Pages
11 June 2011
သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၇)
2:31 PM မိုး: အဟွတ် ဟွတ် 
2:32 PM me: :) အိပ်မငိုက်သေးဘူးလို့ အချက်ပြတာလား ငါလည်းမငိုက်သေးဘူး။ လစဉ်အလှူ ခုမှ လုပ်ရတယ်2:33 PM စိတ်လိုလက်ရရင် ငါတို့ စလှူတဲ့လက စပြီး လှူပြီးသမျှတွေ ပြန်ပေါင်းကြည့်မယ် ပြီး ပြန်မြှောက်ကြည့်မယ်လေ
  အဟေဟေ 
2:35 PM မိုး: အေ အေ
  ကောင်းတယ် လုပ်ကြည့်ပါ
  ငါလဲ သိချင်တယ်၏
24 minutes
2:59 PM me: ဟဲ့ ငါ့မှာ ၂၀၁၀ August တစ်လ ပျောက်နေတယ် ဘာဖြစ်တာလားဟေ
  ငါ ရွာပြန်သွားတဲ့လများလား
  မဟုတ်လောက်ဘူးမှတ်တယ် သြနေဦး donor list ရှိပါတယ်
  တွေ့ပြီ ဒေါ်လာ ၁၄၀ 
3:00 PM မိုး: :D  နင် လဲ တော်တော်ဘေးဇီးနေပုံပဲ 
3:04 PM me: ငါတို့နှစ်ယောက်၊ အဖွဲ့ခွဲတာဘယ်လက စ တာပါလိမ့် 
3:06 PM မိုး: Jun 9, 2009
  ဒီနေ့ ၂နှစ် တိတိပြည့်နေပါရော
  အဟွတ် ဟွတ်
  :D 
 me: ဟေ... :D 
 မိုး: ဟင် ဟုတ်သေးဘူး မှားနေတယ် 
3:07 PM me: နင်နော် 
 မိုး: ဟယ် ဟုတ်တယ် ဟုတ်တယ် ငါ ဇွန်လက စ လုပ်ပေးတာ တဲ့၏
  နင်ရေးထားတယ် ဘုန်းဘုန်းကို
  ဒီလ အလှုရှင်စာရင်းကို သမီးသူငယ်ချင်း ဇာဇာမိုး ကကူညီပေးထားတာဖြစ်ပြီး၊ ဒီလိုမျိုး အလုပ်တွေရှိရင် (ဘုန်းဘုန်းရော၊ သူငယ်ချင်းအားလုံးပါ...ကြိုက်သလိုခိုင်းပါရန်) သူက မေတ္တာဖြင့်ကူညီမယ်လို့ ပြောထားပါတယ်....လို့ ဒီနေရာမှာကြော်ငြာဝင်ပါတယ်။ အောက်မှာလဲ သမီးဆီ သူပို့ထားတဲ့စာကို မဖျက်ပြစ်ဘဲ forward လုပ်လိုက်( ချောက်တွန်းလိုက် :P ) ပါတယ်။ 
3:08 PM me: ဟုတ်သေးဘူး 
 မိုး: အင် 
 me: အဲဒါနင် အလှူရှင်စာရင်းကို လှလှလေးဖြစ်အောင်လုပ်ပေးတာ
  ငါတို့အဖွဲ့ခွဲပြီး ငွေခွဲကိုင်တာက ဘယ်လပါလိမ့်မလဲ
3:09 PM ငါ့စာရင်းထဲမှာ ငါ့နာမည်မပါတော့တဲ့ လက စတာပေါ့ .. မှန်းစမ်း 
 မိုး: ဒါဆို အောက်တိုဘာ ၀၉ ဖြစ်လိမ့်မယ် 
3:10 PM me: မှန်တယ်
3:11 PM တော်လိုက်တဲ့ ငါ့နှမ 
 မိုး: ဗြဲ 
 me: ဟော်ဟုတ်ပြီ
  ငါ့စာရင်းရှိက ၃၁၀၀ + နင်လုပ်ထားပေးတာ ၂၁လ အမြှောက် ၅၀ - မတ်လအတွက်က ငါ့ထဲမှာရောနေတာ နင်ရွာပြန်တုန်းက ငါလုပ်ပေးတာဆိုတော့ အနုတ်၅၀ ... အင်း
