Pages

10 August 2010

အရမ်းချစ်တယ်

ငါဟာ...
မနက်တိုင်း
သူ့ကိုချစ်တဲ့ စိတ်နဲ့
နိုးထမြဲဖြစ်တယ်။

ငါဟာ...
အချိန်းတိုင်းလိုလို
သူ့ကိုတစိမ့်စိမ့်မြတ်နိုးရင်း
ချစ်မဝနိုင်အောင်ပဲ။

ငါဟာ...
အခါတိုင်း
သူနဲ့ ပတ်သတ်ရင်
မတည်ငြိမ်တတ်ဘူး။

ငါဟာ...
အရာရာတိုင်းနီးပါးကို
သူ့အတွက်သာဆိုရင်
ပေးဆပ်ချင်ပါရဲ့။

ငါဟာ...
ညတိုင်း
သူ့ကိုချစ်တဲ့စိတ်နဲ့
အိပ်စက်ဖြစ်ခဲ့တယ်။

ငါဟာ...
အိပ်မက်တိုင်းမှာလည်း
သူ့ကိုချစ်မြတ်နိုးဖို့
မေ့မနေတတ်ဘူး။

ငါဟာ...
အချိန်ကြာကြာ
သူ့နားမှာနေခွင့်မရှိဖူးပေမယ့်
...........တကယ်ပါ
ငါ အရမ်းချစ်တယ်။ ။

9 comments:

ဇွန်မိုးစက် said...

တကယ်ပဲလား မင်းရေ...း)

မမင်း said...

အဟမ်း၊ အဟမ်း
အထင်မြင်လွဲမယ်၊ မှားမယ်

မသီရိ said...

မမင်း၇ဲ့
အချစ်ကဗျာလေးလာဖတ်သွားတယ်နော်

မသီရိ

ညိုလေးနေ said...

မင်း ..... အရမ်းချစ်လို့ တတ်နိုင်သလောက် ပေးဆပ်နေတာ ၊ ရှင်သန် ကြိုးစား နေတာ မင်းရဲ့ သစ္စာပဲ မဟုတ်လား။ မင်း ရဲ့ စစ်မှန်တဲ့သစ္စာကြောင့် အခွင့်ဆိုတာ ရလာမှာပါ။

မင်းလှသားလေး said...

မမင်းတကယ်ဘဲ အရမ်းချစ်တာလား မင်းလှသားလေး

မမင်း said...

မဇွန်၊ မသီရိ၊ ညိုလေး၊ မင်းလှသားနဲ့ အားပေးကြသူအားလုံးကို ကျေးဇူးအထူးပါ။

မော်ကွန်းသစ် said...

ချစ်ခွင့်ရှိတုန်း ချစ်ထားကြလော့။ (မော်ကွန်းသစ် ကျမ်းစာ 1.to.500)

"ဒါနကမ်းလက်"ပရဟိတအဖွဲ့ said...

မင်း..တောင် အချစ်ကို ခံစားနေတက်ပြီ..

Anonymous said...

မမင်း စာမေးပွဲ နီး တာတောင် စာမကြည်.ဘဲ မမင်းရဲ. blog ထဲ ၀င်မွှေသွားတယ်နော်....မမင်း ချစ်တယ်ဆိုတာ အခွန်ဆောင်စရာ မှ မလိုတာ ချစ်ခွင်.ရတုန်းလေး ချစ်လိုက်စမ်းပါ...ဘယ်သူသိတာမှတ်လို..