည်းက စာကျက်ပျင်းတိုင်း၊ ခုအရွယ်ကြီး အလုပ်သွားဖို့ ပျင်းတိုင်း..
တစ်ခုခုကောင်းတာ လုပ်ဖို့ပျင်းတိုင်း ငါ့တိုင်းပြည် ငါ့လူမျိုး နိမ့်ကျနေသေးတယ် ငါကြိုးစားဖို့လိုတယ်လို့
အမြဲမဲတင်းပြီး အားထုတ်ခဲ့ ဖူးတာတွေအတွက် လိပ်ပြာသန့်စွာ နဲ့ ပြောပါတော့မယ်… (နိဒါန်းပျိုးတာ
အတော်ရှည် သွားပြီထင်တယ်)
မျိုးစောင့်ဥပဒေကို
စဖတ်ဖတ်ချင်းကတည်းက သမီးကိုယ်တိုင် (ဘယ်ပယောဂမှမပါဘဲ) အကြိုက်နည်းတာပါပဲ။ ဥပဒေပညာရှင်၊
နိုင်ငံရေးပညာရှင်မဟုတ်လို့ ဘာရယ်အတိအကျ မသိပေမယ့် သာသနာနဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးတတ်တဲ့
သာမန်လူတစ်ယောက် အနေနဲ့ ဘာလိုနေမှန်းမသိဘူး။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို မြင်ရသလိုမျိုးပဲ
ခံစားရပါတယ်။ ဒီထက်ပိုပြီး ကောင်းမွန် ပြည့်စုံသင့်တယ်၊ စင်းလုံးချော ဖြစ်သင့်တယ်လို့ ထင်နေမိတာပါ။ (အဓိကကတော့ အကျိုးကျေးဇူး
ထိရောက်မယ်လို့ မယုံကြည်နေတာ ဖြစ်ပါလိမ့်မယ်)။ ဘုရားရှင်သာရှိရင် ဘယ်လိုများမိန့်မှာပါလိမ့်လို့
အောက်မေ့နေမိခဲ့ပါတယ်…
ဘ၀င်မကျနိုင်တဲ့
အဓိက တစ်ခုကတော့ “အချိန်အခါနဲ့ အခြေအနေ” ဆိုတာပါပဲ။
ပြဿနာတွေ
ဘာလို့ဖြစ်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး.. အမေပဲပြောတယ်လေ ခဲနောက်မလိုက်ဘဲ ခဲပြစ်သူကိုရှာပါဆိုတာ..
သမီးတွေးမိသလောက် ကိုယ့်ဘက်က အဓိကအကြောင်း၂ခုပဲရှိတယ်… နံပါတ်၁ အသိညဏ်ချို့တဲ့တယ်..
ကိုယ့်သာသနာ ဘယ်လောက်တန်တယ်၊ ကောင်းတယ်ဆိုတာကို မသိကြတာရယ်၊ ကောက်ကျစ်ရက်စက် ညဏ်များတတ်သူတွေရဲ့
ထောင်ချောက်တွေကို မြင်နိုင်သိနိုင် ဝေဖန်ဆန်းစစ်နိုင်တဲ့ အသိညဏ် ဆင်ခြင်ညဏ်မရှိတာရယ်။
နံပါတ်၂… ငွေကြေးချို့တဲ့တယ်။ စနစ်ဆိုးကြောင့် (ဒီပေါချာချာ လူတွေကြောင့်) ပညာရေး တွင်းဆုံးကျလို့
နိုင်ငံနဲ့ လူမျိုးဟာ အဘက်ဘက်နဲ့ အထွေထွေမှာ မဟာဒုက္ခ တွင်းဆုံးကျနေရတယ်။ စားဝတ်နေရေးကြောင့်
ကုလားကိုမရှောင်နိုင်ဘူး။ ကိုယ်တိုင်တောင်မှ ဈေးသက်သာရင် ကုလားဆိုင် ၀ယ်ချင်နေတုန်း။
စားစရာ မရှိတဲ့သူဆို တွေးကြည့်ရုံပဲ။
ပညာရေး၊
စီးပွားရေးချို့တဲ့ရင် လူမလေးစားဘူး၊ နားရွက် တံတွေးစွတ် ခံရမယ်၊ အကျော ခံရမယ်.. အနိုင်ကျင့် ခံရမယ်.. ဒါထုံးစံပဲ။ ဒီအကြောင်းရင်းတွေက ဘယ်သူတွေကြောင့် ဖြစ်လာတာလဲ။ တိုင်းပြည်နဲ့လူမျိုးကို
ချွတ်ခြုံကျအောင် ပညာမတတ်အောင် ဖျက်ဆီးခဲ့တဲ့ သမိုင်းတရားခံ ဘယ်သူလဲ။ လူတွေ၊မြေတွေအပါအ၀င်
သယံဇာတမှန်သမျှ ရောင်းလို့ရသမျှ တရုတ်နဲ့ကုလားကို သူခိုးဈေးနဲ့ ရောင်းစားလိုက်တဲ့ သူတွေ၊
ရောင်းစားနေဆဲ လူတွေ၊ တရုတ်ကုလားတွေက ငွေနဲ့ပေါက်ပြီး လုပ်ချင်ရာလုပ်သမျှ ဘယ်သူသေသေဆိုပြီး
လွှတ်ပေးထားတဲ့အဲ့ဒီ ငတေတစ်စု ကိုတော့ ထောင်ကျမှာကြောက်လို့ နှစ်ပေါင်းများစွာ အောင့်ခံနေခဲ့ကြပြီးမှ…
ခုလို တိုင်းပြည်အတွက် အရေးအကြီးဆုံး အချိန်ရောက်မှ အရေးကြီးတာ အရင်မလုပ်ဘဲ အရိုးစည်ရိုးထိုးမယ်၊
ငရဲကြီးခံမယ် ဆိုပြီး ဘာတွေများ ဖြစ်ကုန်ကြပါသလဲ။ လုပ်သင့်တာတွေ အားတက်သရောလုပ်နေရင်းနဲ့
အချိန်မှန် အချိန်ကောင်း နောက်၃နှစ်လောက်များ စောင့်ပါတော့လားလို့ စိတ်ထဲမချိတင်ကဲ တွေးမိပါတယ်။
သမီးဆိုလိုတဲ့
လုပ်သင့်တာ တွေဆိုတာက အခု..အမေသေလုမျောပါး လုပ်နေတဲ့ အလုပ်တွေပါပဲ။ သမိုင်းအတွက် အမေတာဝန်
တစ်ခြမ်းကျေပြီလို့ သမီးပြောပါတယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ဓမ္မရောင်ခြည် တို့ကလုပ်နေတဲ့
Sunday Schools တွေပေါ့။ အသိညဏ် ခံတပ်ဆောက်ပြီး သွေးသားမှာ သာသနာတည် တဲ့အလုပ်တွေ။ နောက်ပြီး…
၉၆၉ဆရာတော်တွေ
လုပ်တဲ့အထဲက ကုလားနဲ့ဖြစ်တဲ့ ပြဿဿသနာ မှန်သမျှ တရားဥပဒေနဲ့ အမှုရင်ဆိုင်ဖြေရှင်းခြင်း။
(အမှန်တော့ ကုလားနဲ့မှ မဟုတ်ပါဘူး၊ မတရားတာမှန်သမျှ တရားသဖြင့် အရေးယူနိုင်ဖို့ ကူညီဆောင်ရွက်
ပေးနိုင်ရင် အကောင်းဆုံးပါပဲ။) ၉၆၉ဆရာတော်တွေက ကိုယ့်အိမ်မှာ ဧည့်သည်နဲ့ရန်ဖြစ်ရင်
ကိုယ့်အိမ်ပဲနာတယ် ဒါကြောင့် ဦးဇင်းတို့ရှိတဲ့မြို့မှာ ဆူပူဖျက်ဆီးတဲ့ ကိစ္စတွေ မဖြစ်စေရဘူး၊
အားလုံးကို ဥပဒေဘောင်တွင်းက အေးအေးချမ်းချမ်း ရှင်းတယ်လို့ တာဝန်ခံထားတာ သိပ်ကောင်းပါတယ်။
မြို့နယ်တိုင်း၊ ရွာတိုင်းမှာ ဆွမ်းလောင်းအသင်းလို ပရဟိတ အသင်းတွေကနေ ကွန်ရက်တွေဖွဲ့ပြီး
ရံပုံငွေရှိအောင်၊ ဒုက္ခရောက်သူ မတရားတဲ့အမှုတွေ ပြုကျင့်ခံရသူတွေကို သတင်းပေး ကူညီနိုင်အောင်
ဆောင်ရွက်နေတာလည်း အထူးကောင်းပါတယ်။ နွားမကွဲရင် ကျားဆွဲမခံရဘူးပေါ့။
ဒီနေရာမှာတစ်ခုပဲ
သတိပြုစရာက သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ လူကြီးသူမတွေရဲ့ စကားဟာ ပါးနပ်လိမ္မာ ခြင်းရဲ့ပြယုဂ်လို့
သမီးထင်ပါတယ်။ ကြာကြာဝါးမယ့် သွားတွေ အရိုးကိုကြည့် ရှောင်ရာလည်း ရောက်ပါတယ်။ ဗလီထဲသူတို့
ဘာတွေပြောပြီး ဘာတွေလုပ်တယ် ဆိုတာ ကိုယ်တွေ မသိကြရပါဘူး။ ကိုယ့်ဘာသာကတော့ အစကတည်းက
လဟာပြင်မှာ တရားပွဲကျင်းကြ တဲ့အစဉ်အလာ၊ လတ်လျားလတ်လျား လူယောင်ပြတဲ့ဝါသနာ၊ ဟောင်ဖွာဟောင်ဖွာ
လက်သီးလက်မောင်းတန်း ပါးစပ်သေနတ်ပြစ်။ တကယ်တော့ အသံသိပ်မမြည်ဘဲ အစွမ်းထက်နည်းတွေ ကြံစည်သင့်ပါတယ်။
အရေအတွက်နဲ့ ပွဲဆူ၊ သွေးဆူတရားပွဲတွေ၊ ကောက်ရိုးမီးတွေ ထက်စာရင် အရည်အချင်းကောင်း အနှစ်ကောင်းတွေကနေ
ရေရှည်ခံမယ့်နည်းတွေ၊ Multi-Level Marketing လိုနည်း (လင်ဇီးတို့ရှိုင်းဟုပ်တို့ စီးပွားရေးလုပ်တဲ့နည်း)
မျိုးတွေနဲ့ လုပ်ပုံနည်း စနစ်တွေ ပြောင်းကြည့် သင့်တယ် ထင်ပါတယ်။ အချင်းချင်း
Brainstroming လုပ်နိုင်ရင် ဒီလိုပဲကောင်းတဲ့ လုပ်စရာတွေ ရှိလာဦးမှာပါပဲ။
ဒါပေမယ့်
ဒီအကြောင်းရင်း ၂ရပ်ဟာ နာကျင်စေတဲ့ခဲလုံး ၂လုံးသာဖြစ်ပါတယ်။ ခဲနောက်မလိုက်သင့်ပေမယ့်
ခဲမှန်တဲ့ဒဏ်ရာကို ကုစားသင့်ပါတယ်။ ဓမ္မစကူးလ်နဲ့ မ.ဘ.သ ဟာ ခဲမှန်ဒဏ်ရာကိုကုစား နေခြင်းမျှသာပဲလို့
