Pages

23 March 2012

သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၈)

1:57 PM
 မိုး: ငါ အစ်မကြီးတယောက်နဲ့ ငြင်းနေတာဟ
 me: အေး......ချ 
 မိုး: ငါ က ကလေးယူတာ မကောင်းတဲ့ဖက်က ..
  သူက ကလေးယူသင့်တယ် ဆိုတဲ့ဖက်က
  ဟီး ဟီး
 me: ငါ နင့်ဘက်ကပါမယ်
 မိုး: ဟား ဟား ဟား
2:26 PM me: အဲ နင်ကဗိုက်ကြီးသည်ပဲ မပါတော့ဘူး ဘက်ပြောင်းမယ်
 မိုး: အေး ငါကလဲ ငါပဲ .. တကယ်က ငါနဲ့ ကလေးနဲ့ ဖြစ်မယ့်ပုံမပေါ်ပါဘူးဟာ
  ငါလဲ စိတ်ညစ်တယ်
 me: ပူနဲ့ ဒါတော့ ဖြစ်သွားလိမ့်မယ်
 မိုး: ဟွန်း ငါမသေမချင်း တသက်လုံး ဖြစ်နေရမှာ
2:27 PM အဲ့လိုမဖြစ်ချင်လို့ ဘယ်လိုဖြတ်ရမုန်း ချောင်းနေတာ ငါက
 me: တုန်တုန်တက်နေအောင်ချစ်သွားတာပါဟာ။ အဲ့ဒီအခါ နင်ဆိုတာမရှိတော့ဘူး။ အမေပဲရှိတယ်
2:28 PM ဒီတော့ နင်နဲ့ ကလေးနဲ့မဖြစ်ပေမယ့် ကလေးနဲ့သူ့အမေက ဖြစ်လိုက်သမှ
  တုန်တုန်တက်နေတာ ဟီး
 မိုး: အေး ခုဆို အထဲက ကောင်ကလှုပ်နေပြီ ငါကတော့ ငါတကော ကောနေတုန်းရှိသေး ..
 me: လှုပ်ရုံလှုပ်ပြသကို မျက်လုံးမှ ပေကလပ်ကလပ် မလုပ်ပြသေးတာ
2:29 PM အိအိအအ အသံမှ မထွက်သေးတာ
  နင့်နို့သီးကိုမှ မကိုက်ဆွဲသေးတာ
 မိုး: ဟား ဟား အေ .. အဲ့လိုလားတော့မသိဘူး
 me: နင့်ရင်ဘတ်ကိုမှ ဆောင့်မကန်သေးတာ၊ နင့်မျက်နှာကို ရှူးရှူးနဲ့မှ မပန်းသေးတာ...
 မိုး: တော်ပါတော့ ခုတောင် ထွက်ပြေးချင်လာပြီ
 me: :D
 
2:30 PM ငါတို့ယောင်္ကျားများကတော့ အမြတ်ပဲဆရာ အလုပ်ကပြန်လာ သားသားမီးမီးလေး ကျူပြီး အမောဖြေ
  ချစ်စရာခင်စရာတွေနဲ့ တီတီတာတာပေါ့
2:31 PM နင်တို့မိန်းမတွေပဲ ဖင်ပြဲ ဗိုက်ရွှဲ... ချီးသေးဗိုက်ထဲ ဆယ်ပိဿာလောက်ဝင်
 မိုး: ဟွန့်
 me: သူများသွားလို့မှ အပြင်ပွဲလမ်း မသွားနိုင်
 မိုး: ငါကတော့ သွားမှာပဲ
  ဘာညန်းညန်း
 me: ဘယ်သွားသွား ကလေးတန်းလန်း မလွတ်လပ်
2:32 PM သေလို့မှ စိတ်မဖြောင့်
 မိုး: ဟို မဟားတရားလိုချင်တဲ့လူကြီးထိန်းလိမ့်မယ်
 me: အေး... နင်နိုင်သွားပလား ငြင်းတာ
 မိုး: အေး .. သူက ငါ့ကို တခွန်းထဲ မှတ်ချက်ချသွားတယ်
  မိုးက ကလေးဆန်နေသေးတာကိုးးးးး တဲ့တော့
2:33 PM me: တိန်
 မိုး: ငါလဲ ပြန်ပြောလိုက်ပါတယ် ကလေးမဆန်ပါဘူး အစ်မ တကိုယ်ကောင်းဆန်တာလို့ ဟီး ဟီး ဟီး
 me: ဂလိုဆို ငါကျ?
  တခေါင်းကောင်းဆန်တာ
  နင်က ကိုယ်ဆိုတော့လေ
  ငါက ခေါင်း
 