3:17 PM စုစု နဲ့ပေါင်းလိုက်တာ ၄၁၀၀ ရပါကြောင်း၊ ငါတို့ ငွေဈေး ၈၀၀ ကနေ ၇၀၀ အတွင်းမှာလွှဲခဲ့တာကြာကြီး ခုပျမ်းမျှ ၇၀၀ နဲ့ပဲမြှောက်
  ၂၈.၇... သိန်း
3:19 PM ဝါး ... သိန်း ၃၀ နီးပါးတောင် 
3:20 PM မိုး: ဟားးးးးးးးးးးးးးးးးးးးး
  တယောက်ကို ဘယ်လောက်လဲ
  ဟိ 
3:21 PM me: အလှူရှင်တချို့က ဝင်လာလိုက် ထွက်သွားလိုက် ချစ်နှမရဲ့၊ ငါတို့တစ်ယောက်ချင်းက လပေါင်း၃၀ဆိုရင် ဒေါ်လာ၁၅၀၊ တစ်သိန်းကျော်နေပြီပေါ့ဟနော်။ ဘာပဲပြောပြော ဒီ ၄၁၀၀ ဟာ တို့အားလုံးရဲ့ အလှူကြီး
3:22 PM အောင်မယ်လေး ဝမ်းသာလုံး ဆို့လိုက်တာကြီး 
 မိုး: အေ နော်
23 minutes
3:47 PM me: သေခါနီးဒါလေးသတိယရင်တောင် ငရဲမကျတော့ဘူး 
3:48 PM မိုး: သေခါနီး... သေခါနီးဆိုလို့... ငါ့ကို သေခါနီးလူတွေကို ပြုစုနည်းသင်ပေး
  ငါပြောတာသိလား
  ငါသေခါနီးရင်ကော ငါဘယ်လိုနေရမလဲ
  အဲ့ဒါကော သင်ပေး 
3:49 PM me: ဘယ်နှမီးနစ် ဘယ်နှရက် ဘယ်နှလအတွင်း တတ်ချင်တာလဲ 
3:50 PM မိုး: ခုလေ 
3:52 PM me: ငါတောင် အချိန်လေးရရင် သူနာပြုသင်တန်းတက်မလားလို့ ၃ လလောက်
  ရန်ကုန်မှာရှိတယ် 
 မိုး: တကယ် ငါရော လိုက်တက်မယ် 
 me: ကျန်တာကတော့ ဘုန်းဘုန်းတွေသင်ထားတာ များကြီးရှိတယ်
  တကယ် အဲ့ဟာ ငါစိတ်ကူးနေတာ ဆယ်နှစ်လောက်တောင်ရှိနေပြီလိုပဲ
3:53 PM ဘာလို့ဆို ငါမှ အဖိုးအဖွားလူကြီးသူမ အိုကြီးအိုမ နာတာရှည်လူနာတွေနဲ့ မနေဖူးတော့ ငါက လူမမာသိပ်မပြုစုတတ်ဘူးလို့ ငါ့ဟာငါ ထင်နေတာ 
 မိုး: အေးးးးးးးးးး
  ငါလဲ အဲ့ဒါကို စဉ်းစားမိလို့မေးတာနင့်ကို
3:54 PM အဲ့လို လူနာလဲပြုစုတတ်ချင်တယ်
  အသေတတ်အောင်လဲ ပြောပြတတ်ချင်တယ်
  ငါကိုယ်တိုင်အတွက်ကောပေါ့ 
3:56 PM me: ဟုတ်တယ် ဆေးပညာရယ် သူနာပြုပညာရယ်က အခြေခံလောက်တော့ လူတိုင်းတတ်သင့်တယ် ထင်တာပဲ။ အသေတတ်အောင်ဆိုတာက သံသရာရေးကိုပြောတာမလား သူက ပိုအရေးကြီးတာ မဂ်ဖိုလ်မရသေးသမျှ နောက်မှာက သံသရာ... ဘဝတစ်ပုံတပင်ကြီး ကြုံတွေ့ခံစားရဦးမှာမဟုတ်လား 
3:57 PM မိုး: အေးးးးးးးးးးး 
 me: ခဏတဖြုတ် ခရီးလေးထွက်တာတောင် ပြင်ပါဆင်ပါမှ အဆင်ပြေတယ်
  ချမ်းချမ်းသာသာ နေရတယ် လိုအပ်တာတွေ ပြည့်စုံတယ် 
 မိုး: အင်းး ဟုတ်၏ 
 me: ခုဟာက အပြီးကူးပြောင်းသွားနေရမယ့် ဘဝအသစ်ကြီး...