သမီးပြောပါတယ်။ ခဲနဲ့ပြစ်တဲ့သူရှိနေသ၍ အနည်းနဲ့အများတော့ ထိမှန်ခံစားနေရဦးမှာပါ။ အဲ့ဒီခဲနှစ်လုံး
ဘယ်ကလာတယ်ဆိုတာ သမီးပြောပြီးပါပြီ။ အတွင်းစည်းကို အာရုံပြုတာ ဘုရားရှင်အလိုတော် အစစ်ပါပဲ။ လက်ရှိလုပ်ရမယ့် အရေးတကြီးအလုပ်က ဘာလဲဆိုတာ မြန်မာပြည်သူတွေ အားလုံးကောင်းကောင်း သဘောပေါက်သင့်ပါတယ်။
ဘုံရန်သူကိုလည်း သေချာသိသင့်ပါတယ်။ မ.ဘ.သ ဟာ ရည်ရွယ်ချက် ဘယ်လောက်ကောင်းကောင်း အမေစု၊
NLD နဲ့ ပြည်သူလူထုကို သွေးကွဲစေမယ့် အဖွဲ့အစည်းမျိုးဖြစ်မလာဘဲ အမျိုးဘာသာသာသနာကို
ချစ်မြတ်နိုးသလောက် နိုင်ငံရေးအမြင်ကျယ်ကျယ် ညဏ်ကြီးကြီးနဲ့ လမ်းမှန်ကိုသွားနိုင်တဲ့
အဖွဲ့မျိုးဖြစ်ပါစေလို့ သမီးရင်တမမနဲ့ ဆုတောင်းလျက်ရှိပါတယ်။ ဖြစ်မယ်လို့လည်း မျှော်လင့်နေပါတယ်။
ဘာလို့လည်းဆိုတော့
လက်ရှိနိုင်ငံတော် အချုပ်အချာအာဏာကို နည်းပေါင်းစုံနဲ့ မတရားရယူထားတဲ့ အာဏာရူး၊ တဏှာရူး၊
ငွေရူး… နောက်ဆုံး ကြောက်ရူး ရူးနေတဲ့ အဲ့ဒီသောက်ရူးတွေနဲ့ သူတို့နောက်လိုက် သောက်ပေါကြီးတွေကို
ဆက်ပြီး ကောက်ကျစ်ယုတ်မာခွင့် ပေးမိရင် အမျိုးဘာသာ သာသနာကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်ပါတယ်။
ဆေးခါးမတိုက်ရက်လို့ သားကို အသေခံလိုက်ရတဲ့ မအေတစ်ယောက်ရဲ့ အဖြစ်မျိုး… သားသေမှရမယ့်
နောင်တမျိုးကိုလည်း မ.ဘ.သဟာ ခုကတည်းကကြိုတင် စဉ်းစားချင့်ချိန် သိမြင်ထားသင့်တယ် ထင်ပါတယ်။
သေသွားတဲ့သားကိုတော့ ဘယ်လောက်ပဲ ငရဲကြီးခံခံ ပြန်ရှင်အောင် မတတ်နိုင်ဘူး ဆိုတာလည်း
.. အရိုးစည်းရိုးထိုးပြီး ငရဲကြီးခံမယ့်သူတွေ သိသင့်ကြပါတယ်။
ငရဲကြီးခံမယ်ဆိုတဲ့ စကားကြီးကို စပြောလိုက်သူက ဘာရည်ရွယ်ချက်နဲ့ မှန်းမသိပေမယ့် သံယောင်လိုက်ပြီး အော်နေသူတွေက ငရဲကြီးခံပြီး လုပ်မယ်ဆိုတာ ဘယ်လိုအလုပ်မျိုးတွေကို ဆိုလိုပါသလဲ။ ကုလားတွေအားလုံးကို သတ်ပြစ်မှာလား။ ဒီဂျစ်တယ်ခေတ်၊ သတင်းခေတ်မှာ တစ်ကမ္ဘာလုံး မသိအောင်သတ်နိုင်တယ်ပဲထား၊ ပါဏာတိပါတကံ ကျူးလွန်ပြီး သာသနာကို စောင့်ရှောက်မယ်လို့တော့ မဆိုလိုဘူးထင်ပါရဲ့။ သာသနာဆိုတာ ကိုက သီလ သာသနာ၊ သမာဓိ သာသနာ၊ ပညာ သာသနာ ဆို။ သာသနာ သုံးပါး၊ သိက္ခာ သုံးရပ်ကို ဘာမှန်းမသိဘဲတော့ စောင့်ရှောက်မယ် မအော်တန်ဘူးထင်ပါရဲ့။
မွတ်ဒေါင်းဆိုပြီး NLD ကိုအမြစ်ဖျက် ဒေါ်စုကိုပါ သတ်ပြစ်မယ်လို့ ခြိမ်းခြောက်နေကြတာလား။ အမျိုးဘာသာ သာသနာနဲ့ တစ်တိုင်းပြည်လုံးအတွက် အန္တရယ်ကြီးတဲ့ အသံတွေအတော် ကျယ်လာပြီလို့ စိတ်ထဲအလိုလို ခံစားနေမိပါတယ်။ ငရဲကြီးပါတယ် ဆိုကတည်းက အဲ့ဒီလမ်းဟာ လမ်းမှန်လမ်းကောင်း မဟုတ်သေး၊ ဘုရားရှင်အလိုကျ မဟုတ်သေးဘူး ဆိုတာလောက်တော့ တွေးမိသင့်ကြတယ် လို့ထင်မိပါတယ်။ ဂင်္ဂါဝါဠု သဲစုမကအောင် ပွင့်ပေါ်ခဲ့တဲ့ ဘယ်ဘုရားကိုယ်တိုင်ကမှ သတ္တ၀ါတွေကို သနားလွန်းလို့ဆိုပြီး (ဘုရားဖြစ်ပြီးတရားဟော ချေချွတ်နိုင်ဖို့) ငရဲကြီးခံပြီး ပါရမီဖြည့်ခဲ့တယ်ဆိုတာမျိုး ရှိဖူးလို့လဲ အမေရယ်။

အမေ……
အလွန်မွန်မြတ်စင်ကြယ်တဲ့ ဗုဒ္ဓသာသနာကို သမီးတို့ ငရဲကြီးဖို့ မြတ်ဘုရားထားခဲ့တာလို့
သမီးတော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။ ငရဲကိုဘာမှတ်နေလို့လဲလို့သာ မေးလိုက်ချင်တယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး ပြောနကျစကားလေးသာ ကြားယောင်မိပါတယ်… “ငရဲဆိုတာ ခါးစည်းခံလို့ရတယ်
မထင်လိုက်ပါနဲ့၊ တယ်လည်းသတ္တိကောင်းနေကြပါလား အတော့်ကိုခက်တော့နေပြီ ဒကာသစ်တို့ ဒကာကြွယ်တို့ရေ..
“
မျိုးစောင့်ဥပဒေဟာ
ဆရာတော်ကြီးများရဲ့ မေတ္တာဓာတ်လွှမ်းခြုံမှုနဲ့ တကယ့်ကို အမျှော်မြင်ကြီးမားတဲ့ အတွေ့အကြုံများတဲ့
ဥပဒေပညာရှင်တွေရဲ့ ရင်ထဲနှလုံးသား ထဲကပူပေါင်းပြီး ပြောစရာ မရှိအောင်ပြည့်စုံ ကောင်းမွန် နေအောင်
ပြင်ဆင် ပြုစုနိုင်ရင် တောင်မှ အခုက အချိန် မဟုတ်သေးပါဘူး။ ခုလို တရားဥပဒေ အထက်မှာ အကျင့်ပျက်ချစား
လာဘ်ပေးလာဘ်ယူ နာတာရှည် ရောဂါသည်ကြီးနဲ့ ထင်ရာစိုင်း အာဏာရှင်တွေ ရှိနေသမျှ လွှတ်တော်က
အတည်ပြုလည်း တခြားတည်ဆဲ ဥပဒေတွေလို စာအုပ်ထဲကနေပြီး အပြင်က ငွေများတရားနိုင် ဇာတ်လမ်းတွေကို
ငေးရရှာမှာပါပဲ။ ခုချိန်မှာ နာဂစ်အတွင်း အရှက်မရှိ အတည်ပြုထားတဲ့ လက်ရှိ၂၀၀၈ အခြေခံဥပဒေ ကိုတောင် ပြင်မလား၊ ဖျက်မလား (အသစ်ရေးမလား)
ဖြစ်နေချိန်မှာ မျိုးစောင့်ဥပဒေဟာ အာဏာရှင်ရဲ့ ကျက်သရေတုံးတဲ့ လွှတ်တော်ကနေ အတည်ပြုချက်
ပြဌာန်းချက်ကို ရဖို့ တကယ်ပဲ အသည်းအသန် အမြန် လိုအပ်နေတာလား။ တရားဥပဒေ စိုးမိုးမှုမရှိဘဲ
ဒီဘင်္ဂါလီကိစ္စ ပြေလည်သွားမယ်များ ထင်နေကြတာလား။ ဖြူစင်အားကြီးတဲ့ သီလ၊ မေတ္တာ၊ သစ္စာဆိုတဲ့တရားတွေ
ရဲ့အင်အား မပါဘဲနဲ့ ဒီပြဿဿသနာကို ရှင်းနိုင်မယ်များ ထင်နေကြတာလား။ လားပေါင်းများစွာ နောက်မှာ.. စိတ်ဆင်းရဲစရာ အကောင်းဆုံး ကတော့
ဒီကိစ္စဟာ အာဏာရှင် ကိုဖြုတ်ချပြီး တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးစားခဲ့ ကြိုးစားနေကြဆဲ
ဖြစ်သော အင်အားစုတွေနဲ့ ကြိုးစားလတ္တံသော အင်အားစုတွေကို အတော်လေး ကမောက်ကမ သွေးလေခြောက်ချား စေတယ်။
အချင်းချင်းကွဲကြ ပြဲကြဆော်ကြ နှက်ကြ ဘေးတီး သူတွေကလည်း တထီထီနဲ့ တီးနေလိုက်ကြပုံများ
မြင်မကောင်ဘူး။ ဒီကိစ္စ ဘယ်လောက်ပဲ ရည်ရွယ်ချက် ကောင်ကောင်း ရလဒ်ကတော့ လောလောဆယ် ပြည်သူပြည်သားတွေရဲ့
ညီညွတ်မှုအင်အားကို ချနင်းမိနေပြီ ဆိုတာပါပဲ။ ဒေါ်စုေ ပြောပြောနေတဲ့ တိုင်းပြည်အတွက် သူအသုံးချမယ့်
တစ်ခုတည်းသော လက်နက်ပါ။
အီဂျစ် လူထုတော်လှန်ရေး ကိစ္စ၊
အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ၊ သူတို့ ကိုးကွယ်ထားတဲ့ မြောက်ကိုယား ဘိုးတော်သေသွားခြင်း၊
လစ်ဗျားမှာ ကဒါဖီရဲ့ ခွေးသေ၀က်သေ နိဂုံး… အပါအ၀င် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ၊ သူတို့တားဆီး
