Pages

29 June 2011

ပင်လယ်ကွေ့က ကြာပွင့်ကြီးမှာ...

ဘာမှသိပ်နားလည်လို့ရေးတာ မဟုတ်ပါဘူး။ ကြော်ငြာဝင်တယ်၊ ပရိုမိုးရှင်းလုပ်ပေးတယ်လည်း မထင်ကြပါနဲ့။ တကူးတကအရောက်သွားဖို့ စိတ်ကူးမိမယ်မဟုတ်သော (ဗျိုင်း၊ မျောက်ရှည်၊ ငညိုတို့အား အမှူးထား၍) ချစ်သူငယ်ချင်းများ အကြမ်းပတမ်းလေး မြည်းစမ်းစေချင်လို့ ဒီပို့စ်ကိုတင်ပါတယ်။ ဖတ်ကြည့်ပြီး စိတ်ပါတော့လည်း သွားလို့အဆင်ပြေကြအောင်ပါ။ တကယ်က အဲ့ဒီစနေက အဲ့ဒီနေရာကို မသွားခင်ကတည်းက အင်တင်တင်ရယ်။ သောကြာညမှာ ဘောပွဲသွားအော်ရသေးတယ်လေ။ တနင်္ဂနွေလည်း အစောကြီးထပြီး ကလေးတရားပွဲသွားရမယ်မဟုတ်လား။  နောက်ကျရင် guide နဲ့မဟုတ်ဘဲ ကိုယ့်ဟာကိုယ် ဝင်ရမယ်ဆိုတာကြောင့် စောစောစီးစီးအချိန်မှီရောက်ပါတယ်။  မရီနာပင်လယ်ကွေ့ရဲ့ မနက်ခင်းအလှက အိနြေ္ဒရရ၊ သူတို့က အိပ်ရေးမဝတဝ။


တောင်ပံများဖြန့်ကာ မင်းစိတ်ကူးကို ကြိုက်သလိုရွက်လွှင့်ပါ....

သူတောင် ထောင်ကလွတ်ပါပကော...

ဟော ဟိုးမှာ Esplanade Theatre နဲ့ Water front ကတီးဝိုင်း Stage စင်ပေါ့

ရွှေမြန်မာတွေကတော့ ဒါကြီးကို လူလိုသူလို ဒူးရင်းသီးလို့ လွယ်လွယ်ခေါ်လိုက်တာပဲ

Singapore အစိုးရက အမြော်အမြင်ကြီးစွားနဲ့ Singapore ခေတ်မကောင်းရင် ဒူးရင်းသီးရောင်းဖို့ ကြိုဆောက်ထားတာ

ဟော... ရောက်ပါပြီ၊ ပင်လယ်ကွေ့ကြာပန်းကြီးဆီ။ ရောက်ရှိကြောင်းသတင်းပို့၊ လက်မှတ်ထုတ်၊ တစ်ပတ်ပတ်ကြည့်... နှုတ်ဆက်ကြ၊ ပြုံးပြကြ စကောလေးဘာလေးပြားကြတာပေါ့လေ...
ပြောပြော.... ဖြည်းဖြည်းပြော... နားနားပြီးပြော မောမယ်...
ကမ္ဘာ့အကြီးဆုံး လှည်းဘီးကြီးရယ်၊ တွန့်လိမ်နေတဲ့တံတားတစ်စင်းရယ်၊ သစ်ပင်ခွပေါ်တက်ပြီး အရည်ပျော်နေတဲ့နာရီတစ်လုံးရယ်...လူသုံးယောက်နဲ့ ကင်မရာတစ်လုံး (မမြင်မှာကြောက်လို့ ခိခိ)
လူကသိပ်မများပါဘူး ဒီလောက်ပဲ
ကြာပွင့်ကြီးကို နှုတ်ယူမယ်လို့၊ ယောင်္ကျားဘသား ကြိုးစားနေပုံများ

အနောက်က ပတ်ကြည့်
ကြာတုကြီးအောက်က ကြာအစစ်လေးတွေ

 