3:58 PM မတော် အပယ်ငရဲဆို ဒယ်အိုးလေ 
 မိုး: အေးး 
 me: ဒယ်အိုးဆိုတာကြီးရယ် ကုတ်ကပ်ပြီး ဖက်တက်လာဖို့ လွယ်တာမဟုတ်ဘူး
  ကြောင်ဖြစ်ပါပြီတဲ့ ကြွက်ခုတ်မှာပဲလေ 
 မိုး: အင်း 
 me: သေပြီပေါ့ သေတာနဲ့ ငရဲအိုး 
3:59 PM မိုး: :(
4:00 PM နင်ဘယ်တော့ သင်မှာလဲလေ 
4:02 PM me: အေးပါဟယ် အရေးကြီးတာ နင်သိနေတာပဲ လျှာမရှည်တော့ဘူး ခုချက်ချင်းသိချင်တာဆိုရင် အကျဉ်းချုပ် လိုရင်းကို သင်ပေးမယ် 
4:03 PM မိုး: အင်း အင်း ဒါနဲ့ ငါသိနေတဲ့ အရေးကြီးတာ က ဘာလဲ
  :( 
4:08 PM me: ဟင်၊ :) အသေတတ်ဖို့ကိစ္စ အရေးကြီးတယ်ဆိုတာကို နင်သဘောပေါက်နေတာ ကိုပြောတာလေ 
 မိုး: အော် အေ 
 me: ဒီကိစ္စနဲ့ပတ်သတ်လို့ သေနည်း ၃ မျိုးရှိတယ် 
 မိုး: အင်း 
4:09 PM me: ဓမ္မဒူတအရှင်ပညာဝရဟောထားတဲ့ တရားတော်ထဲက ပြောမယ် တရားနာမည် မမှတ်မိ ဟိဟိ၊ စလာပြီ :D မမှတ်မိတဲ့နေရာက.. 
 မိုး: နာမည် အဓိက မဟုတ်ပါဘူးဟာ လူသာအဓိကပါ
 me: အိန်းအိန်း ၁။ ဘုရားဖူးပြီးတရားနာရင်းသေတဲ့နည်း
ဖဂ္ခုဏသုတ္တန်မှာ အရှင်ဖဂ္ခုဏက ပုထုဇဉ်... ဝေဒနာတွေပြင်းထန်နေတဲ့နောက်ဆုံးအချိန်မှာ ဘုရားရှင်ကြွတရားဟော... အနာဂါမ်ဖြစ်ပြီး ပျံလွန်တော်မူတယ်။ 
 မိုး: အင်း 
 me: ဒါကတစ်နည်း
4:11 PM ဒီနည်းက ခု မရနိုင်တော့ဘူး နောက်၂နည်းကတော့ ရနိုင်သေးတယ် 
 မိုး: နင် အရင်ပြောနော် ငါ ပြီးမှမေးမယ် 
 me: ၂။ သံဃာဖူးပြီး တရားနာရင်းသေတဲ့နည်း
  ဓမ္မိက ဥပသကာဆိုတာရှိတယ်
4:12 PM သေခါနီးတော့ ... ကျောင်းဒကာကြီး ဥပသကာကြီးဆိုတော့ သံဃာတွေက ကြွလာလူနာမေး တရားနာရင်းသေတယ်  
4:13 PM မိုး: အင်း 
 me: နောက်ကျောင်းဒကာတစ်ယောက် ရှိသေးတယ် .. ကျောင်းကသံဃာတွေကြွလာ တရားဟော ပရိတ်ရွတ်ပေါ့ ဒကာကြီးကလျှောက်တယ်
4:14 PM တပည့်တော် အရှင်ဘုရားတို့အသံကြားတဲ့ အခိုက်လေးပဲကျောင်းလှူထားတာ အာရုံရတယ်။ မဟုတ်ရင်တစ်ချိန်လုံး နွားကြီးမီးလောင်နေတာပဲ မြင်နေတယ်တဲ့ ... ဖြစ်ပုံက ဒီလို 
 မိုး: စိတ်ဝင်စား၏တာ
  ဖြည်းဖြည်းရိုက် မြန်မြန်ပြော
  :P 
4:16 PM me: ခပ်ငယ်ငယ်ပေတုန်းတေတုန်းက နွားလှည်းနဲ့တစ်နေရာအသွား နွားတစ်ကောင်က လမ်းခုလတ်မှာဝပ်ချပြီး လုံးဝမထတော့ဘူးတဲ့ ရိုက်နှက်ကန်ကျောက်မရတဲ့အဆုံး