ထိမ်းချုပ်နေတဲ့ကြားက ဘယ်လိုမှတားမရတဲ့ နည်းပညာ ပြောင်းလဲမှုတွေကြောင့် မပြောင်းလို့ မဖြစ်တော့လို့ကို
ရလာခဲ့တဲ့ ကောင်းချင်ယောင်ဆောင်ထားတဲ့ ဘာအနှစ်သာရမှ မပါသေးတဲ့ ဒီအမည်ခံ အပြောင်းအလဲ။
စစ်ဘောင်းဘီကနေ ချိတ်ထမီ ပြောင်းဝတ်ကြသူတွေဆီက သေနပ်ကျည်ဆံအစား (ပေါချာချာနိုင်ပေမယ့်) ပျားသကာလို
နားတစိုစို စကားချိုချို တွေကြားနေရတဲ့ အခွင့်အရေး။ ပြောချင် တာလေးတွေ၊ ရေးချင် တာလေးတွေ
ပြောနိုင် ရေးနိုင်လာကြပြီး၊ 2015မှာ ရွေးကောက်ပွဲ လုပ်ခွင့်.. ဒါကို ရတနာ တစ်ပါးလို့ပဲ ပြောပါရစေ။
ဒီအခွင့်ရေးလေးကို
အရအမိယူပြီး သီလ၊ သမာဓိ၊ ပညာတွေ အားကောင်းလှတဲ့ ဒေါ်စုလိုခေါင်းဆောင်မျိုးက တရားဥပဒေ စိုးမိုးရေး၊
အမျိုးသားပြန်လည် စည်လုံးညီညွတ်ရေး၊ တိုင်းပြည် ထူထောင်ရေးကို လုပ်ဆောင်ခွင့် မရရင် အဲ့ဒီအလုပ်တွေကို
ဦးဝီရသူက လုပ်ပေးနိုင်မှာလား။ တစ်လျှောက်လုံး သတ်ဖြတ်နှိပ်စက် အညွန့်ချိုးလာခဲ့တဲ့
ကြံ့ဖွံ့က လုပ်ပေးနိုင်မှာလား။ ဟိုဂေါက်တီးဂေါက်တောက် တစ်ယောက်တစ်ပေါက် လူတွေလား။ ဟိုတံဆိပ်ခိုး
အလံခိုးတဲ့ ပါတီတွေလား။ ပွဲလန့်ရင်ခင်းဖို့ ဖျာကိုင်ပြီး စောင့်နေတဲ့လူတွေလား။ ဘယ်ဒင်းကများ
လုပ်ပေးနိုင်မှာမို့လဲ။ ဘယ်ဒင်းတက်လာရင် သာသနာကို တကယ်စောင့်ရှောက်မယ်၊ ချီးမြှောက်ထောက်ပံ့မယ်လို့
ဘယ်လိုယုံကြည် အားထားစိတ်တွေကို ဘာကြောင့်များ ထားနိုင်ကြပါသလဲ ဆိုတာလည်း သိပ်သိချင်တယ်။
အဲ့ဒီ မျိုးချစ်ဘာသာချစ်တွေက သူတို့ဘယ်လမ်းကို ဦးတည်ပြီးသွားမိနေတယ် ဆိုတာကော သေချာသိကြရဲ့လား။
(စကားမစပ် ဂဠုန်ဦးစောရဲ့ ပါတီနာမည်ကို သိသလားအမေ… “မျိုးချစ်ပါတီ” ဆိုပဲ။ :P)
2015မယ်
ချိတ်ထမီကြီးတွေက ဘာအဆင်နဲ့ထွက်လာမယ်မှ မမှန်းတတ်သေး။ ဒီအရူးတွေက လွယ်လွယ်နဲ့ဖယ်ပေးမယ်
များမှတ်နေလား။ သူတို့ရဲ့ ချီးဘရိန်းတွေနဲ့ ဘယ်လိုရူးကြောင်ကြောင် ကိစ္စတွေကို သွေးရူးသွေးတမ်း
ထလုပ်ကြဦးမယ် မသိ။ ဒေါ်စုအသက်အရွယ်နဲ့ အချိန်ဘယ်လောက် ရဦးမယ်၊ အခြေနေ ဘယ်လိုပေးဦးမယ်မှ
မသိသေး။ အာဏာရှင်စနစ် အမြစ်ပြတ်ဖို့၊ တရားဥပဒေ စိုးမိုးရေးရှိဖို့၊ တိုင်းပြည်ပြန်လည် ထူထောင်ဖို့
ဒီဧရာမကြီးတွေကို တစ်ခုခုပြီး တစ်ခု အသက်ပေးပြီး ထမ်းရွက်ပေးမယ့် ဒီအသက်၆၀ကျော် အမေကြီးကို
အားလုံးအားလုံး မြန်မာ ပြည်သူပြည်သား မှန်သမျှ နိုင်ရာတာဝန်နဲ့ ညီညီညာညာ အားကုန်ရုန်းပြီး
တွန်းတင်နိုင်မှဖြစ်မှာ။ အရေးတကြီး လုပ်ရမယ့် အလုပ်ဆိုတာ ဒါကိုပြောတာပါပဲ။ လောလောဆယ်
အခြေခံဥပဒေပြင်ဖို့က အရေးအကြီးဆုံးနဲ့ အမြန်ဆုံးလုပ်ရမယ့် အလုပ်ပါ။ ဘာကြောင့် အရေးကြီးတယ်ဆိုတာ
ဆရာစိုးမင်းရဲ့ စာတစ်ပုဒ် သမီးကူးထည့်ပေး ထားပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။ "ခြေ/ဥ ပြင်ရေး မပြင်ရေး"
ပြည်သူပြည်သား အားလုံး ကုလားဗမာမရွေး၊ သံဃာတော်အားလုံး၊
ဘာသာအားလုံး၊ တိုင်းရင်းသားအားလုံးက အာဏာရှင် မလိုလားဘူး၊ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းတွေ
လက်ကိုင်ထားတဲ့ အမေစုဘက်မှာ အပြည့်အရပ်တည်
ဝန်းရံနေတယ်ဆိုတဲ့ အသံတစ်သံတည်းပဲ ထွက်နေရမယ့်အချိန်မှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှု
သွေးကွဲမှုတွေကို ယုတ်မာတဲ့အကြံနဲ့ တမင်ဖန်တီးနေသူတွေကို မီးလောင်ရာလေပင့် ဘာကြောင့်လုပ်ကြသလဲ။
ဒီလူတန်းစားဟာ ဒီလိုဘာသာရေး အထိကရုဏ်းတွေ ဖန်တီးပြီး အာဏာမြဲအောင် ကြံဆောင်ခဲ့ကြာတာလည်း အကြိမ်ကြိမ် ကြုံဖူးရက်နဲ့ ဒီအကွက်ကို ဘာလို့ခင်းချင်တာလဲ။ အမေစုက သူ့အတွက် တစ်ခုတည်းသော လိုအပ်ချက်ကပြည်သူ့အင်အားပါလို့ သူအခါခါပြောရက်နဲ့ ရက်စက်လိုက်ကြလေခြင်း၊
လုပ်ရက်လိုက်ကြလေခြင်းလို့လည်း သမီး တစ်ခါတစ်ခါ ခံစားရတယ်။
ကိုယ့်ဂုတ်ပေါ် ခွစီးနေတဲ့
သွေးစုပ်ဘီလူးက ကိုယ့် လည်ပင်းသွေးကို စုပ်နေရင်းက ဟိုဘက်မှာ အန္တရယ် ရှိတယ် မသွားနဲ့၊ ဒီမှာပဲနေ
မင်းကိုငါ ကယ်မယ်လို့ ပြောတာကို ယုံရလောက်အောင်.. လူတွေ.. ရဟန်းတွေ.. မြန်မာပြည်သူ ပြည်သားတွေ
.. ဘာတွေများ ဖြစ်ကုန်ကြပါ သလဲ။ တရုတ်ပြည် ကလာတဲ့ မုန့်တွေစားမိတာ ဖြစ်မယ်။ :P
တကယ်တော့
ဟိုဘက်ရောက်ရင် ဘီလူးလက်က လွတ်တော့မှာလေ။ ဟိုဘက်မှာ ဘာတွေရှိတယ်ဆိုတာ သွားကြည့်တော့
ကြည့်သင့်ပါတယ်။ အခက်အခဲတွေတော့ နေရာတိုင်းရှိမှာပေါ့ အမေ… တရားသဖြင့် ရင်ဆိုင်ဖြေရှင်းရမယ့်
အခက်အခဲမျိုးကို ဘီလူးနဲ့ယှဉ်ပြီး ရွေးသင့်ရွေးရပါမယ်။ လူအများစုက အပြောင်းအလဲကို ကြောက်တယ်။
အမေ သမီးကို ဆယ်တန်းတုန်းက သင်ပေးလိုက်တဲ့ inertia သဘောလေ။ စည်းစိမ်တွေပြစ်၊ လင်ပြစ်သားပြစ်ပြီး
အချုပ်အနှောင်နဲ့ ဆင်းရဲ ဒုက္ခကို ကျေနပ်စွာ ရွေးချယ်ခဲ့တဲ့ မိန်းမကြီးကို၊ ဟာဝိုင်အီ ကမ်းခြေမှာ အေးချမ်းသက်သာ
အဆင်ပြေစွာ နေဖို့ထက် မြန်မာပြည်မှာပဲ မြန်မာတွေနဲ့အတူ အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်း နေရတာကိုပဲ ကျမတော့
ပျော်တယ်လို့ ရိုးသားစွာပြောတတ်တဲ့ အဲ့ဒီ မိန်မကြီးကို၊ အမေတို့မြို့ ဓနုဖြူ စာတိုက်ရှေ့နားမှာ ကျည်ဆံအပြည့်နဲ့
ရှေ့တိုးရင်ပြစ်မယ်လို့ သေနတ်အလက် ပေါင်းများစွာ… ဦးနှောက်မရှိတဲ့ သူတွေက ချိန်ထားတဲ့
လမ်းမပေါ်ကို တစ်ယောက်တည်း ထီးတည်း ရှေ့ဆက်လျှောက်ရဲခဲ့တဲ့.. အဲသလောက်ပေတဲ့ မိန်းမကြီးကို
သူ့ပါတီထဲက ကုလား လက်တစ်ဆုပ်က လွှမ်းမိုးချုပ်ကိုင် လိုသလိုအသုံးချလို့ ရမယ်လို့ ဘယ်လို စိတ်ကူးတွေနဲ့
ထင်ရက်ကြသလဲ။ ခြေဥ ကိုပြင်ပြီးရင် ပြည်သူ့ဆန္ဒနဲ့ သမ္မတ ရွေးခွင့်ရှိအောင် လုပ်ပေးပြီးရင်၊
ပြည်သူ့ဆန္ဒအရ ကျမကို၊ ကျမပါတီကို အစိုးရ မဖြစ်စေချင်ဘူးဆို ကျမတို့ကလည်း လုပ်ကိုမလုပ်ဘူးတဲ့။
သူဘယ်လဲ ဘာလဲဆိုတာ သူ့မိန့်ခွန်းတွေမှာ အတိုင်းသားပဲ အမေ။ သူဘယ်နေရာမှာ ဘာတွေပြောတယ်၊
ဘာကြောင့် ပြောတယ်ဆိုတာကို လက်တွေ့မျက်တွေ့ ဖြစ်အောင် အင်တာနက်ခေတ်မယ် လွယ်ပါတယ်အမေ..
