Pages

20 February 2010

သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၃)

မိုး: အိမ်ပြောင်းရတာ အဆင်ပြေပါ၏လော ..
အိမ်အသစ်လိပ်စာလေး လုပ်ပါဦး
:D
ဟာ
အဲ့လောက်ကြာကြီး တိုက်ပ်ရသလား
:(

me: ပြေမှပြေ၊ မနေ့ကအိမ်ပြောင်းပြီးတာနဲ့ ဘုန်းဘုန်းတရားပွဲကို ဆက်သွားတာနီးနီးလေးဆရာ၊ အဲဒါစိတ်ချမ်းသာတယ် ဘုန်းဘုန်းလာရင် အဲ့ကျောင်းမှာဟောနေကျ။... အဲ...အိမ်ကို ပစ္စည်းတွေသွားပို့ပြီးပုံထားခဲ့တာလေ.. ဟီး။ ၁ ရက်နေ့မှ ရုံးဆင်းရင် လက်ရှိသုံးနေတာတွေ ကောက်ထည့်ပြီး လူကအပြီးပြောင်းမှာ.... နင်ပဲ ...ပြောစရာကုန်မှ enter ခေါက်ခိုင်းတာပဲဟာ၊ ကြာမှာပေါ့

မိုး: အင် .. သိဘူးလေ ငါက နင် လိပ်စာ အသစ် ရိုက်ပေးနေတယ်မှတ်နေတာကိုးး

me: Blk 643, Ang Mo Kio Ave 5,
#09-3009 (S) 560643

မိုး: မစုကကျန်ခဲ့တာပေါ့ သနားပါတယ် သူလဲ နင့်ကိုတော်တော်ချစ်ကြီး

me: ငါလည်းချစ်တာပဲ..........စိတ်လည်းမကောင်းပါဘူးဟာ...
မမိုတို့၊ မပိုက်တို့ကလည်း အရမ်းကောင်းတာ...
ဟိုကလေးသူငယ်မလေးကိုလည်း လွမ်းနေရတော့မှာ...
ငါက ငွေမျက်နှာပဲကြည့်လိုက်တာ

မိုး: တိန်
၆ကောင်မ ၇ကောင်မ ၈ကောင်မကြီး
နင် တော်တော် ပဲ ငွေစကားပြောနေပါလား
အံ့ပါရဲ့တော်
:P

me: အေးလေ..........ဒီတစ်ခေါက် အဖွားနေမကောင်းလို့ အဖွားအတွက် အလှူလုပ်ပေးချင်လို့ ရွာပြန်သွားတာလေ...... ငါတို့ရွာက ကိုင်းလုပ်ကြတယ်...ခုလိုမိုးတွင်းဆို ရေတွေလျှံပြီး...တံငါအလုပ်ကလွဲပြီး ဘာအလုပ်မှမရှိဘူး။ ကိုင်းအလုပ်ဆို မနက်လေးနာရီကနေညနေ၆နာရီထိ ပေါင်းသင်ရ၊ ကိုင်းခုတ်ရ၊ ပဲနှုတ်ရတာ ..တစ်နေ့ကို မြန်မာကျပ်ငွေ ၁၀၀၀ ပဲရတယ်

မိုး: အဲ့ဒီတော့

me: တံငါတွေလည်း ရေထဲတစ်နေကုန် ငရဲကြီးခံပြီးဆွဲပါမှ နေ့စားသမားက အဲလောက်ပဲရတာ... ငါတို့က ဒီမှာ ဒေါ်လာ ၁၀ (ငွေ ၈၀၀၀) ဆို..ငွေလို့ ထင်တာမဟုတ်ဘူး၊ အကြောင်းမဲ့ကုန်ဖို့ ဝန်လေးတာမဟုတ်ဘူးလေ။ ဒီတစ်ခေါက်ငါ ရွာမှာ ကျောင်းမှာရှိသမျှသံဃာကုန် အိမ်နဲ့အပြည့် ဆွမ်းကပ်တာ ၂ရက်၊ ငါခွင့်ရတဲ့ရက်ကနည်းတာကိုလေ။ ရန်ကုန်ကနေ သပိတ်၊ သင်္ကန်း၊ ပရိက္ခရာအစုံ၊ထီး၊ ဖိနပ်၊ ယပ်၊ လွယ်အိတ်၊ နေရာထိုင်၊ မျက်နှာသုတ်ပဝါ သံဃာအသုံးအဆောင်ပစ္စည်းတွေ အကောင်းဆုံးဆိုတာတွေ ဝယ်သွားတယ်။ အချိုပွဲ၊ ဆွမ်းဟင်းပွဲတွေအတွက်လည်း နိုင်သလောက်ပါတယ်။ ဒေါ်လာ ၅၀၀ လောက်ဟာရယ်၊ စိတ်တိုင်းကျဝယ်လိုက်ရတာ မကုန်တော့ဘူးလားတောင်ထင်ရတယ်။