4:17 PM မထချင်လည်း မင်းတစ်သက်လုံး မထနဲ့တော့ ဟေ့ကောင်ဆိုပြီး နွားကြီးကို လှည်းတိုင်နဲ့ကြိုးတုတ် ကောက်ရိုးတွေ ကြိုးကျစ်ပြီး နွားလည်ပင်းစွပ် မီးရှို့တော့
  နွားကြီးက ရုန်းရင်းဆန်ခတ်နဲ့ သေရော
4:19 PM ဒါကြောင့်ပြောတာ ပုထုဇဉ်မှန်သမျှ အကုသိုလ်မကင်းဘူး ဒါပေမယ့် စွဲလောက်အောင်ဟာမျိုးတော့ မလုပ်မိစေနဲ့တဲ့ .. ဒီကျောင်းဒကာကြီးက မရတော့ဘူး သေခါနီးဒါကြီးမြင်ပြီးပဲ နိဂုံးချုပ်ရှာတယ် 
 မိုး: ဟင်
4:20 PM တရားနာရင်း မသေဘူးလား
  နွားကြီးမြင်ပြီးပဲ သေသွားတာလားဟယ် 
 me: ဘာလို့ဆို သံဃာတွေက တစ်ချိန်လုံးသူ့နားဘယ်အချိန်သေမယ်မသေချာပဲ ဘယ်နေနိုင်ပါ့မတုန်း
  ဒါကြောင့် ဒီနည်းက ရနိုင်ပေမယ့် စိတ်မချရဘူး 
4:21 PM မိုး: အော် အေ ဒါလဲ ဟုတ်တာပဲ
4:22 PM ဒါဆို နောက်ဆုံး တစ်နည်းကကော
4:23 PM me: ဟုတ်တယ် နင်တော်တယ် ဝိပဿနာအကျိုးက မဂ်ဖိုလ်မရသေးရင်တောင်မှ သေခါနီးမူ ငြီးငြူမရှိ၊ သတိမမေ့၊ ချိန်နေ့သိပြန်၊ မျက်လန်ကြောဆွဲ မရှိဘဲနှင့် သေလည်းမတောင့်တင်း သုံးရက်တွင်းဝယ်ပုပ်ဖြင်းကင်းသည်... တဲ့၊ နံပါတ်၃က ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ချရတဲ့နည်းပဲ၊ မဂ်မရဘဲသေသွားလည်း နတ်ပြည်သုဂတိက သေချာနေတယ်။
4:24 PM အကျင့်မရှိလို့ကတော့ သေရာညောင်စောင်းမှာ လွယ်မယ်မထင်လေနဲ့ပေါ့ 
 မိုး: အဲ့ဒါလဲ သေခါနီးမှ ထ ရှူမှတ်လို့တော့ ဘယ်လိုလုပ်ရမလဲဟာ
  အေ အေ အဲ့ဒါ ငါသိတယ် 
4:26 PM me: ငါဒီနေရာမှာ ဘေးကဟာလေးတစ်ခုပြောချင်တယ် ဘုရားရှင်က လူ့ဘဝကို ဆယ်ပုံပုံပြီး အရွယ်ဆယ်မျိုး ဟောတာရှိတယ်။ ပထမဆယ်နှစ်က (ဘာမှမသိတတ်တဲ့အရွယ်) စားကာငိုကာနဲ့ အချိန်ကုန်သွားတဲ့အရွယ်၊ နောက်ဆယ်နှစ် (အပျော်မက်တဲ့အရွယ်) အပျော်အပါးနဲ့ အချိန်ကုန်များတယ်၊ နောက်ဆယ်နှစ် (အလှမက်တဲ့အရွယ်) အလှပြင်ရင်း ကျော့ကျော့မော့မော့လေးနဲ့ အချိန်ကုန်တာများတယ်၊ နောက်ဆယ်နှစ် ဗလဒဿက (အားခွန်ဗလပြည့်ဝတဲ့အရွယ်) လင်ရေးမယားရေး၊ သားရေးသမီးရေး၊ စီးပွားရေးတွေအတွက် ကုန်းရုန်းလုပ်ရင်း အချိန်ကုန်တာများတယ်... 
4:27 PM မိုး: အင်း
  ဆက် 
 me: ပြီးတော့ ၄၀ ကနေ ၅၀ ကြားဆယ်နှစ်ကတော့ ဥာဏဒဿက တဲ့ 
 မိုး: စဉ်းစား ရင်း အချိန်ကုန်သွားတာလားဟင် .. ဟီး ဟီး 