ပြီးမှ စဉ်းစားပြီးမှ၊ ချင့်ချိန်ပြီးမှ လက်တွေ့လိုက်နာပြီးမှ ယုံပါအမေရယ်။ ဘုရားရှင်ပြောတယ်လေ..
အို ကာလာမတို့… …….. (အမေသိပြီးသားကြီး) :P.. အို မြန်မာပြည်သူပြည်သား အပေါင်းတို့…အို..
မြန်မာပြည်ရှိ ရဟန်းတော်အပေါင်းတို့… အို ချစ်သမီးသူဇာဝင်း…
အမေ့လိုလူမျိုးက (B.Sc, B.Ed နှစ်ပေါင်များစွာ အထက်တန်းပြ ဆရာမလုပ်လာပြီး ခုထိ မိသားစုနဲ့ ပတ်ဝန်းကျင်ကို
သြဇာလွှမ်းမိုးနေတဲ့ လူမျိုးက၊ အာဏာရှင်ကို တော်လှန်ချင်စိတ် အပြည့်နဲ့ မတရားမှုမှန်သမျှ မတရားတဲ့ အတိုင်း ဘဝမှာ၊ နှလုံးသားမှာ၊ အသက်မွေးမှုမှာ မှတ်တမ်းတင် စင်ကြယ်ခဲ့တဲ့ သူတစ်ယောက်က)
ငါ့တိုင်းပြည် အတွက် စစ်မှန်သင့်တော်တဲ့ ခေါင်းဆောင်နဲ့ ပါတီကိုသာ ပြောပြပါတော့လို့
ပြောရလောက်အောင်ထိ တာသွားရလောက်အောင် ဘယ်အရာတွေက၊ ဘယ်သူတွေက ဖန်တီးလိုက်ပါသလဲ။ အမျိုးချစ်
ဘာသာချစ်တွေပေါ့ အမေ..။ အမေ့ကို ဘယ်နိုင်ငံရေး သမားကမှ နိုင်ငံရေးတရား လာမဟောဘူး ဆိုတာ
သမီးယုံပါတယ်။ သာသနာရဲ့ အခြေခံဟာ သီလပဲ။ သီလဆိုတာ ဘာအကျိုးကျေးဇူးတွေ ပေးတယ်ဆိုတာ အမေ
ကလေးတွေကို သင်နေကျလေ။ ကမ္ဘာမှာ ငြိမ်ချမ်းလုံခြုံစွာနဲ့ တိုးတက်ဖွံဖြိုးနေတဲ့ နိုင်ငံတိုင်းမှာ
သီလရှိတဲ့ အမြင်ကျယ်တဲ့ ခေါင်းဆောင်ကောင်းတွေ အုပ်ချုပ်နေတယ်ဆိုတာ အမေသိတယ်လေ။ သီလရှိတဲ့
ခေါင်းဆောင်ဆိုတာ လက်ရှိမြန်မာပြည်မှာ ဘယ်နှယောက်တောင်များရှိလို့ ဒီမေးခွန်းကိုမေးနေရတာလဲ
အမေရယ်…။
ဒီလိုပြောတော့
သမီးက ဒေါ်စုဘက်က လော်ဘီလုပ်တယ်များ အမေထင်နေမလား။ ဒီစကားတွေကို အမေ့မို့ သမီးဒီလောက် အချိန်ကုန်ခံပြီး ပြောတာပါ။ မဟုတ်ရင် သမီးက မေးတာတောင် ပြောတာမဟုတ်ဘူး။ အမေ့ကိုတောင် ချက်ချင်းကြီး ဒိုးဒိုးဒေါက်ဒေါက် ပြောဖို့ ဝန်လေးလွန်းလို့ ဒီပြန်ရောက်မှ စာရေးလိုက်တာပါ။
သမီးအိမ်မှာ NLD တစ်ယောက်မှမရှိဘူးနော်၊ (အမေ့အိမ်မှာ NLD ပါတီဝင် ရှိတာ၊ ရေလဲချောင်းဖျားမှာ NLD ရုံးရှိတာ သမီး အင်မတန်ဂုဏ်ယူပါတယ်။) တစ်ခါသား အမေ့အိမ်နားက NLD ရုံးခန်းဖွင့်ပွဲကို ကို ဒေါ်စုလာတုန်းက အမေ့အိမ်မှာ သမီးတစ်ယောက်တည်း ခေါင်းကိုက်လို့ဆိုပြီး ကျန်နေခဲ့တာ မှတ်မိဦးမလား။ သမီးက အမေစုကိုရော NLD ကိုရော (အဲ့သလို သဲသဲလှုပ် ဖျပ်ဖျပ်လူး) တစ်ခါမှကို မတစ်ခါဖူးပါဘူး။ နောက်ပြီး ဒေါ်စုနဲ့ NLD ဆိုတာ တခြားသူတွေ၊ တခြားပါတီတွေလို လော်ဘီလုပ်ပေးစရာ လိုတဲ့သူတွေမှ မဟုတ်ဘဲနဲ့။ မနေ့တနေ့က သွားခဲ့တဲ့ခရီးစဉ်တွေကိုပဲကြည့်.. ကရင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်... ပြည်သူလူထုဟာ အမိုးစု၊ နူးစု၊ မယ့်စု.. စုဆိုမှစု၊ အုံလိုက်ကျင်းလိုက် အသကုန်စု နေကြတာများ.. ၂၀၁၅ တရားမျှတ လို့များကတော့ မယ့်စုနဲ့ NLD ကလေ ထမင်းကြမ်းခဲ ယပ်ခတ်၊ ရေအိုစင်ဖင်ပေး ပျင်းတောင်မှပျင်းသေး (အဲလေ ခေတ်မှီတာလေးတွေ ပြောင်သုံးမှ) ရေခဲမုန့်စားပြီး ရေခဲတုန်းဖင်ခု ထိုင်နေတောင် အပြတ်အသတ် ပက်ပက်စက်စက် နိုင်ဦးမှာပါပဲ အမေရေ။

နိုင်တော့ရော……
အမိုးစုက ဘာတွေဘယ်လောက်တောင် လုပ်ပေးသွားနိုင်မလဲ။ သူမရှိတော့ရင် NLD ကဘာဖြစ်မလဲ။ လက်ရှိမြန်မာပြည်မှာ
ကြံ့ဖွတ်နဲ့ NLD ပဲရှိတာ။ တစညဆိုတာ အထည်ကြီးပျက်။ အင်အားကြီးတဲ့ တိုင်းရင်းသားပါတီ
တစ်ခုတလေရှိပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာထိ လွှမ်းမိုးနိုင်တာမဟုတ်ဘူး။ ကြံ့ဖွတ်ဆိုတာ
သူ့နောက်မှာ စစ်တပ်သာ မရပ်တည်ပေးနိုင်တော့ရင် ဘာမှအသုံးမကျတဲ့ လူတစ်စုပဲ။ NLD အစိုးရဖြစ်ရင်တောင်
အတိုက်အခံပါတီ ကောင်းကောင်းမရှိရှာဘူး။ နိုင်ငံရေးသားကျောပြတ်၊ ပညာနို့မျက်နေတဲ့ နိုင်ငံတော်အနာဂတ်က ရင်လေးစရာလည်း ဖြစ်နေပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ပြည်သူအများရဲ့ ဆန္ဒကို ဗဟိုပြုတဲ့ ဒီမိုကရေစီ စနစ်သာရှိရင် အုပ်ချုပ်သူတိုင်းဟာ
ပြည်သူ့ ဆန္ဒကို ဦးထိပ်ထားပြီး တရားမျှတမယ် အမှားနည်းမယ်ဆိုတာတော့ သေချာတယ် မဟုတ်လားအမေ။
ဒီမိုကရေစီမရှိလို့ မင်းကောင်းမင်းမြတ်မရှိ၊ မင်းရဲ့အထောက် အပံ့၊ ဥပဒေရဲ့အကာအကွယ် မရတဲ့အပြင်
အဘက်ဘက်က ညှဉ်းပမ်း ဖျက်ဆီးခံရလို့ အမျိုးဘာသာ
သာသနာဟာ ဖွပ်သထက်ညစ်လာရတာပါ.. (သာသနာကိုဘယ်လို ဖျက်ဆီးတယ်ဆိုတာမှာ မြင်သာတာတွေ အများကြီး
အားလုံးသိတာ သမီးမပြောလိုပါဘူး၊ ဘွဲ့တံဆိပ်တော်တွေ ပေါချင်းသောချင်း ဆပ်ကပ်ခြင်းသည်လည်း
တစ်နည်းအပါအ၀င် ဆိုတာမျိုးတွေပဲ မြင်တတ်စေချင်တာပါ..)။ ဒါကမှအကြောင်းရင်း ကံရင်းအစစ်။
ကျန်တာတွေအားလုံးက ကံဖြား။ သေချာ စဉ်းစားကြစေချင်တာ အဲ့ဒီအချက်ပါပဲ။
နိုင်ငံရေးသမား မဟုတ်ရင်
နိုင်ငံရေး စကားဆိုတာ တိရိစ္ဆာန ကထာ မဟုတ်လား အမေ။
သမီးတော့ မပြောဖြစ်တာ နှစ်ပေါင်း အတော်ကို ကြာလှပြီ။ ပြောလည်း မပြောလိုပါဘူး။ ဆရာဝန်တစ်သက်၊
အင်ဂျင်နီယာ တစ်ရက်၊ နိုင်ရေးသမား တစ်ချက်လို့ အမေ့ကိုသမီး ခဏခဏ နောက်ရင်းပြောင်ရင်း ပြောတတ်တယ်။
နိုင်ငံရေးဆိုတာ ကိုယ့်ကိစ္စ ကိုယ့်ဘ၀ အရေးလို ကိုယ်ထင်ရာ ကိုယ်လုပ် မုန့်ဖက်ထုပ်မှ မဟုတ်တာ
အမေရယ်။ ခံစားချက်ကို လိုက်ပြီး၊ ဂတိလေးပါး ညွတ်ပြီး လွယ်လွယ်ပြောမိမှာ ကြောက်လွန်းလို့ပါ။
ဒါပေမယ့် မြန်မာတစ်ယောက် အနေနဲ့ သာသနာ ရောင်ဝါလင်း ကမ္ဘာ့အဆင့် မှီဖွံ့ဖြိုး ချမ်းသာသော
မြန်မာနိုင်ငံ ရွှေခတ်ကို အမေစုအားကိုးနဲ့ သမီးကြိတ်ပြီး စိတ်ကူးယဉ်ပါတယ် အမေ။ မလွယ်ပေမယ့်
ခက်တာကိုပဲ သမီးကြိုက်တယ်။ တစ်တိုင်းပြည်လုံးရဲ့ အင်အားနဲ့ လမ်းတစ်ဝက်ပဲရောက်ရောက်
လျှောက်ခဲ့ချင်တယ်.. (နောက်မျိုးဆက်ဆိုရင် ချမ်းမြေ့တို့ ဆုပြည့်တို့ လက်ထက်ကျရင်) ရောက်သွားမှာပေါ့အမေ။
ပြည်သူလူထု အများစုကြီးက
နိုင်ငံရေးဟာ ငါတို့ကိစ္စ၊ ငါတို့တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးဖို့ဟာ ငါတို့တာဝန်ဖြစ်တယ်လို့
စိတ်ထဲမှာထားမှ ကျမတို့ တိုင်းပြည် တိုးတက်နိုင်မှာပါ။ (ဒေါ်အောင်ဆန်းစုကြည်)
(P.S ဒီစာကို အမေ့အပြင် ဦးမျိုး၊ အန်တီသဇင်နဲ့ ဓမ္မရောင်ခြည်မှာ
သမီးတို့နဲ့အတူ ယဉ်ကျေးလိမ္မာ နည်းပြသင်တန်း တက်ခဲ့တဲ့ ဆရာမလေးတွေ အားလုံးကိုလည်း ဖတ်မိစေချင်ပါတယ်)
ဒီစာထဲမှာ ကိုးကားထည့်ရေးမိသမျှ အတွေးအမြင် ဗဟုသုတ အားလုံးအတွက် Facebook မိတ်ဆွေများကို ကျေးဇူးအထူးတင်ကြောင်းပြောလိုပါတယ်။ (Especially credit to Win Mgthant, Ko Htike, Dhamma Ganga, ဆရာ Soe Min ......)