မိုး: အင်း
၁၀ ဆို သူတို့အတွက် ရက် ၈ စာကြီးများတောင်
:(

me: အိပ်ယာထဲလဲနေတဲ့ အဖွားက လုံးဝမထနိုင်ပေမယ့် သတိတစ်ချက်မှ မလွတ်ဘူးဆရာ၊ အဲဒါ ငါကံကောင်းတာ။ ငါ့အဖွားကို ငါရှာဖွေထားတဲ့ငွေနဲ့ ၈ သိန်းလောက်ပဲ ကန်တော့ရဖူးသေးတာလေ။ အခုက နောက်ဆုံအနေနဲ့ ငါကျေးဇူးဆပ်ခွင့် ရသေးတာ။ အဆင်သင့်ဖြစ်နေတဲ့ ဝတ္ထုငွေတွေ၊ ပစ္စည်း အစုစုတွေကို အဖွားအိပ်ယာဘေးမှာ ပုံပြီးအဖွားကိုထိုင်ကန်တော့လိုက်တယ်။ ဒါအဖွားပိုင်တဲ့ပစ္စည်းတွေ၊ ငွေတွေဖြစ်သွားပြီလို့ တစ်ခုစီကိုင်ပြီး ရှင်းပြ၊ ပြောပြတယ်။ အိမ်ပြည့်သံဃာတွေရယ်၊ သက်ရှင်ဆွမ်းကျွေးတရားတော်တွေရယ်ဟာ ငါပြန်လာမယ်အသံကြားပြီး လန်းလန်းဆန်းဆန်းဖြစ်နေတဲ့ ငါ့အဖွားအတွက် နောက်ဆုံးအချိန်အာရုံကောင်းတွေဖြစ်မှာပါ။ ပြီးတော့ ရွာထဲက အဖိုးအဖွား ၁၇ ယောက်ကိုအိမ်ပင့်ပြီး သက်ကြီးပူဇော်ပွဲလုပ်သေးတယ်။ ငွေငါးထောင်စီနဲ့ ပစ္စည်းက ၃ထောင်ဖိုးစီလောက်မို့ ငါ့စိတ်ထဲသိပ်မဟုတ်လှဘူးမှတ်တာ... ဒါပေမယ့်...

မိုး: အင်း

me: အဲဒီနေ့ကလေ...  သူတို့တွေပျော်နေလိုက်ပုံများ...ငါအော်ပြီးတောင်ငိုချင်တယ်၊ ပျော်လည်းပျော်တယ်

မိုး: အင်း

me: စားကြသောက်ကြနဲ့ သူတို့အရမ်းဝမ်းသာကြောင်း... မိုးတွင်းမှာဝင်ငွေမရှိကြောင်း အဇွားနဲ့လဲ စကားတွေပြောကြလို့ ... အဲဒီ မှာငါသိလိုက်ရတာက..  ဒီ၂ နှစ်မှာကိုင်းတွေရှုံးလို့ ကြွေး ၃သောင်း ၄သောင်းတင်တာ သူတို့မှာ နွားရောင်းရ၊ ကိုင်းရောင်းရနဲ့ ဘဝပျက်တာဆိုပဲ...

မိုး: :(
ငါတောင် နိုချင်လာဘီ

me: မြန်မာငွေ ၄သောင်းဆိုတာလေ... တစ်ခါတစ်လေ ငါတို့စားတဲ့ ထမင်းတစ်နပ်စာလောက် ရှိတာကလား...........

မိုး: အေးယေ

me: ဟုတ်တယ်၊ ငါ ..ဝင်ငွေတိုးပြီးမရှာနိုင်ရင် လက်ရှိမှာ သီးခံခြွေတာပြီး... ငါလုပ်ပေးချင်တာလေးတွေ ရှိတယ်...