2:34 PM မိုး: တော်တော့ဟာ ငါက အလကားနေ သေးပေါက်ချင်နေရတဲ့ကြားထဲ
  ကျိတ်ရယ်ရတာ ရှူးထွက်ကျတော့မယ်
 me: နင့်အောင့်မထားနဲ့နော် အထဲကကောင် ရေတက်လာပြီး ရေဘေးဒုက္ခဖြစ်နေမယ်
2:35 PM ပေါက်စရာရှိ ခဧခဧသွားပေါက်
  အညောင်းပြေတယ်၊ ဘယ်သူဘာပြောပြော ကိုယ့်ရှိလို့ကိုယ်ပေါက်တာ ဂရုမစိုက်နဲ့
 
  ဟ...ခဏခဏလို့ ပြောတာ ဘယ်လိုတွေရိုက်မိသွားကြောင်း
 မိုး: ဟိ ဟိ ဟိ သွားပေါက်ပြီဟေးးး ရေတက်လာလို့
  လခွီးးးးးးးးးး
2:39 PM ပြန်လာဘီ ငါ အလုပ်လဲ မလုပ်ဘူး... ခိခိ
ငါ ပေါရွှေနဲ့လဲ ကလေးမယူချင်တဲ့အကြောင်းပြောဖူးတယ်
2:57 PM ဘဘက ညည်းဟာက တရားမမျှတလိုက်တာဆိုလား .. အေး အေး တကိုယ်ကောင်းဆန်တယ်လို့လဲပြောတယ် .. ငါတို့သာ ညည်းတို့လိုတွေးခဲ့ရင် ညည်းတို့ လူမဖြစ်ပေါ့တဲ့ .. အဲ့လိုမစဉ်းစားရဘူးတဲ့
  ငါလဲ ပြန်ပြောလိုက်တယ် လူမဖြစ်တော့ ခန္ဒာဒုက္ခငြိမ်းတာပေါ့လို့ (စိတ်ထဲကနေပြောပါတယ်)
  သွပ် သွပ် သွပ်
 me: အရူးမ အဲ့ဒါ အပျိုတုန်းက စဉ်းစားရတာ
2:58 PM လင်ယူရင် သားမွေးရမှာပဲ
  ဗိုက်ကြီးမှ ဒါတွေအားလုံး နင့်ခေါင်းထဲ မရှိသင့်တော့ဘူး
 မိုး: ဟွန့် လင်ယူလဲ သားမမွေးလို့ရတာပဲဟာ .. လင်ယူတာက အားငယ်လို့ယူတာဟာကို
  ဟိ ဟိ
2:59 PM me: မရလို့ပဲ နင်ခုဗိုက်ကြီးနေပေါ့... လင်ယူတယ်ဆိုတာ ယောင်္ကျားယူတာနဲ့မတူဘူး
  လင်ယူတယ်ဆိုတာ အဲ့ယောင်္ကျားရဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင် စိတ်နေစိတ်ထား ကောင်းမွေဆိုးမွေ ဆန္ဒ ရည်မှန်းချက် အကုန်လုံးကိုယူရတာဟဲ့
3:00 PM လောကမှာ ကလေးမလိုချင်တဲ့ယောင်္ကျား အရှားသား ဘာရောဂါမှန်းတော့ ငါလည်းမသိ
 မိုး: အေးပါ ငါလဲ လက်မခံချင်ပဲ လက်ခံလိုက်ပါပြီ .. လင်ယူမှတော့ သား မွေးရမယ်ဆိုတာကိုဟဲ့ ငပေါက်ကျိုင်းကလဲ ကလေးလိုချင်စိတ်ပေါ်လာတာ သိပ်မကြာသေးဘူးသူကလဲ အရင်တုန်းက ကလေးဘာလုပ်မှာတုန်းပြောလာတဲ့လူါကလဲ ဟုတ်ပြီ ဟုတ်ရဲ့ပေါ့ .. နောက်မှ ကောက်ကာငှင်ကာ ဘာဖြစ်သွားတယ်မသိ