--------------------------------------------------------------------------------------------------------
Aye Chan Mon
(ဖတ်ကြည့်စေချင်ပါတယ်။
အရမ်းကောင်းပါတယ်).......
ဆရာဝန်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေးဝင်သွားတယ် ...။ အရေးကြီး ခွဲစိတ်မှုတစ်ခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်းရရချင်း ချက်ချင်းအ၀တ်အစားလဲပြီး ရောက်လာတာပါ ...။ ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ပါတယ် ...။
အထဲရောက်တော့ လူမမာကောင်လေးရဲ့ ဖခင်ဖြစ်သူဟာ နံရံကိုမှီပြီး ဆရာဝန်ဖြစ်တဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ် ...။
သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်တယ် ...
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲဗျာ ... ကျွန်တော့သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား ... ခင်ဗျားမှာ တာဝန်ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား .... "
ဆရာဝန်က ပြုံးလိုက်ရင် ပြန်ဖြေတယ်
"တောင်းပန်ပါတယ်ဗျာ ... ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ ... ဖုန်းရရချင်း မြန်နိုင်သမျှ မြန်အောင် လာခဲ့ပါတယ် ... အခု အကို ခဏလေး စိတ်ငြိမ်ငြိမ်ထားလိုက်ပါနော် ... ကျွန်တော် အတတ်နိုင်ဆုံးကောင်းအောင် ခွဲစိတ်ပေးပါမယ်"
"စိတ်ငြိမ်ငြိမ်ထားရမယ် .. ဟုတ်လား ... ခင်ဗျားသား ဒီလိုခွဲခန်းထဲမှာရောက်နေရင် ခင်ဗျား စိတ်ငြိမ်နိုင်မှာလား ... တကယ်လို့ ခင်ဗျားသားသာ သေသွားရင် ခင်ဗျား ဘယ်လိုလုပ်မလဲ" ဆိုပြီး အဖေလုပ်သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောတယ် ...။ ဆရာဝန်က နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး "အကို ... စိတ်ချပါဗျာ ... ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကုသပေးပါ့မယ် ..." လို့ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ၀င်သွားခဲ့သတဲ့ ..။
နာရီအနည်းငယ်လောက် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဆရာဝန်က ၀မ်းသာစွာနဲ့ ခွဲခန်းထဲက ပြန်ထွက်လာသတဲ့ ... "ဘုရားရဲ့ကျေးဇူးပါပဲဗျာ ... အကို့သားလေးရဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ်" ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့အဖေ ရဲ့ ပြန်ဖြေမှုကိုတောင် မစောင့်တော့ပဲ ....
"ခင်ဗျား တစ်ခုခုမေးစရာရှိရင် သူနာပြုဆရာမကြီးတွေကို မေးနိုင်ပါတယ်ဗျာ" လို့အော်ပြီး ထပ်ပြီး ပြေးထွက်သွားသတဲ့ ....
ဖခင်ဖြစ်သူလည်း "ဒီဆရာဝန် ဘာတွေ ဒီလောက် မောက်မာနေတာလဲ မသိဘူး ... ငါ့သား အခြေအနေလေးကို မေးဖို့ မိနစ်ပိုင်းလေးတောင် မစောင့်နိုင်ဘူး" လို့တွေးပြီး မေးမြန်းဖို့ သူနာပြုဆရာမကို သွားတွေ့သတဲ့...။
သူနာပြုဆရာမ က မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာကတော့ ...
"ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားတာပါ ... ဒေါက်တာ အသုဘအခမ်းအနားမှာရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ်ခွဲစိတ်မှုရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီးခေါ်လိုက်တာပါ ... အခု ရှင့်သားရဲ့ အသက်ကို ကယ်တင်ပြီး သူ့သားလေးရဲ့ အသုဘအခမ်းအနားပြီးဆုံးချိန်အမှီ ပြန်ပြေးသွားတာပါ" တဲ့ ...။
မှတ်သားဖွယ် ။ ။ ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ .. ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘ၀မျိုးကို ကြုံတွေ့နေရတယ်ဆိုတာ သင်သိချင်မှသိမှာ မို့လို့ပါ ....။

(အမေ… ဒီနေရာမှာ သမီးစာတစ်ပိုဒ် ၀င်ရေးလိုက်ပါရစေ… ဘင်္ဂါလီကိစ္စနဲ့
ပတ်သတ်လို့ အမေစုမှာ အဲ့ဒီဆရာဝန်လို အဖြစ်မျိုးရှိနိုင်တယ် ဆိုတာလေး တစ်ချက်တွေး စေချင်ပါတယ်။
BBC သတင်းထောက်မ Anna Jone က မြန်မာနိုင်ငံ မြေပုံကြီးနဲ့ ကချင်ကယား ကရင်ချင်း မွန်ဗမာ..
ရိုဟင်ဂျာ ဆိုပြီးလုပ်ထည့် လိုက်တဲ့ကိစ္စအပြီးမှာ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား ဖြစ်ကြောင်း
အင်္ဂလိပ်လို သမိုင်းစာအုပ်တွေ ထွက်လာပါတယ်။ သတင်းမီဒီယာ ဘလော့တွေကနေလည်း အကြီးအကျယ်ရေးခဲ့၊
ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီတုန်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းပါ။ ရုရှားပညာတော်သင်
ကျောင်းသားတွေ၊ BBC, VOA, DVD သတင်းမီဒီယာတွေ အပါအ၀င် မြန်မာအစိုးရ သတင်းပြန်ကြားရေးကပါ
ဒီကိစ္စကို ဘယ်သူမှ ချေပငြင်းဆို ဖြေရှင်းတာမရှိခဲ့ပါဘူး။ တခြားမခံချင်တဲ့ သူတွေကသာ
ဟိုတစ်စဒီတစ်စ ချေပရေးပေမယ့် ဘယ်ထိရောက်ပါ့မလဲ။ ဒါပြီး သိပ်မကြာလိုက်ဘူး၊ သမီးမှတ်မိသလောက်
၂လလောက်ပဲခြားတယ် သီတာထွေး ကိစ္စဖြစ်တယ်။ အဓိကရုဏ်းတွေ ဖြစ်လာတော့လည်း ဒီအတိုင်းပါပဲ
ဝိုင်းပြီးတော့ရေးလိုက်၊ တင်လိုက်ကြတာ သူတို့ဆရာကြီးတွေ စိတ်ကြိုက်ပါပဲ။ ဒေါ်စုနိုင်ငံတကာ
ထွက်တော့လည်း နေရာတိုင်းမှာ မသမာသူအပေါင်းက ချောင်ပိတ်ပြီး ၀ိုင်းမေးလိုက်ကြတာလည်း
ဒီကိစ္စပါပဲ။ ဒေါ်စုဖြေခဲ့ ပြောခဲ့တာအားလုံးကို အနှစ်ချုပ်ရင် ၂ခုတည်းပါ။ နံပါတ်၁- ရိုဟင်ဂျာ
ဆိုတာကို သူလုံးဝမသိဘူးတဲ့။ အဲ့ဒီတစ်ခွန်းတည်းနဲ့တင် သမိုင်းကိုလိမ်ဖို့ ကြိုးစားနေတဲ့
လူတွေငြိမ်ကျသွားတာပါ။ ပြည်ပက အစ္စလာမ်ကူညီရေး အင်အားစုတွေကလည်း နိုင်ငံကြီးတွေက ဒေါ်စုကိုဘွဲ့ကြီးတွေပေးပြီး
အကြီးအကျယ်ဂုဏ်ပြုနေတဲ့ အရှိန်အ၀ါကြောင့် မြန်မာပြည်အမြစ်ပြတ် ချေမှုန်းရေး အစီအစဉ်တွေ
ကိုယ်ရှိန်သတ်သွားတယ်။ ဒါကိုလည်း ပြည်တွင်းက
အရိုးနဲ့ထိုးမယ့်သူတွေ မသိလိုက်ကြဘူး မဟုတ်လား။
နံပါတ်၂- ဒီပြဿနာဟာ တရားဥပဒေစိုးမိုးမှ ဖြေရှင်းနိုင်မှာပါတဲ့။
ဒီစကားကြောင့် ကုလားဘက်တော်သား အပေါင်း (အရင်က အမေစု၊ မမစုနဲ့ တစ်စုတည်းစုနေသူ မီဒီယာလောကက
နိုင်ငံရေးလုပ်စားတွေဟာ) မမစု သမ္မတဖြစ်ပြီး တရားဥပဒေ စိုးမိုးမှာကို စစ်အာဏာရူးတွေလိုပဲ
စိုးရိမ်နေကြပြီး.. သူတို့ဘက် သွေးဆောင်မရလို့ ဒေါ်စုကိုမုန်းတီး တိုက်ခိုက်နေကြတယ်
