တိမ်တွေငိုတာတဲ့လေ
ငါ့ ကမ္ဘာ မိုးရွာနေတာ
၁၃ နှစ်တောင်ကြာခဲ့ပေါ့
အမြဲ မစဲခဲ့ဘူး။
မိုးရိပ်တွေခင်းကျင်း
မိုးသီချင်းတွေဆိုစဉ်က
ငါ့ရဲ့ ရင်ခုန်သံတွေ
မြူးကြွနေလိုက်တာများ။
နောက်...အေးမြခြင်း၊ လျှပ်လက်ခြင်း
စိုထိုင်းခြင်း၊ မှုန်မိုင်းခြင်းနှင့်
မိုးကြိုးသံ၊ လေပြင်းဒဏ်တွေကြောင့်
ငါ့ မှာတုန်ရီလှိုက်မော။
ရူးမတတ် ရွာခဲ့တယ်
ရွာသမျှလည်း ရူးခဲ့ပေါ့
ငါဟာ ရွာသာရွာစေ၍
မရပ်တန့်နိုင်တဲ့သူလေ။
အနမ်းခြွေ ပန်းကြွေမိုးရယ်...
အပျက်အဆီးများပေမယ့်
မြတ်နိုးစရာအကောင်းဆုံးတွေကို
သယ်ဆောင်လာခဲ့တာကြောင့်။ ။
3 comments:
ဟယ် .. မိုးကို လဲ သူ ချစ်တယ်တဲ့ .. ပျော်လိုက်တာတော့် ... တ တူ တု တူ ... တ တယ် တဲ့ တယ်...
မိုးကို ချစ်တဲ့ မင်း...း)
အဟေဟေ (ငိုရမလား၊ ရီရမလား မသိရင် ထွက်လာလေ့ရှိသောအသံ)
ဒီမိုးက တောင်ကြီးကသစ်စက်ကြီးကို ပြောတာဟုတ်ဘူးဗျိုး
Post a Comment