မိုး: အင်း
မိုးတို့ကော လုပ်ကူမယ်လေ နင် ဖိတ်ခေါ်ရင်
ဟိုကောင်တွေလဲ ကူချင်မှာပါ
မိုးတို့ သူငယ်ချင်းတွေရေစက် မပျက်အောင်ပေါ့ ဟီ ဟိ
နင် တယောက်ထဲပြေးသွားပစိုးလို့
ညှင်း ညှင်း ညှင်း
ငါကလဲ သူများကိုပေးရကျွေးရလို့ ရတဲ့ ပီတိကိုသိပ်မက်တာ

me: အဲ........ခုငါနေမယ့်အခန်းက အလုပ်နဲ့ဝေးတယ်၊ air-con မပါဘူး...စတိုခန်းလိုဟာလေးပေါ့ တစ်ယောက်လည်းနေရမှာ ......... တစ်လ ၂၂၀ ပဲ...လက်ရှိ မစု နဲ့နေတဲ့အခန်းက တစ်လကို ၄၀၀ ကျော်ကျတယ်

မိုး: အယ် စတိုခန်း
ဟဲ့ကောင် ငါလာကြည့်မယ်
၁ရက်နေ့ ဘယ်ချိန်အဲ့အိမ်သွားမှာလဲ
ငါ လိုက်မယ် ဒီတခါတော့

me: ငါ့ရဲ့ အစ(ပထမဆုံး) ကတော့ ငါနေ့တိုင်းစောစောထပြီး ရုံးသွားရတော့မယ်၊ ရုံးပြန်နောက်ကျမယ်၊ ပုလှောင်လှောင်အခန်းကလေးမှာ...လောလောဆယ်တော့ ကုတင်မပါ ဘာမပါအိပ်ရတော့မယ်.... ဒါက ငါသီးခံနိုင်ပါတယ် .. ငါမှ တစ်နေကုန်နေပူထဲ ကိုင်းမလုပ်နိုင်တာ၊ တစ်နေကုန် ရေစိမ်ပြီး ပိုက်မဆွဲနိုင်တာပဲဟာ ..နော်

မိုး: အိစ်
နင် နင်

me: ;P

မိုး: နေပါဦးဟာ နင်အဲ့လိုလုပ်တာ နင့်မေမေသူဇာသိရင် အားပေးမယ်ထင်လား

me: အဲ......သူမသိလောက်ပါဘူးလေ.... သိလည်း ငါကပြေလည်သွားအောင်ပြောတတ်ပါတယ်..... ဒါကြောင့်လည်း ခုချိန်ထိ ငါ့မိဘတွေဆို ငါဘာလုပ်လုပ်အကောင်းချည်းပဲ ထင်နေတာ
ဟားဟား

မိုး: ငါမေးတာက သိရင်လို့
အေးပါဟာ .. ငါက နင့်အတွက်ပဲစိတ်ပူတာ ..
ငါ ဘာမှမမြင်ရသေးလို့ ဘာမှမပြောသေးဘူး ကြာသပတေးနေ့မှတွေ့မယ်လေ ...

me: ဟဲ့ပလုပ်တုတ်......စနေတနင်္ဂနွေမှ... လာချင်လာစမ်းပါ...... ကြာသပတေးမလုပ်ပါနဲ့..အဲ...
 အေး......သိရင် အားမပေးဘူး သေချာတယ်၊ ဒါပေမယ့် ငါ့နေရာမှာ သူဆိုရင် ဒီထက်ပိုပြီး ထိရောက်တာတွေ လုပ်မှာသေချာတယ်....

မိုး: အေး နင့်ထက်ပိုပြီးထိရောက်အောင် လုပ်မယ်ဆိုတာတော့ ငါသိတယ် ဒါပေမယ့် ကိုယ့်သူကိုယ်အထိခိုက်ခံပြီးမှလုပ်လိမ့်မယ်လို့တော့ ငါမထင်ဘူး
နင်လုပ်တာသိရင်လဲသူအားမပေးဘူး သူစိတ်ကောင်းမှာမဟုတ်တာ နင်လဲသိသားနဲ့
နင် အဲ့လိုလုပ်ပြီးမှ အဲ့လိုလှူတယ်ဆိုတာကို နင်လှူတဲ့သူတွေသိရင်ကော
ဟဲ့ကောင် နင်က ငါ့ထက် ပိုသိပါတယ်ဟ .. ဇွတ်ကြီးမလုပ်စမ်းနဲ့

me: အေးအေး....ဇွတ်ကြီးမဟုတ်ပါဘူး....ငါ့ကိုယ်ငါ အဆင်ပြေမလားဆိုတာ အများကြီးမေးပြီးပါပြီ....ငါက တစ်ယောက်တည်းနေချင်တာလည်း ပါသေးတာကိုး၊ ကျဉ်းပေမယ့် ငါ့တစ်ယောက်ကတော့ ဘယ်လိုနေနေပါဟ