ဆိုတာတွေကိုရော “ဒီမိုကရေစီမလိုချင်တော့ဘူး အမျိုးဘာသာသာသနာကို ငရဲကြီးခံကာကွယ်မယ်”
ဆိုနေသူတွေ သိကြပါသလား။) သေချာယုံစေချင်တာကတော့ ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးမှာ သူ့လောက်အမြင်ကျယ်သူ
မရှိသေးပါဘူး။ နောက်ဆုံးစာတစ်ပုဒ်အနေနဲ့ ဆရာသစ္စာနီရဲ့ ဆောင်းပါးလေးကို အမေဖတ်ဖို့ အောက်မှာသမီး
ကူးထည့်ပေးလိုက်ပါတယ်… အဲ့ဒါလေးဖတ်ပြီးရင်တော့
ဒေါ်စုဟာ အဆင့်အတန်းမရှိတဲ့ ပေါချာချာ အာဏာရူး စစ်ဗိုလ်ချုပ်တွေအပြင်၊ အင်အားကြီးမားတဲ့
ဘယ်လိုအရာတွေကိုပါ ခေါင်းထဲထည့် ထားရသေးတယ်၊ ရင်ဆိုင်နေရသေးတယ် ဆိုတာအမေ သဘောပေါက်
ပါလိမ့်မယ်။ မွေးကတည်းက အင်္ဂလိပ်လိုပြောတဲ့ အိုဘားမားတောင် ဘယ်မိန့်ခွန်းကိုမှ စာရွက်မကြည့်ဘဲ
အလွတ်မပြောနိုင်ပါဘူး။ ဒေါ်စုဟာ မြန်မာလိုပြောပြော၊ အင်္ဂလိပ်လိုပြောပြော… မိန့်ခွန်းတွေကို
အလွတ်လည်းစာရွက် မပါဘဲတစ်ကမ္ဘာလုံးက တန်ဖိုးထားမှတ်သားရတဲ့ စကားတွေပြောနိုင်တယ်။ ရည်ရွယ်ချက်ပေါင်းစုံနဲ့
မေးတဲ့မေးခွန်းမှန်သမျှကို အစွန်းလွတ်လွတ် အမှားကင်းကင်း ဖြေနိုင်တယ်။ မပြောသင့်တဲ့
ဘာစကားအပိုမှ မပြောဘဲနေနိုင်တယ်။ မုန်းတီးသူ တိုက်ခိုက်သူအားလုံးကို မေတ္တာမပျက် အပြုံးမပျက်
အကောင်းဆုံး တုံ့ပြန်နိုင်တယ်။ ဘယ်လိုသတိမျိုးလို့ အမေထင်ပါသလဲ။ သူ့မျက်နှာက အပြုံးတွေဟာ
ဘယ်လိုအနက်တွေလို့ ထင်ပါသလဲ။ ကိုယ်နှင့်ထပ်တူ ကိုယ့်ရန်သူ၊ ကိုယ့်ချစ်သူ၊ ကိုယ်နဲ့ဘာမှမဆိုင်
မချစ်မမုန်းသူ ဒီလေးဦးအပေါ် တန်းတူမျှမှ မေတ္တာစစ်ဆိုတာရယ်၊ အောင်ခြင်း၈ပါးမှာ ဘုရားရှင်သုံးတဲ့
လက်နက်ဟာ မေတ္တာနဲ့ တန်ခိုး ၂မျိုးတည်း။ ဘယ်တစ်မျိုးကို မြတ်ဘုရားပိုနှစ်သက်တယ်၊ အမြဲသုံးတယ်
ဆိုတာရယ်ကိုလည်း အမေသိပြီးသားပဲ။)
သစ္စာနီ
ငါ့ကို
ရိုက်ယင် ငါ့ရန်သူလို့ အတည့်အတိုင်း မတွေးပါနဲ့။ ဘာဖြစ်လို့ ရိုက်တာလဲ- ငါအရိုက်ခံရယင်
ဘယ်သူ အကျိုးရှိမလဲ၊ ငါက ဘယ်သူက ရိုက်တယ်လို့ ထင်မလဲ။ ငါက တုန့်ပြန်ယင် နောက်ဆက်တွဲ
ဘာတွေ ဖြစ်မလဲ စသဖြင့်- အားလုံးကို တွေးပါ။ ဆင်ခြင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့-
အင်မတန်
အင်အားကြီးတဲ့ လူအဖွဲစည်း တစ်ခုဟာ- အင်မတန် မြင့်မားတဲ့ ဥာဏ်ရည်၊ အင်မတန် စေ့စပ်စွာနဲ့
တကမ္ဘာလုံးကို အကွက်ချ ဆောင်ရွက်နေတာတွေကို တွေ့ရပါမယ်။ မြန်မာ နိုင်ငံဟာ တစ်ခု အပါအ၀င်ပါ။
သူတို့ဟာ-
စစ်တုရင် ထိုးသလို- အကွက်ပေါင်း များစွာ နဲ့ ဖြစ်နိုင်သမျှ အားလုံးကို ကြိုတွေး ထားပြီး
ဖြစ်ပါတယ်။
အရေး
အကြီးဆုံး အချက်က- လူတစ်ဦး တစ်ယောက်၊ နိုင်ငံ တစ်နိုင်ငံ လို့ မမြင်လိုက်ပါနဲ့..
ဒီအကြောင်းတွေကို
အယင်ကတည်းက ပြောပြချင်ပေမယ့်- အများစု က လက်ခံ နားလည် နိုင်မှာ မဟုတ်လို့ ပြောခွင့်မသာ
ခဲ့ပါဘူး။
အခုဆိုယင်
အနောက်နိုင်ငံ မီဒီယာ တွေရဲ့ အကျင့်စရိုက်မှန်ကို မြန်မာ နိုင်ငံသားများ အတိုင်းအတာ
တစ်ခု အထိ သိလာပြီ ဖြစ်လို့ ယခု စာပါ အကြောင်းတွေကို နားလည်မယ်လို့ ယူဆပါတယ်။
လက်ရှိ
မြန်မာ နိုင်ငံက ဘင်္ဂါလီ ပြဿနာဟာ- အစလေး တစ်စ လောက်သာ ဖြစ်ပြီး နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ
ဆိုတာကို ယခု ဆောင်းပါးကို သေသေချာချာ ဆင်ခြင် နိုင်ယင် တွေ့လာရ ပါလိမ့်မယ်။
ဖြစ်လာမယ့်
အန္တရာယ်ကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော လမ်းကို အောက်ဆုံးမှာ ဖေါ်ပြပေးထားပါတယ်။
အပိုင်းပိုင်း
ခွဲခြားပြီး ချယ်လှယ်ခြင်း ၀ါဒ မူ (Divide and Rule)
လမ်းမတော်
ဘတုတ်၊ မြောင်းမြ ချက်ကြီး၊ ကြည့်မြင့်တိုင် ရန်ကနား၊ ပုဇွန်တောင် ငမိုး စတဲ့ လူမိုက်ဂိုဏ်း
အသီးသီးကို ရန်ကုန်မှာ ချယ်လှယ် အုပ်ချုပ်ခိုင်းတဲ့ အချိန် အတွင်းမှာ- ဗြိတိသျှ လက်အောက်မှာ
ရှိတဲ့- ဟောင်ကောင်မှာလည်း 14K ၊ The Sun Yee On၊ The Wo Shing စတဲ့ ဂိုဏ်းပေါင်း ၅၀
ကျော်လောက် ရှိခဲ့ပါတယ်။ ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ အချိန်မှာ-
ကရင် တိုင်းရင်းသား တွေကို လက်နက်တွေ ပေးပြီး အိမ်ကြက်ချင်း အိုးမဲ သုတ် သတ်ခိုင်း
ခဲ့သလို၊ ရခိုင်ဒေသ က မူဂျာဟေဒင် သူပုန်တွေကို လက်နက်တွေ ပေးထားခဲ့ပါတယ်။ ဒီလိုပဲ-
အိန္ဒိယ မှာ လွတ်လပ်ရေး ရတာနဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် ကွဲထွက်၊ ဘာသာရေး အထိကရုဏ်းကြောင့်
လူပေါင်း သိန်းနဲ့ချီ သေဆုံး ကြရပါတယ်။
ဒီလိုပဲ-
အာဖရိက နိုင်ငံတွေမှာ- လွတ်လပ်ရေး ရပြီးတာနဲ့ စားစရာ ထက် ပိုပေါ တာက သေနတ်တွေ ဖြစ်နေပြီး-
လူမျိုးစု အချင်းချင်း သတ်ဖြတ်ကြနဲ့- အစိတ်အစိတ် အမွှာမွှာ ကွဲထွက် ခဲ့ရပါတယ်။
လူသန်းပေါင်း
များစွာ သေဆုံးပြီး- မြန်မာ ပြည်မှာ ရှေးစိန် လို့ လူသိများတဲ့ - အာဖရိက စိန် ကို ကမ္ဘာကျော်
ဒီဗီးယား စိန်ကုမ္ပဏီ ကြီးက- စိန်ဘိုး တန်ရာ တန်ကြေး ပေးစရာမလိုပဲ- ဒေသခံတွေကို ကျွန်အဖြစ်
ခိုင်းတဲ့ အာဏာရ သူပုန် အဆင့်ဆင့် လက်ထဲကနေ အလကား နီးပါး ရပြီး- ကမ္ဘာ့ စိန်ဈေးကွက်
ကို တစ်ဦးတည်းပိုင် ကြီးစိုး ထားပါတယ်။
လုပ်ပိုင်ခွင့်
ရှိသူတွေကို လာဘ်ပေးရတာက လွဲလို့ အဲဒီ တိုင်းပြည်ကို ပေးရမယ့် တန်ရာတန်ကြေး စိန်ဘိုး
နဲ့ ဒေသခံ တွေရဲ့ လုပ်အားခ ကို - အလကား နီးပါး ရပါတယ်။ စိန်အလုပ် သမားဟာ- တစ်ခြား လုပ်စရာမရှိလို့
လုပ်ရတဲ့ အလုပ်သမား ဖြစ်ပြီး မ၀ရေစာ နေ့စားခ ပဲ ရပေမယ့်- အထွက်မှာ တစ်ကိုယ်လုံးက ဒွါရ
ကိုးပေါက် စလုံးကို အစစ်ခံကြ ရပါတယ်။ တိုင်းပြည် အတွက် တန်ရာတန်ကြေး ရမည် ဆိုယင်- ဒီဘဝ
ရောက်စရာ မရှိပါဘူး။
ကမ္ဘာ့
ရေနံ အများဆုံး စာရင်းမှာ အမှတ် ၁၁- ဖြစ်ပြီး၊ ရေနံကို ပြည်ပ ပို့ရောင်းတဲ့ နေရာမှာ
အဆင့် ၈- နေရာမှာ ရှိတဲ့ နိုင်ဂျီးရီးယား နိုင်ငံ သားတွေဟာ- လူလိမ်တွေ။ သူခိုး ဂျပိုးတွေ
အဖြစ်နဲ့ ကမ္ဘာမှာ လူသိများနေကြရပါတယ်။ ဒါတွေ အတွက် ညံ့ဖျင်းတဲ့ အစိုးရ၊ အကျင့်ပျက်
အရာရှိတွေ အာဏာရပြီး၊ ရိုးသား သူ အရည်အချင်း ရှိသူ ခေါင်းဆောင် တွေကို ဘယ်သူက လက်စတုန်း၊
ဘ၀တုန်း ပေးလိုက်တယ် ထင်ပါသလဲ။
ကမ္ဘာကျော်
ပါနားမား တူးမြောင်း ရှိတဲ့ ပနားမား နိုင်ငံက နဂိုတုန်းက ကိုလံဘီယာ နိုင်ငံရဲ့ ဒေသတစ်ခု