4:28 PM me: :D ညဏ်က ပိုကောင်းလာလို့ အကောင်းဆုံးဖြစ်တာမဟုတ်ဘူးတဲ့ ရင့်ကျက်တဲ့အတွေ့အကြုံနဲ့ပေါင်းမိလို့ အထက်မြက်ဆုံးဖြစ်နေတာရယ်၊ နောက် ၅၀ကျော်သွားရင် မှတ်ညဏ်က စကျပြီမို့ မှတ်ညဏ်ရဲ့ နောက်ဆုံးအချိန်ဖြစ်လို့ရယ်... တဲ့
4:29 PM နောက်ပိုင်းအရွယ်၅ခုငါမပြောတော့ဘူး၊ ကျန်းမာရေးကျပြီ စွမ်းအင်တွေအကုန်ကျလာတယ် ကောင်းတာတစ်ခုမှ မပါ၊ ဆိုးသထက်ဆိုးဆိုးလာတဲ့ ၅ ခုပေါ့ 
4:30 PM မိုး: ဟင် နောက် ၅ ခုတောင်ကျန်သေးတယ် .. ဟောင်မယ်လေး သေဖို့အရေး အဆင့်ဆင့် ဆိုးရဦးမှာပါလား 
 me: ဒီတော့ကာ အဲ့ ပဉ္စမမြောက်ဆယ်စု ညာဏဒဿကအရွယ်မှာ သေခါနီးအချိန်အထိ စိတ်ချရလောက်တဲ့ တရားအကျင့်ကို မဖြစ်မနေ နောက်ဆုံးထားပြီး ကျင့်ကိုကျင့်ရမယ် လို့ပြောချင်တာပါ 
 မိုး: အော် အေ အေ ဟုတ်ပြီ  
4:31 PM me: ဘုန်းဘုန်းကတော့ အချိန်၃လ လောက်ပေး အိမ်ကထွက် တရားကိုခြေစုံပြစ်ကြိုးစားထားရင် သေခါနီးအတွက် စိတ်ချရလောက်အောင် ဆက်လက်ကျင့်ကြံအားထုတ်တတ်သွားမယ်၊ အဲ့ဒီ ၃ လအတွက် လိုအပ်ရင် ၃ နှစ်ကြိုပြင်ဆင်ပါ လို့ အကြံပြုတိုက်တွန်းထားတယ်ပေါ့ ဒါကြောင့် ငါ တရားစခန်း၃လ ဘယ်အချိန်ဝင်ရမလဲ ဆိုတာ ချောင်းနေပါကြောင်း
4:32 PM ဟဲ့ ပြောရဦးမယ်  
 မိုး: အေး ပြောလေ 
 me: အဲ့တရားဟောတာက ဘုရားလက်ထက် သက်တမ်း ၁၀၀ နော် 
 မိုး: အင့် 
4:33 PM me: အဲ့ဒါကြောင့် အရွယ်ဆယ်မျိုး ကို တစ်ခုဆယ်နှစ်နဲ့ ခွဲဟောတာရယ် ခုက သက်တမ်းက ၇၅ ဆိုတော့၊ တစ်ခုမှာ ၇နှစ်ခွဲ 
 မိုး: ၃၀လေ ဟာ 
 me: ဟုတ်တယ်။ ဒီတော့ကာ ညာဏဒသကဆိုတာရယ် ၃၀ကနေ ၃၇နှစ်ခွဲထိသာ ဖြစ်ပါကြောင်း 
4:34 PM မိုး: ခု စ ရတော့မှာပေါ့ ဒါဆို 
 me: ငါ ငယ်ငယ်ကအဲ့တရားကိုနာပြီး ၄၀မှာ သာသနာ့ဘောင်အပြီးဝင်မယ် ဆုံးဖြတ်ခဲ့တာ
  အဲ့ဒါ ဟိုတလောလေးကမှဘုန်းဘုန်းက ခုလိုတွက်ပြလိုက်တာ နာရတော့မှ 
4:35 PM မိုး: အော် ဒါဆို ခုနက သက်တမ်းနဲ့ပြန်တွက်ရင် နင် နောက်ကျနေပြီ
  :P me: လေးဆယ်မှလုပ်မယ်ဆိုရင် နောက်ကျပြီ၊ ခုနေဆုံးဖြတ်ချက်ပြင်မယ်ဆိုရင် မှီတယ်
 မိုး: ငါမေးချင်တာ မေးတော့မယ်နော် 
 me: မေးတော့ 
 မိုး: နင့် သုံးနည်းပြည့်သွားပြီဆိုတော့ 
 me: အိန်း 
4:36 PM မိုး: ဒါဆို အဲ့လို အကျင့်မရှိတဲ့ လူတွေအတွက်ကြတော့ ပထမနဲ့ ဒုတိယ နည်းကိုပဲ ပြန်သုံးရမှာလား
ဘုရားရှင်ကိုယ်တိုင်မဟုတ်တော့လဲ ဘုရားရုပ်ပွါးတော်ဖူးပေါ့ ..