မိုး: နင် က ဘယ်လောက် တောင်လှူချင်တာလဲဟယ် ငါတို့ဖြည့်ကူပါ့မယ် .. ငါတို့ စိတ်မကောင်းဖြစ်အောင်တော့ မလုပ်ပါနဲ့ဟ
မောထှာ
ရေသောက်ဦးမယ်
ဟဲ့ . နင့်အိမ်က အမ်အာတီနဲ့လဲ ဝေးကြီးပါ့ကော ?!!!
နင့်အလုပ်ကို ဘတ်စ် ရောက်တာလား ဟုတ်လား
 အောင်မိုးကရိုနဲ့ ကော ယိုချုးခန်း နဲ့ကော ဝေးကြီးပဲ အဲ့အမ်အာတီ၂ခု အလည်လောက်သွားကျနေတာကိုးးး .. ငါက မြေပုံထဲကြည့်လို့လားတော့သိဘူး

me: ဟားဟား.......အေးသောက်သောက်၊
မြေပုံရှာမနေနဲ့ ...
ငါ့ဟာငါတောင် မရှာရသေးဘးဟိဟိ
ငါဘယ်လောက်လှူမယ်လို့ စိတ်ကူးထားတာမရှိသေးဘူး၊ ငါခု စုစောင်းလို့ရတာတွေကို လှူလိုက်မယ်ဆိုတာထက်၊ နင်နားလည်ပါ့မလား... ငါ တစ်ရွာလုံး၊ တစ်နယ်လုံး၊ တစ်တိုင်းပြည်လုံးက ဆင်းရဲသားတွေ.(လူချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့လူတွေလည်းပါတယ်ထင်တယ်) ... အဲလူတွေရဲ့ လူနေမှူဘဝ ကိစ္စအဝဝ နဲ့ အသိညဏ်တွေ တိုးတက်ကောင်းမွန်အောင်... လုပ်ပေးနိုင်တဲ့သူ ဖြစ်အောင် ငါ့ကိုယ်ငါ မြန်မြန်ဆောက်တည်ချင်တာ.... ကဲ....ငါ့ကိုအဲလိုလူဖြစ်အောင် နင်တို့ကူညီချင်ရင် အကြံညဏ်တွေ၊ အဆုံးအမတွေသာ များများပေးကြ.........

မိုး: ဗုဒ္ခေါ မြတ်စွာကယ်တော်မူပါ
နင့်ကို ဆုံးမနိုင်တာ နင်ကိုယ်တိုင်ပဲရှိတယ် နင်က ဘယ်သူဆုံးမတာကို နားထောင်လို့လဲပြောကြည့်ပါဦး ... မြေပုံ ရှာပြီးလို့ ဝေးကြီးလို့ပြောနေတာလေဟာ

me: အင်... ငါ ကဘယ်သူပဲ ဆုံးမ ဆုံးမ ငါကြိုက်ရင် အမြဲနားထောင်တာ ကလား... ငွားငွားငွားငွား

မိုး: အေလေ အဲ့ခါကျတော့ နင်နားမထောင်ချင်တဲ့ဟာတွေကို ဆုံးမမိတဲ့သူတွေကအရူးဖြစ်တာပေါ့ မတာမရဲ့

me: အမ်......ငါ့ကိုဆုံးမတဲ့မှန်သမျှ ဘယ်သူမှ တစ်ခါမှ အရူးမဖြစ်ဖူးပါဘူး ဟ...နင်ကလည်း..ဆုံးပဲဆုံးမ ကြည့်ပါဦး