ဖြစ်ပြီး- ကမ္ဘာ့ကုန်သွယ်ရေး အတွက် အရေးကြီးတဲ့ တူးမြောင်းလဲ ပြီးရော- ပနားမား နိုင်ငံ
ကို ခွဲထွက်ဘို့ အတွက် ပနားမား ခွဲထွက်သူပုန်တွေက တောင်းဆို လာချိန် မှာ- အမေရိကန်
ရေတပ် စစ်သင်္ဘော Esmeralda ကို ပို့လွှတ်ပြီး- ပါနားမား နိုင်ငံ လွတ်မြောက် စေသတည်း ဖြစ်သွားပါတယ်။
အသက် ၃၀ အရွယ် - ဗိုလ်ချုပ် အောင်ဆန်း လွတ်လပ်ရေး ကိစ္စအတွက် အင်္ဂလန် ကို သွားဘို့ လုပ်တဲ့
အချိန်မှာ- ဗိုလ်ချုပ် နဲ့ မြန်မာကို အင်မတန် သံယောဇဉ် ကြီးတဲ့- အင်္ဂလန် မင်းမျိုး မင်းနွယ်လည်း
ဖြစ်၊ အရှေ့တောင် အာရှ စစ်သေနာပတိလည်း ဖြစ်- လော့ဒ် ဘွဲ့ ပိုင်ရှင်လည်း ဖြစ်တဲ့ လော့ဒ်
မောင့်ဘက်တန်ဟာ- သူ့ကို စောင့်ဘို့ ပြောပြီး၊ ဂျပန် နဲ့ စစ်စာချုပ် ကိစ္စတွေ၊ အရှေ့တောင်
အာရှ အုပ်ချုပ်ရေး ကိစ္စတွေ အရေးကြီးတဲ့ အလုပ်တွေ အများကြီး ကြားက ဗိုလ်ချုပ်ကို ပြောစရာရှိလို့-
မြန်မာကို ပြေးလိုက်တာတယ်။ လွဲသွားတော့ အိန္ဒိယ ကို ဆက်လိုက်တယ်။ အဲဒီ မှာလည်း မမီတော့-ပဲ
နေရူး နဲ့ပဲ တွေ့ခဲ့ရတယ်။ သူဘာတွေ အရေးတကြီး- လူကိုယ်တိုင် ပြောပြဘို့- ကြိုးစားခဲ့ရတယ်
ထင်ပါသလဲ။ ဒီအချိန်မှာ မြန်မာလို နိုင်ငံမျိုးက လူငယ်- ခေါင်းဆောင် တစ်ယောက်ကို အရေးတကြီး
ပြောစရာ မရှိပဲ- လိုက်လာစရာ အကြောင်းမရှိပါ။ လော့ဒ် မောင့်ဘက်တန် ရဲ့ အဆင့်ကို သိချင်ယင်ဒီမှာ
ဖတ်ကြည့်ပါ။ (http://en.wikipedia.org/wiki/Louis_Mountbatten,_1st_Earl_Mountbatten_of_Burma) ပါနားမား တူးမြောင်းကို
ပါးနားမား အုပ်ချုပ်ရေး လက်ထဲ ပြန်ရောက်ဘို့ ကြိုးစားခဲ့တဲ့ ပနားမား ပြည်သူတွေ ချစ်တဲ့
ဗိုလ်ချုပ် တိုရစ်ဇိုး ဟာ- အမေရိကန် အကူအညီ ပေးထားတဲ့- ပနားမား ထောက်လှမ်းရေး အကြီးအကဲ
ဗိုလ်ချုပ် နိုရေးဂါး ရဲ့ လျှို့ဝှက် လုပ်ကြံမှုကြောင့်- လေယာဉ် ပျက်ကျ သေဆုံးခဲ့ပြီး။
နောက်ပိုင်း နိုရေးဂါး ကိုလည်း အမေရိကန်က မူးယစ်ဆေးဝါး အကြောင်းပြပြီး ပနားမားကို ဗုံးကြဲ၊
နိုရေးဂါး ကို ၀င်ဖမ်းခဲ့ပါတယ်။ တကယ်လို့ ဗိုလ်ချုပ် တိုရစ်ဇိုးသာ အသက်ဆက်ရှင် နေမယ်
ဆိုယင်- ပနားမား က အမေရိကန် စစ်စခန်း ကို ဖယ်ပေးဘို့ နဲ့ - တူးမြောင်းကို ဆက်လက် အုပ်ချုပ်ခွင့်
ရမှာ မဟုတ်ပါဘူး။ သို့သော်လည်း စိတ်ကောင်း ရှိတဲ့ သမ္မတ ဂျင်မီကာတာ နဲ့ ဗိုလ်ချုပ် တိုရစ်ဇိုး
တို့ လက်မှတ် ထိုးထားခဲ့မှု ကြောင့်- နောက်ဆုံးမှာ တူးမြောင်းကို ပနားမားလက်ထဲ ပြန်ထည့်
လိုက်ရပေမယ့် အဲဒီက လျှို့ဝှက် စစ်သင်တန်းတွေ ပို့ချ နေတဲ့ အမေရိကန် စခမ်း ကိုတော့
အခုအထိ ဆက်လက် ဖွင့်ထား နိုင်ဆဲ ဖြစ်ပါတယ်။ http://en.wikipedia.org/wiki/Separation_of_Panama_from_Colombia
အရှေ့တီမော နိုင်ငံဟာ- ရေနံထွက်ရှိ
လာပြီးနောက်မှာ- ဘာသာရေး အကြောင်းပြပြီး- အင်ဒိုနီးရှား နိုင်ငံကို ထောက်ခံတဲ့
သူတွေက မတရားနှိပ်စက်မှုကို ကြောင့် ခွဲထွက်အောင် နိုင်ငံ တကာ မီဒီယာ ကို
အသုံးချပြီးနောက်- အရှေ့တီမောမှာ- ကမ္ဘာ့ဘဏ်၊ အိုင်မန်အက်ဖ်၊ ၾသစေတ်းလ်၊
လူ့အခွင့်အရေး အဖွဲ့အစည်းတွေက- နေရာယူပြီး၊ အရှေ့တီမော ပြည်သူတွေ ဒုံရင်း အတိုင်း
ရှိနေစဉ်မှာ လမ်းပေါ်က ကာ ၅-စီးမှာ ၄-စီးဟာ အဲဒီအဖွဲ့အစည်းတွေ ပိုင် ကားတွေပဲ
ဖြစ်နေပါတယ်။ ကျန်တစ်စီးက တော့ လက်ရှိ အာဏာရ အစိုးရ နဲ့ သက်ဆိုင်သူ တွေ
ပိုင်တဲ့ကားပဲ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ဒီအတိုင်းပါပဲ။
မီးစာတစ်ဘက်- ရေမှုတ်တစ်ဘက်။ (ရန်သူကို
အင်အားကြီးစေခြင်း)- ၁၉၅၅ က နေ ၃၀၊ ဧပြီလ ၁၉၇၅ အထိ ဗီယက်နာမ်
စစ်တစ်လျှောက်လုံးမှာ- တရုပ်ကြီး က စစ်လက်နက်ပိုင်း၊ ဗျူဟာပိုင်းတွေနဲ့ ဗီယက်နာမ်
တွေကို အကူအညီ ပေးခဲ့သလို၊ ၁၉၅၀- ကနေ ၁၉၅၃ အထိ၊ ကိုရီးယား စစ်ပွဲမှာလည်း
တရုပ်ကြီးက မြောက်ကိုရီးယား တွေဘက်ကနေ ကူညီခဲ့ပါတယ်။ အခြား ဆန့်ကျင်ဘက် တစ်ဘက်ကို
ကူညီ နေတာက အမေရိကန်ပါ။ တကယ်တမ်းက ဗီယက်နာမ်တွေ ရဲ့ အသက်၊ ကိုရီးယား တွေ ရဲ့
အသက်တွေ နဲ့ ဗီယက်နာမ်၊ ကိုရီးယား မြေမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့ပေမယ့်- နောက်ကွယ်
က အင်အား ပြိုင်နေသူတွေက တရုပ် နဲ့ အမေရိကန် ပါပဲ။
တရုပ်ကြီးက တိဘက်ကို ကျူးကျော် တဲ့ ၁၉၅၉
ခုမှာ တစ်ဘက်က နေ တရုပ်ကို ရှုံ့ချခဲ့ပါတယ်။ အဲဒီ အချိန်မှာပဲ တရုပ်ကြီးဟာ ကုလ
သမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီဝင် ဘ၀ ရောက်ပါပြီ။ ၁၉၈၈- ရင်ပြင်နီမှာ ကျောင်းသား
တွေကို သတ်ပစ်တာကို ရှံ့ချ တဲ့ တစ်ချိန်တည်းမှာ- ၂၀၀၈ အိုလံပစ် ကြီး အတွက်-
တရုပ်ကြီးကို ပီကင်း အိုလံပစ် အတည်ပြုပေးခဲ့ပါတယ်။ (၄- နှစ် မှ တစ်ကြိမ်
ပြိုင်ရတဲ့ အိုလံပစ် အတွက် အနည်းဆုံး ၄-ကြိမ်စာ ကတည်းက ကြိုတင် ခွင့်ပြုပေးထား
ရပါတယ်၊)
လူတိုင်း သိထားကြတဲ့ အိုစမာ ဘင်လာဒင် ဟာ
တစ်ချိန်က စီအိုင်အေ အတွက် အလုပ်လုပ် ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁- ရက်
ကိစ္စ ဖြစ်ချိန်မှာ ဘင်လာဒင် ရဲ့ မိသားစု တွေဟာ- အမေရိကန်မှာ ရှိနေခဲ့ပြီး-
လေယာဉ်တွေ ပြန်လည် ပြေးဆွဲတဲ့ ပထမ ဆုံး ခရီးစဉ်မှာ သူတို့ကို အမေရိကန် ကနေ
ပြန်ခွင့်ပေးခဲ့ပါတယ်။ ခေါ်ယူ မေးမြန်းခြင်း မရှိခဲ့ပါဘူး။
အယ်လ် ခိုင်ဒါး၊ ဂျေအိုင်၊ တာလီဘန်၊ စတဲ့
အကြမ်းဘက် အဖွဲ့အစည်းတွေ အတွက် ဘဏ္ဍာရေး ကို အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံဟာ-
အများထင်သလို- ဆီးရီးယား၊ လက်ဘနွန်၊ အီရန်၊ အီရတ် တို့ မဟုတ်ကြပါဘူး။ အမေရိကန် ရဲ့
မဟာမိတ်ကြီး ဆော်ဒီ အာရေဗီယ UAE ပဲ ဖြစ်ပါတယ်။
၁၉၁၄-၁၉၁၉ အထိ- ဖြစ်ပွားခဲ့တဲ့ ပထမ
ကမ္ဘာစစ်မှာ- ဂျာမဏီဟာ စစ်ရှုံးခဲ့ရ တာကြောင့် စီးပွားရေး ပိတ်ဆို့မှု များ
လုပ်ထားပြီး အင်မတန် ကြပ်တည်း ငတ်ပြတ် ခဲ့ရပါတယ်။ သို့သော်လည်း- နောက်ပိုင်းမှာ
အမေရိကန်က အကူအညီ ရလာလို့ အနည်းငယ် ချောင်လည် လာပါတယ်။ ဒါပေမယ့်လည်း ၁၉၃၀ - The
Great Depression ဆိုတဲ့ အမေရိကန် စီးပွားပျက်ကပ် လည်း ဆိုက်ရော အမေရိကန် က
မကူနိုင်တော့လို့- ဂျာမဏီဟာ အငတ်တွင်း ထဲ ရောက်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ၁၉၃၉-ဒုတိယ