သံဃာကိုယ်တိုင် တရားစောင့်မဟောနိုင်လဲ တရားခွေဖွင့်ထား ပေး ဘုရားစာရွတ်ပေးတာမျိုးကော
4:37 PM နံပါတ်၃ နည်းလောက်တော့ မသေချာ နိုင်တာ သိတာပေါ့ဟာ
  ဒါပေမယ့် အတတ်နိုင်ဆုံး နည်းပေါ့ဟာ 
 me: ဟုတ်တယ်လေ ဒုတိယနည်းပဲပေါ့။ 
4:38 PM ဘုရားဖူးရတယ် သံဃာဖူးရတယ်ဆိုတာ အဓိက က တရားနာဖို့ပဲ (သေခါနီးမှာ အမြင်အာရုံထက် အကြားအာရုံကပိုအားကိုးနိုင်လို့ပဲ)ပထမနည်းမှာ ဘုရားက သတ္တဝါတွေရဲ့ အိနြေ္ဒစရိုက်ကိုသိတော့ ဘယ်တရားဟောရင် သေချာပေါက်တရားရမယ်ဆိုတာသိတယ်လေ။ အဲ့ဒီနည်းမရနိုင်တော့ဘူး။  
 မိုး: သြော် ဟုတ်ပြီ 
4:39 PM me: ဒုတိယနည်းက သံဃာဖူးပြီးတရားနာဆိုပေမယ့်၊ လူနာစောင့်တဲ့ (တရားရှိတဲ့) သားသမီးခင်ပွန်းမိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေကောင်းလည်း အကျုံးဝင်ပါတယ်။ ကိုယ်နဲ့ကျွမ်းဝင်ရင်းနှီးသူ ဖြစ်ဖို့လိုတာပေါ့လေ။ ဘုန်းဘုန်းရဲ့ဒကာကြီးတစ်ယောက်က အသည်းရောဂါနဲ့သေတာ သူအသည်းဆေးမယ့်ငွေတွေကို ရွှေတစ်ကျပ်သားဝယ်ပြီး၊
  ဘုန်းဘုန်း ရဲ့ ပိဋ္ဋကတ်စေတီထဲ ထည့်ဌာပနာမယ့် ရွှေဆင်းတုမှာပါဝင်လှူတန်းဖူးတယ် 
4:40 PM မိုး: အင်း 
 me: ဒကာကြီးအသည်းအသန်ဖြစ်တော့ ဘုန်းဘုန်းက ကြွသွားတယ်၊ သူငယ်အိမ်တွေဘာတွေ လည်နေပြီအခြေနေမကောင်းတော့ဘူးပေါ့
 မိုး: အင်း 
4:43 PM me: ဘုန်းဘုန်းက ဒကာကြီး ခန္ဓာကိုယ်နဲ့ကျန်းမာရေးကာင်းလာဖို့လို့ သုံးမယ့်ငွေကို အသက်နဲ့ရင်းပြီးတော့မှ ငါလှူမယ်ဆိုတဲ့စိတ်နဲ့ ဘုရားခန္ဓာထဲ ထည့်လိုက်ဖူးတယ်လေ... ဒါ ပြုနိုင်ခဲတဲ့ ဒါနကုသိုလ်ပဲ... လို့သတိပေးတော့ ဒကာကြီးကသိပ်ဝမ်းသာ ပီတိဖြစ်တာပဲတဲ့
4:44 PM  ဒီလို ကိုယ့်ရဲ့ကောင်းကွက်လေးတွေကို သိတဲ့ ပြန်ပြောနိုင်တဲ့သူ ကိုယ့်အနားရှိဖို့ အရေးကြီးတာပေါ့။ 4:45 PM ဘုန်းဘုန်းအမေ မသေခင်အချိန်က ဘုန်းဘုန်းမှာ ညီတစ်ပါးရှိသေးတယ် ညီအစ်ကို၂ပါးမယ်တော်ကြီးကို ဆရာဝန်က ၃ ရက်ထက်ပိုမနေရတော့ဘူးလို့ပြောချိန်မှာ၊ ပြန်ပြုစု စောင့်ရှောက်ကြတယ် ...  
 မိုး:သြ ဟုတ်ပြီ 
4:46 PM me: အဲ့မှာဘုန်းဘုန်းပြောချင်တာက လူနာကိုပဲ ငဲ့၊ ဧည့်သည်တွေရဲ့မျက်နှာကို မကြည့်နဲ့တဲ့
4:47 PM မျက်နှာပျက်ပျက် ဘာပြောပြော ဂရုမစိုက်ဘူး သူတို့ညီအစ်ကို ၂ ပါး တစ်လှည့်စီအိပ်၊ ဆွမ်းတောင်တစ်လှည့်စီစားပြီး မယ်တော်ကြီးကို စောင့်ရှောက်တယ် ငိုသံယိုသံ စကားသံမပြောနဲ့ ခွေးသံကြက်သံတောင်မှ ပတ်ဝန်းကျင်မှာ မကြားစေရဘူးလို့ ပြောတယ်
4:48 PM အရေးကြီးတယ်ဟ သေခါနီးစိတ်ရောကိုယ်ပါအားနည်းနေချိန် ခွေးသံကြားလို့ ခွေးကိုစွဲသွားပါပြီတဲ့