 me: အေး ဟုတ်ပြီ လက်ခံလက်စနဲ့
ဒေါ်အောင်ဆန်းစုကြည်ကိုကြည့် သား၂ကောင်တောင်ရှိတယ် ဒါပေမယ့် သူဟာ ကမ္ဘာမှာ နံပါတ်တစ် မိန်းမပါဟ၊
 ကမ္ဘာ့နံပါတ်တစ်တွေ၊ ထိပ်တန်းတွေထဲမှာ... အပျိုကြီးတွေ၊ ကလေးအမေ မဟုတ်တာတွေ ငါဖြင့်မတွေ့ဖူးသေး သလိုပဲ...
 မိုး: ဟင်
  နင်ပြောခါမှပဲ
3:02 PM ဟုတ်ပါတယ် တကယ်တော့ ငါ့စိတ်က အဓိကပါ
  လိုအပ်တဲ့ အချိန် မှာ လိုအပ်သလိုပြောင်းနိုင်ရင် ပြီးတာပဲ
3:03 PM me: ဒါပေါ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုတယ်။ မိန်းမတစ်ယောက်ဟာ မိခင်ဖြစ်မှ အပြည့်အဝပွင့်လန်းသွားတဲ့ပန်း၊
  လုပ်စရာရှိတာအကုန်လုပ်ပြီးလို့ လောကကို တာဝန်ကျေသွားတဲ့သူ
3:04 PM ကလေးမမွေးရင် အကုန်မပွင့်ဘဲ ကြွေတဲ့ပန်းလိုပဲ ကျက်သရေမပြည့်စုံဘူး။ အဲ... လောကတာဝန်မယူချင်လို့ လောကုတ္တရာတာဝန် ယူသွားတဲ့သူတွေကတော့ တစ်တန်းတစ်စားခဏဖယ် ထားလိုက်ရအောင်ပါ။
 မိုး: နင် နော် နင် .. ငါ့ကို ဘောလုံးမှတ်နေလား ဟိုဖက်လှိမ့်လိုက် ဒီဖက်လှိမ့်လိုက် လုပ်နေတာ
 me: ဟ..... မလှိမ့်ပါဘူး... ဒါတွေကိုအစောကြီးကတည်းက ဒဲ့ဒိုးပြောထည့်လိုက်ရင် နင်ကငါ့မိန်းမပဲ... ငါခေါင်းမာသလို နင်ခေါင်းမာတာ၊ အလွယ်တကူလက်မခံနိုင်တာ ငါသိနေတာပဲ...
3:05 PM ငါလိုရာ ရှေ့တည့်တည့်ဟိုဘက်ကမ်းရောက်ဖို့ ရေညာကိုတင်နေရတာပါ။
  တကယ်တော့ အမှန်တရားဆိုတာ တစ်ခုပဲ ရှိတာ၊ ၂ ခုမဟုတ်ဘူး
 မိုး: အော် အေ မတာမဂျီး ရဲ့ မလှိမ့် တပတ် ကန်နေတာပေါ့ ငါ့ကို နင်က
3:06 PM အေး ရပြီ သဘောပေါက်သွားပြီနင်ခုနကပြောတဲ့ ဖင်ပြဲ ဗိုက်ရွှဲ ဖို့ပဲကျန်တော့တယ်
3:07 PM me: လုပ်ပြန်ုပြီ... ငါပြောခဲ့တာတွေအကုန်လုံးက လောကမှာတကယ်ဖြစ်နေ ရှိနေတာတွေးချည်း... မယုံရင် စိတ်အေးအေးနဲ့ပြန်ဖတ်.. တစ်ခါတရံမှာ ငါတို့ ရွေးခွင့်မရှိဘူး၊ ရတာကို လှအောင်ပြင်ရတယ်
  အားလုံးက ငါတို့ရဲ့စိတ်နဲ့ ဝီရီယပေါ်မူတည်တယ်
  နင်က ဒီတစ်ဘဝတည်းနဲ့ ဂတုံးတုံးပြီး နိဗ္ဗာန်သွားမယ်လို့ အော်နေတဲ့လူမဟုတ်ဘူး