ကမ္ဘာစစ် ဖြစ်ချိန်မှာ- ဂျာမဏီ နိုင်ငံဟာ- ဘယ်က ဘယ်လို ပိုက်ဆံတွေ၊ စက်မှု
ကုန်ကြမ်းတွေ ရလာလည်း မသိဘူး- ဒုံးပျံ နဲ့ အာကာသ ပညာပိုင်းတွေ၊ Rocket Science မှာ
ကမ္ဘာမှာ အကောင်းဆုံး ဖြစ်ပြီး၊ အနုမြူကို ရလုနီးနီး ဖြစ်ခဲ့ပါတယ်။ အိုင်းစတိုင်းသာ
အမေရိကန် ကို မရောက်ခဲ့ယင် ဂျာမဏီ က အနုမြူကို အရင်ရမှာ ဖြစ်ပါတယ်။ ဒုံးပျံ သုတေသန
တစ်ခုတည်းမှာတင် လက်ရှိ နာဆာ အဆင့်ထက်မြင့်လို့ နာဆာကို စစ်အပြီးမှာ နာဇီ
သိပ္ပံပညာရှင် ၃၅-ယောက် နဲ့ စတင် ဖွဲ့စည်းခဲ့ပါတယ်။
အခုငွေ တန်ဘိုး နဲ့ ဆိုယင် ဘီလျံဒေါ်လာ
စရိတ်ရှိတဲ့ ဒုံးပျံ သုတေသန၊ ဘီလျံ နီးပါး ကုန်ကျနိုင်တဲ့- အနုမြူ သုတေသန၊
မီလျံပေါင်း များစွာ ကုန်ကျ နိုင်တဲ့- ဆေးပညာ နဲ့ မျိုးရိုးဗီဇ သုတေသန Genetic
Research၊ ဒုတိယ ကမ္ဘာစစ်ကို ဆင်နွဲနိုင်ဘို့ လိုအပ်တဲ့ စစ်စရိတ်၊ လက်နက် ပစ္စည်း
ဘီလျံ များစွာကို ဘယ်က ဘယ်လို ရသလို ဆိုတာ စဉ်းစားကြဘို့ လိုပါတယ်။ ငွေရတယ်ဘဲ
ထားဦး၊ ပိတ်ဆို့မှု တွေ လုပ်ထားတဲ့ နိုင်ငံမှာ လက်နက် နဲ့ သုတေသန အတွက် လိုအပ်တဲ့
ကုန်ကြမ်း ပစ္စည်းတွေ ဘယ်လို ရမယ် ထင်ပါသလဲ။ နောက်မှာ ပေါ်ထွက်လာတာက အမေရိကန်
သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ် ရဲ့ အဘိုး အမေရိကန် လွှတ်တော် အမတ် Prescott Bush
နဲ့။ ရော့ခ်ဖဲလား၊ (ကုသမဂ္ဂ အဆောက် အဦကို လှူထားသူ) အဓိက တော့- အမေရိကန် နဲ့ အင်္ဂလန်
ထိပ်ပိုင်း ပုဂ္ဂိုလ်များ ပါဝင် ပါတယ်။ ဒီစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။ http://www.amazon.com/Who-Financed-Hitler-Funding-1919-1933/dp/0671760831 ဒီထက် ဒီထက်
မကတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ သေသေချာချာ သိချင်ယင်- Confessions of an
Economic Hit Man စာအုပ်ကိုဒီလင့် က နေကနေ ဒေါင်းပြီး ဖတ်ကြည့်ပါ။ တစ်ခြား လည်း
ဖတ်စရာတွေ အများကြီး ရှိပါသေးတယ်။ http://www.thevenusproject.com/downloads/ebooks/John%20Perkins%20-%20Confessions%20of%20an%20Economic%20Hitman.pdf
ဒီအဖွဲ့အစည်းကြီးများ နဲ့-
ပုဂ္ဂိုလ်ကြီးများ ရဲ့ အစီအစဉ် တွေဟာ- လူထု အားလုံး ညီညွတ်ယင် - ရိုးသားမှု ကို
တန်ဘိုးထားပြီး အတ္တ ကင်းရှင်းယင် အလုပ် မဖြစ်တော့ပါဘူး။
ဒါတွေကို နိုင်ငံတကာ- ဖြစ်ရပ်တွေ နဲ့
ချပြီး ယှဉ်ကြည့်မှ မြင်ရမှာမို့- အခုလို ရေးသားရခြင်း ဖြစ်ပါတယ်။ ဒီထက် မကတဲ့ နမူနာတွေ
ထောင်နဲ့ ချီပြီး ရှိပါတယ်။ လေ့လာကြပါ။ မိမိသိရှိတာကိုလည်း ဆက်လက် လက်ဆင့်ကမ်း
ဖြန့်ဝေကြပါ။
ခင်မင်လျှက်
သစ္စာနီ
- ငရဲ သား သုံးသပ်ချက်တော်တော်ကောင်းပြီး
ဗဟုသုတရစရာ ပို့စ်ပါပဲ..။
ဒါပေမယ့် ပုံစံမတူတဲ့ (Divide and Rule) ကို အသုံးပြုတဲ့ နောက်ထပ် အင်အားစုကြီးတစ်ခုရှိပါသေးတယ်။ သူတို့ဟာ Second UN လို့ ခေါ်လို့ရပါတယ်။ နောက်ပြီး လက်ရှိ super power ပုဂ္ဂိုလ်ကြီးများ၊ အဖွဲ့အစည်းကြီးများကတောင် သူတို့ကို ထိပ်တိုက်တွေ့ဖို့မကြိုးစားကြပါဘူး။ အဲဒီအစုဟာ Universal Declaration of Human Rights ကို လက်ခံပြထားပေမယ့် Cairo Declaration of Human Rights in Islam ကိုလိုက်နာပါတယ်.။ သူတို့ဟာ လက်ရှိ Super Power နိုင်ငံတွေလိုမဟုတ်ပဲ ကိန်းဂဏန်းအရမဟုတ်တဲ့ ဒေါ်လာဘိလီယံပေါင်းများစွာလက်ဝယ်ရှိပါတယ်.။ ခေါင်းစဉ်တစ်ခုအောက်မှာပဲ ဒါတွေကို တစ်လုံးတစ်ခဲတည်း အသုံးချလို့ရအောင် ပြုလုပ်နိုင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ပိုင်ဆိုင်ထားတဲ့ ရပ်တည်မှုတူတဲ့ နိုင်ငံများက ဦးဆောင်ပါတယ်..။
ဒီအင်အားစုဟာ လက်ရှိမှာ အားလုံးရဲ့နောက်မှာ အသံတိတ်စွာရှိနေပါတယ်. ။ တကမ္ဘာလုံးက Terrorism ကိစ္စတွေမှာ နောက်ကွယ်က ငွေကြေးဆိုင်ရာ မပတ်သက်ဘူးလို့ မပြောနိုင်သလို ကယ်တင်ရှင်အဖွဲ့အစည်းကြီးအဖြစ် အရှေ့အလယ်ပိုင်းက သိကြပါတယ်..။
သူတို့ရဲ့နောက်မှာ ဗြိတိန်ပါလီမန်၊ အမေရိကန် လွှတ်တော်ပေါင်းစုံနဲ့ UN NGO များ၊ ကမ္ဘာ့ ထိပ်တန်း ထေက်လှမ်းရေးအဖွဲ့ဝင်များ နိုင်ငံတကာမီဒီယာကြီးများ အပေါ် သြဇာသက်ရောက်သလို တန်ပြန်သတင်းပေးခြင်း အချက်အလက် ဖလှယ်ခြင်းဖြင့် ၄င်းတို့ရဲ့ ရပ်တည်မှုကို ခိုင်မာအောင် ထိန်းနိုင်ခဲ့ပါတယ်..။
၎င်းတို့ဟာ လက်ရှိ တတိယကမ္ဘာ့ နိုင်ငံများ၊ ဖွံဖြိုးဆဲနိုင်ငံများရဲ့ ဘာသာလူမျိုးရေးပြဿနာများမှာ အနုနည်းနဲ့ ၀င်ရောက်စွက်ဖက်လေ့ရှိသလို ကမ္ဘာ့မီဒီယာများကိုလည်း ပဲ့ကိုင်နိုင်ကြပါတယ်..။ ဘာသာတူများကိုလည်း မဟာကရုဏာရှင်များအဖြစ် မြင်စေပါတယ်..။ လိုအပ်ရင် Terrorist တွေ မွေးထုတ်ဖို့ ၀န်မလေးပါဘူး..။ အဲဒီစနစ်ဟာ နည်းလမ်းအားလုံးထက် ပိုထိရောက်သလို စားပွဲတလုံးပေါ်ကနေ ကမ္ဘာတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေချင်ရင် စကားတစ်ခွန်း ကြေညာချက်တစ်ခု၊ ဓာတ်ပုံ တစ်ပုံနဲ့တင် လုပ်လို့ရပါတယ်..။
ဥမာပေးရရင်
အဲဒီအင်အားစုကြီးရဲ့ လုပ်ဆောင်ချက်ကို သိချင်ရင် 30 September 2005 မှာ ပါဝင်တဲ့ ဒိန်းမတ်သတင်းစာက ကာတွန်းတစ်ပုံကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိအောင် ဖန်တီးနိုင်ပေစွမ်းနိုင်ခဲ့တယ်ဆိုတာ လေ့လာကြည့်နိုင်ပါတယ်.။
http://en.wikipedia.org/.../Cairo_Declaration_of_Human...Cairo Declaration on Human Rights in Islam - Wikipedia, the free encyclopedia The Cairo Declaration on Human Rights in Islam (CDHRI) is a declaration of the m...See More
Maung Min Min တကယ်တော့ တရုတ်ဟာ
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာနိုင်ငံကို
နောက်ကျောကနေ မြှားနဲ့ထောက်ထားသလို
ဘင်ဂါလီ Issue ဟာလည်း အမေရိကန်ရဲ့ မြန်မာနိုင်ငံကို လိုသလို ကြိုးဆွဲလို့ ရအောင်
ထောက်ထားတဲ့ လက်နက်တစ်ခုဖြစ်တယ် လို့ပဲ မြင်ပါတယ်
နောက်ကျောကနေ မြှားနဲ့ထောက်ထားသလို
ဘင်ဂါလီ Issue ဟာလည်း အမေရိကန်ရဲ့ မြန်မာနိုင်ငံကို လိုသလို ကြိုးဆွဲလို့ ရအောင်
ထောက်ထားတဲ့ လက်နက်တစ်ခုဖြစ်တယ် လို့ပဲ မြင်ပါတယ်
Subscribe to:
Posts (Atom)