 ကိုင်းကိုင်း... လူစုံပြီဝင်ကြစို့ရဲ့
ဟာ... အမိုးပေါ်မှာ... ပုဇွန်မီးကင်တွေတင်ထားတာပါလား။ အနုပညာသိပ္ပံပြတိုက်ဆိုတော့ အဲ... သံပုရာသီးညှစ်ပြီး သုပ်စားလိုက်ရင်တော့ ရသမြောက်မှာသေချာတယ်

ကိုယ်ကသူ့ရိုက်၊ သူကကိုယ့်ပြန်ရိုက်

အဲ့မှာလက်မှတ်ဝယ်၊ တွေ့တဲ့အပေါက်မှာ လက်မှတ်က ဘားကုတ်ကိုစကင်ဖတ်ပြီးဝင်၊ ပြန်ထွက်ရင်လည်း ဖတ်ပြီးမှထွက်ရတယ် လက်မှတ်ကိုအထဲမှာ လွှင့်မပြစ်မိလေနဲ့
လူကြီး S$30၊ ကလေး S$17 တည်းရယ် :P အမ်မယ်... တန်လှချည်လားမလုပ်နဲ့ အုပ်စုနဲ့ဆို
Group Sales**: $24.50  အဲ လက်မှတ်ကိုပြောပါတယ်

ဟဲ့ ဒီထဲမှာ ဖိနပ်ဆိုင်များရှိနေသလား
guide ခေါ်ရာသို့ မအူ နှင့် မလည် နောက်ဆုံးမှ တက်ကြွစွာလိုက်ပါလာကြပုံ
ပထမဆုံးဝင်ရတဲ့ အခန်း


နံရံလေးဘက်ရှိတဲ့ ဒီအခန်းလေးထဲမှာ... တစ်ဖက်က ဝင်ဖို့ထွက်ဖို့ တံခါးပေါက်၊ မျက်နှာချင်းဆိုင်မှာ Dali ရဲ့ဘဝတစ်သက်တာ အမှတ်တရ ဓာတ်ပုံများနဲ့ သူ့ရဲ့ကမ္ဘာကျော်လက်ရာတွေကို slide show နဲ့ပြပါတယ်၊ ကြည့်ဖို့အချိန်မရပါဘူး။ guide ကအချိန်နည်းနည်းလေးပဲ ပေးတာပါ။ တစ်ဘက်နံရံမှာလည်း Dali ရဲ့ထင်ရှားတဲ့ဓာတ်ပုံများကို ပြသထားပြီး ကျန်တဲ့တစ်ဘက်မှာတော့ ပန်ချီကားအကြီးကြီးတစ်ချပ်တည်း..
guide ကောင်မလေးပါ၊ သူလည်းပြောချင်ရာပြော၊ ကိုယ်လည်းကြည့်ချင်ရာကြည့်
ဆယ်လ်ဗာဒါ ဒါလီ
ကမ္ဘာကျော်တွေအတော်များများဒီလိုပါပဲ... ဟိုရေးဒီရေး..ဟိဟိ