3:08 PM ဒါပေမယ့် ကလေးအမေတွေလည်း အပျိုကြီးတွေထက် နိဗ္ဗာန်နဲ့ပိုနီးတာတွေလည်း တစ်ပုံကြီးငါ့အမေဆိုခုအသက်၅၀ကျော်ကျော်လေးရှိသေး.. ငါတို့မောင်နှမသုံးယောက်လုံး လက်လွတ်သွားတော့ တရားစခန်းခဏခဏဝင်၊ အိမ်မှာလည်းအေးရာအေးကြောင်း တရားအားထုတ်နေတာပဲ...  အပျိုကြီးတွေ ဒီအရွယ်လည်း စီးပွားရေး၊ တူတူမသားမြေးတွေနဲ့ ငြိပြီး ရိပ်သာမသွားဖြစ်သေးတာတွေလည်းရှိတာပဲ..လေကမှာ..
  အရေးကြီးတာ အခြေနေမဟုတ်ဘူး စိတ်
3:09 PM သေချင်တဲ့ကျားတောပြောင်းတဲ့၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့
ဘယ်စကားကိုအသေစွဲထားမလဲ...
လောကကြီးကိုက အဲ့လိုဖြစ်နေတာ
  သတိ ပညာနဲ့ မနေရင် ဘယ်လိုဖြစ်မလဲကဲ
3:10 PM ခုနပြောတဲ့ ဖင်ပြဲဗိုက်ရွှဲက နင့်သမီးအပျိုမဖြစ်ခင် သင်ပေးဖို့ပြောထားတာ
  ဒေါ်အောင်ဆန်းစုကြည် အကြောင်းက နင်အခု နှလုံးသွင်းဖို့ပြောပြနေတာ
3:11 PM မိုး: အေး အေး နှလုံးသွင်းလိုက်မယ်
  နင်လဲ မောတွားဘီ ငါ့ပြောရတာ
 me: မောပေါင်... ဓမ္မဘေရီဆရာတော်ရဲ့ အရှိနဲ့အသိဆိုတဲ့ တရားစာအုပ်ကလေး နဲ့ ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ဗြဟ္မဝိဟာရအဖွင့်ဆိုတဲ့ စာအုပ်၂အုပ်ကို သတိရသွားလို့၊ ဖတ်ထားတာတော့ မနည်းကြာလှပြီ။ ငါနင့်ကိုပြောချင်သလိုရောပြီးပြောတော့မယ်...
3:12 PM မှတ်မိသလောက်တော့ ငါတို့မှာအနှစ်ချုပ်ရင် အရှိ ၄ မျိုးရှိတယ်...
  တစ်ခုက သားသမီး ပေါ့ဟယ်
  ရတနာလို့ပြောတာ အလကားမှမဟုတ်ဘဲ
 မိုး: အင်း
3:13 PM me: ထားပါတော့ ရှိလာပြီ... အဲ့ဒီအရှိကို အသိနဲ့သုံးတတ်ရမယ်
  သူ့ကိုအကြောင်းပြုပြီး နေ့တိုင်းကုသိုလ်ဖြစ်ရမယ် အကုသိုလ်မဖြစ်ရဘူး ဒါကိုသိရင် အသိဖြစ်ပြီ
3:14 PM မိဘဆိုတာ ဗြဟ္မာနဲ့တူတယ် အထူးသဖြင့် မိခင်ပဲ
3:15 PM မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေ မိဘမှာဖြစ်တာ သိပ်ကြီးမားထင်ရှားများပြားတယ် ငါရှင်းပြစရာမလိုဘူး