4:49 PM ဒီတော့မယ်တော်ကြီးကို ကုသိုလ်ဖြစ်စရာအာရုံတွေ၊ တရားသတိပေးသံတွေ၊ ပရိတ်သံတွေ နဲ့ သေတဲ့အချိန်ထိ စောင့်ရှောက်နိုင်တော့ အဆင်ပြေတာပေါ့ဟာ 
4:53 PM မိုး: ဟားးးးးးးးးးးးး ကောင်းလိုက်တာ
  ငါ ကြိုက်လိုက်တာ
  ငါမေးဦးမယ်လေ 
 me: မေးစေ 
 မိုး: တရားခွေဖွင့်ပေးမယ်ဆို ဘယ်လိုတရားမျိုးတွေဖွင့်ပေးသင့်တာလဲဟင် 
4:56 PM me: အဲ့ဒါပြောတာလေ သေမယ့်လူက အခုနေငါ... ဆိုရင်တော့ ဝိပဿနာသတိပေးတရား လေသံအေးအေးလေးနဲ့ တရားစခန်းမှာတရားမဖြုတ်ခင်လေး ဘုန်းဘုန်းတွေပြောပြတတ်တဲ့ဟာမျိုးဖွင့်ရမယ် ..ရှုရင်းပွားရင်း သတိပြုရမှာ၊ ကျော်လွှားရမှာတွေကို သတိဖြစ်အောင် ညဏ်ဖြစ်အောင် ဝီရိယကောင်းအောင် တိုက်တွန်းအားပေးတာမျိုးလေ 
4:57 PM မိုး: အင်း ဟုတ်ပြီ 
 me: တော်တော်ရင်ကျက်ပြီးသား လူမျိုးဆိုရင်တော့ကာ သူ့ကိစ္စသူစီစဉ်သွားတတ်တယ်။ အရွတ်အဖတ်ပါဠိဝါသနာရှိသူမျိုးဆိုရင် ပဌာန်း၊ ဓမ္မစင်္ကြာ၊ ပရိတ်ကြီး နဲ့ အိုခေနိုင်တယ် 
 မိုး: ငါ သဘောပေါက်ပြီ 
4:58 PM me: အခြေခံပိုင်ပိုင် မရှိသေးတဲ့သူ၊ ပါဠိကြောက်တတ်တဲ့သူမျိုးဆိုရင် တစ်မျိုးဖြစ်ဦးမှာပေါ့ နော့ 
 မိုး: အေး အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ 
 me: လူနာရဲ့အနေအထားကိုကြည့်တတ်ရမယ်၊ သေခါနီးရင် ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေထင်မှာလေ။ ကောင်းတာတွေကုသိုလ်တွေထင်လာရင် ဝေဒနာပြင်းလည်း ကြည်လင်တယ် မျက်လန်ကြောဆွဲတွေ မဖြစ်ဘူး၊ မကောင်းမှုအကုသိုလ်တွေ ပေါ်လာပြီဆိုရင်တော့ လူနာရုပ်ကြည့်တာနဲ့ သိသာပြီ၊ ဂယောင်ကတမ်းတွေအော်ပြီ၊ ငြီးငြူတွန့်လိမ်လာပြီ။ ဒါဆိုလူနာစောင့်က အရေးကြီးလာပြီ။ လူနာရဲ့စိတ်နဲ့ အာရုံကိုပြောင်းပေးတတ်ရတယ်။ ကိုယ့်လူနာ ခဏခဏပြောတတ်တဲ့ ကုသိုလ်ကောင်းမှုမျိုးတွေ၊ ကိုယ့်လူနာကြိုက်တတ်တဲ့ ကုသိုလ်အကျင့်တွေကို သိနေမှတ်မိနေရမယ်။ လှူတာဝါသနာပါတာလား၊ ဥပုသ်စောင့်တာလား၊ အရွတ်အဖတ်အားသန်သူလားပေါ့ 
 မိုး: ဒါဆို သူပြုဖူးတဲ့ ကုသိုလ် ကြီးကြီးမားမား ဥပမာ သားရှင်ပြုတာ လို ဘုရားတွေ သိမ်တွေလှူတာလို အဲ့လိုဟာမျိုးလား၊ ပါဠိကြောက်တဲ့လူလို့ ရှိလားဟယ် နင့်ဟာကလဲ 
5:00 PM me: ရှိတယ် ပါဠိကြောက်တဲ့လူ၊ ပါဠိတွေရွတ်နေ အဓိပ္ပာယ်မသိတော့ စိတ်ကို အကြာကြီးစွဲစွဲမြဲမြဲ မဝင်စားနိုင်ဘူး ရောဂါဆိုးတွေနဲ့ နပန်းသတ်နေချိန်ဆို ပိုဆိုးတယ်ပေါ့
  ဟုတ်တယ် သူ့ဘဝရဲ့ စွဲမြဲတဲ့ကုသိုလ်တွေ သတိပေးတတ်ရတယ်၊ ဒါပေမယ့် ကြီးမှ ငယ်မှမဟုတ်ဘူးရယ်၊
  သားရှင်ပြုသွားပြောကာမှ ကြက်အကောင်၅၀ အော်ဒါမှာမိတယ်ဆိုသွားသတိယနေရင်တော့ သေရောကွယ် 
 မိုး: သြော် ဟား ဟား ဟား
  အဲ့လိုလဲ ကွေ့သွားတတ်သေးသလားဟယ်
5:02 PM နင့်ဟာ အရေးကြီးမှန်းသိလို့ မေးခါမှပဲ ပိုပိုဆိုးလာပြီ 
5:03 PM me: ဦးကြီးတစ်ယောက်ကဆို သူသိပ်ပီတိဖြစ်တဲ့အလှူက ခရီးသွားနေတဲ့ ကိုယ်တော်တစ်ပါး နေပူမြေပူကြီးမှာ ခုန်ဆွဆွသွားနေတာ သူစီးလာတဲ့ ဖိနပ်ချွတ်လှူဖူးတာ အဲ့ဒီသံဃာတော်လေး အိနြေ္ဒရရ ကြွသွားတာလေး တဲ့ဟယ်
  ရှိတာပေါ့ဟယ် စိတ်ဆိုတာသိပ်မြန်တာမျိုးပဲ... ကောင်းတာလေးမှကွက်သတိယပါ့မလား လုပ်ထားတုန်းကဟာတွေ အကုန်ပြန်သတိယတော့မပေါ့။ ကုသိုလ်စစ်စစ်ဖြစ်တဲ့ အလှူမျိုး မှ အားကိုးထိုက်တာရယ်...
5:04 PM အပြိုင်အဆိုင်တွေလုပ်ပြီး လှူဖြစ်သွားတာတို့ မကောင်းတတ်လို့လှူတာတို့ ဟိဟိ ဒါမျိုးတွေလည်း ရှိတတ်သေးတာ 
 မိုး: အေးးးးးးးးးးးးးးးးး
5:05 PM စဉ်းစားရ ကြပ်လိုက်တာဟာ
5:06 PM ဘာပဲဖြစ်ဖြစ် နင် အဲ့လိုတွေမှတ်ထား တာ ပြန်ပြောပြတတ်တာငါနင့်ကိုကျေးဇူးအများကြီးတင်တယ်
  အာဘွား အာဘွား 
 me: ပေကုန်ပြီ
  အာရည်လျှာရည်တွေ 
 မိုး: ပေ ပေ ဟယ် 
5:07 PM me: :D 
 မိုး: နင်က လဲ ကြီးကို ကျယ်တယ် 
5:12 PM me:ဒီကိစ္စနဲ့ပတ်သတ်လို့ နင်ရေရေလည်လည် သေသေချာချာသိရအောင် ငါ လက်လှမ်းမှီသမျှ လင့်လေးတွေရှာပေးလိုက်တယ် အချိန်လုပြီး ဆက်လက်လေ့လာ ကြိုးစားပါလေနာယူရန် ဓမ္မဒူတ အရှင်ပညာဝရဟောကြားသော "နောက်ဆုံးအချိန်"ဓမ္မဒူတ အရှင်ပညာဝရဟောကြားသော "ဘဝလက်ကျန်" ပါချုပ်ဆရာတော်ဟောကြားသော "အားပေးစကား"  ဖတ်ရန် မိုးကုတ်ဆရာတော်ကြီးဟောကြားသော "သေခါနီးစိတ်"သေခါနီး နိမိတ်ထင်ပုံ သေခါနီး တရားရရန် ဆင်ခြင်နှလုံးသွင်းနည်း 
4 comments:
S said...
Thar Du x 3 for all donations and dhamma sharing .....
ချို said...
မင်းရေ...လာဖတ်သွားပြီနော်..
အရမ်းကောင်းပါတယ်..
"မင်း"ကိုရော.."မိုး"ကိုရော လေးစားပါသည်...
သူငယ်ချင်းတွေဆီလည်း forward လုပ်လိုက်ပြီနော်..
Than Yaw Zin said...
သာဓု သာဓု သာဓု ပါ.. အရေးအသားလေတွေ အရမ်းကောင်းတယ်...ဘယ်လိုသေရမလဲဆိုတာကိုလည်း သိခွင့်ရတယ်... လူတွေအတွက် အကျိုးရှိတဲ့စာလေးတွေရေးနိုင်တဲ့ မမင်းကို လေးစားပါတယ်။ ဒါမျိုးလေးတွေများများရေးပေးပါ... ရေးသူရော စာဖတ်သူပါ အကျိုးရှိပါတယ်...ကျေးဇူးအများကြီးတင်ပါတယ်...
NLN said...
သတိပေးရုံမကဘူး တရားတော်တွေပါ မျှဝေပေးထားလို့ ကျေးဇူးပဲ မင်းရေ ။