 
Dali ရဲ့လက်ရာ ဆီဆေးပန်းချီကားကြီးပါတဲ့... နာမည်က Spellbound တဲ့နော်။
ပန်းချီဆိုတာဘာမှန်းတောင်မသိတဲ့.. သူက မတ်မတ်ကြီးခြေစုံရပ်လို့ ခပ်တည်တည်ကြီးကြည့်မိတော့... အိပ်နေတဲ့မျက်လုံးတစ်လုံးတွေ့တယ်၊ အံ့သြပြူးကျယ်နေတဲ့မျက်လုံးတစ်ခုတွေ့တယ်၊ ပင်ပန်းနွမ်းနယ်နေတဲ့မျက်လုံးတစ်လုံးလည်း မြင်မိတယ်၊ သိလိုစိတ်နဲ့တောက်ပနေတဲ့ မျက်လုံးတစ်ခုလည်းတွေ့ပါတယ်..  မျက်လုံးတစ်လုံးစီတိုင်းကနေ သူ့ရင်ကိုခံစားချက်တွေစီးကူးလာတယ်... ရင်ဖိုစွာနဲ့ သူကတစ်စုံတစ်ရာကိုရှာဖွေနေမိသလိုလိုပါပဲ... သေငယ်ဇောနဲ့ ကြောက်လန့်နေတဲ့ မျက်လုံး၊ မျှော်လင့်ချက်ကင်းမဲ့နေတဲ့မျက်လုံး၊ ဟောဟိုမှာ... လျို့ဝှက်ချက်တချို့နဲ့ ငါးခူပြုံးပြုံးနေတဲ့မျက်လုံးတစ်လုံး... ပြီးတော့ကော... ဘယ်မှာလဲ ဘယ်ဟာဖြစ်မလဲ...နဲ့.. guide က အပေါ်ထပ်ကိုသွားမယ်ဆိုတာကြောင့် ဆန့်ငင်ဆန့်ငင်နဲ့ ပန်းချီကားကြီးရှေ့က မခွာချင်ဘဲခွာခဲ့ရတယ်... ဒီပန်းချီကားမှာ သူရှာနေတာ မရှိနိုင်ဘူးလို့လည်း သူထင်နေတယ်... သေချာတာပေါ့လေ ...
ချစ်ခြင်း၊ မုန်းခြင်းကင်းတဲ့ တည်ကြည်ငြိမ်းအေးနေတဲ့  ကရုဏာမေတ္တာညဏ်ပညာတွေအပြည့်နဲ့ မျက်လုံးမျိုးကို ဒီလိုနေရာမျိုးမှာ ဒီလိုအလွယ်ကလေးနဲ့ တွေ့နိုင်ရိုးလားကွယ်ရို့ ...။ ဒီအခန်းလေးမှာ ဒီ... နာမည်နဲ့လိုက်အောင် ညှို့ယူဖမ်းစားနိုင်သော ပန်းချီကားကြီးတစ်ချပ်ပဲရှိပါတယ်။ အချိန်ကလည်း ၅မိနစ်တောင်ပြည့်အောင်မရခဲ့ပါဘူး။ ဒီလိုနဲ့ ဒရောသောပါး... အပေါ်ထပ်ကို ဆက်သွားခဲ့ကြတယ်။

5 comments:

ဓမ္မဂင်္ဂါ said...

အင်း ဟိုငေး ဒီငေးနဲ့ ယောင်ချာချာဝင်ရောကြည့်မိသေး..

Anonymous said...

ဟိတ် !!!!! ဟိုမှာ တွေ့လား.. မင်းရဲ့ အိပ်ငိုက်နေတဲ့ မျက်လုံးးး ... O_O

မမင်း said...

အိပ်ငိုက်နေလို့ မမြင်လိုက်မိဘူး... :S

ဇွန်မိုးစက် said...

မင်းရေ... တစ်ခါမှ မရောက်ဖူးသေးဘူး။ စိတ်ဝင်စားတယ်။ သူငယ်ချင်းတွေနဲ့စုပြီး တစ်ခါလောက် သွားဦးမယ်။ ဟိုအမ်ဘီအက်စ် စကိုင်းပတ်ခ်တောင် မရောက်ဖူးသေးဘူး... ဟိ

Anonymous said...

အဲဒီ ကြာပန်း အဆောက်အဦ ဖွင့်သွားတာ နည်းနည်းတောင် ကြာသွားပြီ
တစ်ခါမှတော့ မရောက်ဖူးပါဘူး...(၀င်ခ ဈေးကြီးတာလည်း ပါ ပါတယ်)
ဒီဘလော့ခ်ပိုင်ရှင်က ဓာတ်ပုံထဲမှာ ပါမယ်လို့ ထင်တယ်
ဓာတ်ပုံထဲက လူတစ်ချို့ ကို လှိုင်သာယာကျောင်းမှာ တွေ့ဖူးပါတယ်