  တစ်ခုပဲပြောစရာရှိတယ် ဖြစ်တိုင်း ဖြစ်တိုင်း သိနေရင်သိပ်ကောင်းတယ် သေရင်တကယ်ကြီးကို ဗြဟ္မာဖြစ်မှာ....
3:16 PM မိဘဆိုတာ သားသမီးကိုကောင်းစေချင်တဲ့စိတ်အမြဲရှိတယ် မေတ္တာ
  ဒီနေရာမှာ မေတ္တာရဲ့အနီးကပ်ရန်သူ တဏှာရာဂ ကိုမှတ်ခဲ့
3:17 PM ခင်တွယ်နေတယ်၊ ကပ်ငြိတယ် တပ်မက်တယ်၊ မခွဲနိုင်မခွာရက်တွေဖြစ်ပြီ၊ လိုတာထက်ပိုပြီးဖြစ်စေချင်နေပြီဆို သတိလေးထား လက်တလုံးလှိမ့်...
3:18 PM မိဘဆိုတာ သားသမီးကို အမြဲကြင်နာသနားတယ် ကရုဏာ... ဒီနေရာမှာတော့ ကရုဏာနဲ့ အနီးကပ်ရန်သူက သောကပဲ မှတ်ခဲ့
  ပူပင်သောကမတန်တဆရောက်ပြီဆို သတိထား လက်တစ်လုံးလှိမ့်ရတော့မယ်
3:19 PM မိဘဆိုတာ သားသမီးတော်ရင်တတ်ရင်ကောင်းစားရင် သိပ်ဝမ်းသာတယ် အသေးအမွှားကစ အချိန်တိုင်းပဲ.... မုဒိတာပေါ့... ဒီမှာအနီးကပ်ရန်သူက မာန၊ ဒိဌိ ... ဒါ ငါ့သားလို့ ဇွတ်ဝင်ရောတယ်၊ ငါ့သမီးမို့ပေါ့ ဒါလောက်တော်နေတာ... ဒါဆိုရင်တော့ လက်တစ်လုံးလှိမ့်ရမယ်
3:20 PM အဲ့ဒီ လက်တစ်လုံးဆိုတာ ဥပေက္ခာပဲ
  ဗြဟ္မစိုရ်လေးပါးမှာ အမြင့်ဆုံးတရား၊ အမြတ်ဆုံးတရားပါပဲ။
  ဘာလဲဆိုတော့ သားသမီးဆိုတာ ကံကြုံစီးတွေပဲလို့ အမှန်အတိုင်းမြင်ရမယ်
3:22 PM ပင်လယ်ပြင်ကျယ်မှာ လှေတစ်စီးနဲ့ တစ်ကမ်းဝင်၊ တစ်ကမ်းထွက် တက်လိုက်ဆင်းလိုက်၊ တင်လိုက်ချလိုက် သွားကြရာမှာ လမ်းကြုံလို့ခဏလိုက်တဲ့သူလိုပဲ။ သံသရာပြင်အကျယ်ကြီးမှာ ကံကြုံလို့ နင့်ကိုခဏစီးမှာ......အဲအဲ နင့်လှေကိုခဏစီးမှာ
3:23 PM သူအစစအရာရာအဆင်ပြေအောင်ထောက်ပံ့ကျွေးမွေးပြုစုပျိုးထောင်သမျှဟာ ကုသိုလ်စိတ်တွေချည်းဖြစ်ရမယ် သန့်စင်ရမယ်(မျှော်ကိုးတာတွေ မပါရဘူး၊ မစင်ကျယ်တဲ့ အသက်မွေးမှုနဲ့ မကျွေးရဘူးလို့ပြောတာ)၊
3:24 PM ဒါပေမယ့် သူဟာလှေကြုံစီးဆိုတာကို အမြဲသဘောပေါက်ရမယ်၊ ကံကြုံနေသလောက် ခဏကလေးဆိုတာလည်း သိရမယ်၊
  နောက်ပြီး သူလည်း သူ့ကံသူထမ်းပြီးလာတယ်၊ သူ့လမ်းသူသွားမယ် ဆိုတာသိရမယ်။နင်လည်း နင့်ကံနဲ့ နင့်လမ်း၊ နင်တို့တစ်နေ့ ကိုယ့်လမ်းကိုယ်စီသွားကြရမယ်ဆိုတာ သိရမယ်။
3:26 PM ဒီလောက်သိရင် နင်လက်တစ်လုံးလှိမ့်တတ်ပြီ၊ သားသမီးကို ကုသိုလ်ဖြစ်အောင်မွေးတတ်ပြီလို့ ယုံကြည်ရတယ်။
 မိုး: သာဓု သာဓု သာဓု
3:27 PM ကျေးဇူးများကြီးတင်ပါတယ် ကျားကျားရယ်
3:28 PM ငါလဲ စဉ်းစားမိပါတယ် ငါမွေးပြီဆိုမှတော့ ငါကျွေးမွေးပြုစုရမှာပေါ့ .. ဒီကြားထဲနင်ပြောသလို လက်တလုံးလှိမ့်တတ်အောင် ကြိုးစားမယ်
3:29 PM me: နင်မွေးပြီးတဲ့အခါကျတော့ ကမ္ဘာပေါ်မှာ အတူမရှိ၊ အတုမရှိတဲ့ အဲ့ဒီလူသားလေးကို ကမ္ဘာပေါ်က ဘယ်ရတနာနဲ့မှ မလဲနိုင်လောက်အောင် နင့်အတွက်အဖိုးတန်နေတာတွေ့ရမှာ။ လက်တစ်လုံးလှိမ့်တတ်ရင်တော့ နင့်အတွက် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာရရာရကြောင်း အထောက်အပံ့ကောင်း တကယ့်ရတနာအစစ်ဖြစ်ကြောင်း နင်ကိုယ်တိုင်တွေ့လာမှာ။
3:30 PM ဟုတ်ပါရဲ့ ငါ့ညီမလေးကိုတောင် ဒီစကားတွေ မပြောပြဖူးဘူး၊ ထောင်နိုင်တဲ့ နားလည်းလိုအပ်သေးတာကိုး။ ။
3:31 PM မိုး: အေး ငါ အခု နင်ပြောနေတာတွေကို နောက်တယောက်ကို ကော်ပီကူးပြီး ပြန်ပြောပြနေတာ
  နင်ပြောတာတွေကို သူ တစ်ခုချင်းမှတ်သွားတယ်တဲ့
  နားလဲလည်သွားတယ် တဲ့
3:32 PM ၀မ်းလဲ နည်းသွားတယ်တဲ့
  အစကနေ အဆုံးချပြသွားတာ ကောင်းလိုက်တာတဲ့
  ငါလဲပြောလိုက်တယ် နင့်လိုသူငယ်ချင်းမျိုး ငါ ဘယ်မှာမှ ထပ်ရှာလို့မရပေါ့လို့
  ရိုစီလဲ ငယ်သေးလို့ပါဟယ်
3:33 PM နင်တယောက်လုံးရှိနေတာပဲ ဘယ်ချိန်ပြောပြောရနေတာကို
  ဟဲ့ .. သူငယ်ချင်းနဲ့ ချက်ဖြစ်တာလေးတွေ တင်လိုက်ဦး ..နင်ပြောတာတွေ ဖတ်လို့ကောင်းချက်ကို
 me: အွင်...
  :D
3:34 PM 
 me: ငါက ပယ်ပယ်နယ်နယ်လျှောက်ပြော
 မိုး: ဘယ်ကလာ လျှောက်ပြောရမှာလဲ
3:35 PM me: အေအေ ထိုင်ပြော
 နင့်ပြောခါနီးမှ သိသိသွားတာ အပြီးသတ်တော့ နင့်ဘုန်းကံကောင်းလွန်းလို့
 မိုး: ဟား ဟား ဟား ဟား
  အောင်မယ်လေး ရယ်ရတယ်တော့်
  မျောက်ရည်တောင်ထွက်တယ်
3:37 PM ငါ့ဘုန်းကံကြောင့်ပဲ နင်သိရတယ်ရှိသေး
  ဂြီ
  ရေတက်လာပြန်ပြီဟေးးးးးးးးးးးး

6 minutes
3:44 PM me: ငါ့မှာလဲ ရေလွှမ်းမိုးမှုဖြစ်နေပြီ ပြေးလိုက်ဦးမယ်

07 March 2012

"စိတ်သင်ပုန်းမှာရေးသမျှ"

-မြေဖြူအမှန်ခြစ်တွေ အပြည့်ရတော့
ဝမ်းသာအားရ အမေကိုပြန်ပြတတ်ပေမယ့်
ကြက်ခြေခတ်တစ်ခုတလေပါရင်
တိတ်တိတ်လေးကြိတ်ဖျက်တတ်တာက
သူငယ်တန်းတုန်းက အရွယ်.......

-ငါ့ဘက်ကကြည့်ရင် "ကကြီး" ပါ
လူရှိန်မလားလို့ လွယ်လွယ်ပြောလိုက်တာပါပဲ
ငါ ဘယ်သူ့ကိုမှ မတရားမလုပ်ဘူး... စသဖြင့်
ခုက.. ကံသုံးပါးကို အဇ္ဈတ္တမှာရေး
ကိုယ်တိုင်အမှားအမှန်ခြစ်ပေးရတဲ့ အရွယ်......

-ကိုယ်ရေးလိုက်တဲ့ Status တစ်ခုတလေ
ကိုယ်တိုင်အမှတ်မခြစ်ဘဲ တိတ်တိတ်လေးဖျက်ဖူးပြီလား။
Print Screen ဖတ်ထားလိုက်သူတွေ...
Copy ယူသွားကြသူတွေ......... မရှိဘူးပဲထားပါဦး
ကျောက်သင်ပုန်းပေါ်မှာ မဟုတ်တော့လည်း ခက်သားပေါ့။

-ထပ်မမှားဖို့ အမှတ်တရဆိုပြီး
စိတ်ဓာတ်တစ်ခုနဲ့ သိမ်းဆည်းတတ်ရင်တော့လည်း...
အဲ .. တဆိတ်လောက် ဟိုဘက်တိုးစမ်းပါ
မနေ့က ငါပြုံးမိတဲ့ ခပ်ရွဲ့ရွဲ့ အပြုံးကို (ဘယ်သူမှမမြင်လိုက်ခင်)
မြန်မြန်လေး Delete လုပ်လိုက်ချင်လို့။ ။

မမင်း
07 March 2012 (Wed)