10:21 AM မိုး: နင်က နင် နားထောင်ချင်တဲ့ဟာမှနားထောင်တာကြီး... နင် နားထောင်ချင်တဲ့ဟာကိုမှရွေးပြောတာကို ဆုံးမတယ်လို့ ခေါ်ဝူးနဲ့တူတယ်
:P
 ဆုံးမတယ် ဆိုတာ ဆုံးမတဲ့သူဖြစ်စေချင်တာ ..ကို ပြောရတာဟုတ်ဝူးလား

me: အဟေးဟေး....... နင့်ကိုငါမငြင်းတော့ပါဘူးဟ၊ ငါနားမထောင်ချင်တဲ့ ဆုံးမစကားတွေကို ရင်နဲ့အပြည့် လွယ်ပိုးထားပြီး .. မလုပ်ချင်ဘဲလုပ်နေရတာတွေ...အများကြီးကို နင်မှမသိတာပဲ။ တချို့ ကိစ္စတွေ မလုပ်ချင်တာက ခံစားချက်၊ လုပ်နေရတာက အသိညဏ်ကြောင့်။ နောက်ဆို လိုလိုချင်ချင်လုပ်မှာပါ။အင်း ငါဒီလိုဖြစ်နေတာ ငါ့ Model တွေကြောင့်ဟ။

မိုး: ဟွန်း နင် မှ နားမထောင်တာ နင့်ရင်နဲ့လွယ်ပိုးထားလဲ ဘာမှအသုံးမ၀င်ဘူး ပြောရတာ မောတာပဲအဖတ်တင်မှာ ..

 me: ဓမ္မဒူတ ဆရာတော်ဘုရားကြီး ရှိတုန်းက ရေလဲဆိုတဲ့ရွာမှာ တရားပွဲ၊ ရွာပြင်လယ်ကွင်းထဲက ဝါးနဲ့ဆောက်တဲ့ ဓမ္မပုလ္လင်ခပ်မြင့်မြင့်မှာ ရွာနီးချုပ်စပ်က လှည်းတွေနဲ့လာကြတဲ့ တရားနာပရိတ်သတ်ကို လေတဖြူးဖြူးမှာ တရားဟောတာ ၂ နာရီ တဲ့ဆရာ၊ ဆရာတော်ကြီးက ငှက်ဖျားရှိတယ်၊ လမ်းမှာကတည်းက ဖျားလာတာခြစ်ခြစ်တောက်တဲ့။ ဘုန်းဘုန်း (ဓမ္မဒူတမှော်ဘီဆရာတော်) ဆို ပြီးခဲ့ ၂ ပတ်ကျော်က အသည်းမကောင်းလို့ဆိုလား SSC မှာ။ ဟော ခုကြာသပတေးမှာ အလုံကလူတွေ သတင်းပို့တယ်၊ အာရှတော်ဝင်မှာတရားပွဲဟောသတဲ့။ ခုစနေ၊ တနင်္ဂနွေ Singapore က သား၊ သမီးတွေကို သနားလို့ဆိုပြီး ပြုံးပြုံးနဲ့ရောက်လာတယ် မဟုတ်လား။ မေမေသူဇာဆိုလည်း ငါဒီကိုအလည်ခေါ်နေတာ ကြာပေါ့။ ဒီကိုလာလည်ရင်ကုန်မယ့် ပိုက်ဆံတွေကိုတဲ့ လိုအပ်နေတဲ့ဘယ်နေရာတွေမှာ ဘယ်လိုလှူလိုက်ရ၊ ဘယ်လောက်အရသာရှိမှာဆိုပြီး ဘယ်သူဘာလိုနေတယ်၊ ဘယ်လိုကူုညီမယ်တွေပဲလိုက်လုပ်နေတယ်။ Pass Port ကိုမလုပ်လို့ ငါ့မှာရောဂါတွေကို တက်နေတာ။ လှူတာလဲလှူနေတာပဲလေဟာ... အင်း... အဲလိုပါဆို.. ငါ့ပြောမရတာမဆန်းဘူး။
ဖျားနေတဲ့ဆရာတော်ကြီး တရားပွဲမဟောပါနဲ့ ပြောမရဘူးတဲ့။ နေမကောင်းတဲ့ဘုန်းဘုန်း နားပါဆိုပြောမရဘူးတဲ့။ မေမေသူဇာ သူများကိစ္စတွေ ခဏလောက်ထားခဲ့ပြီး ဒီကိုခဏလေး လာလည်ပါဆိုတာ ပြောမရဘူးဟ။ ဟိဟိ နင်မောသွားတာ တောင်းပန်ပါတယ်ဟာ နော်နော်။ ငါအိမ်ပြောင်းပြီးရင် မုန့်ဟင်းခါးချက်ကျွေးပါမယ်။ ။

No comments: