မြင်းရိုင်းတွေ ဖြတ်ပြေးတိုင်း
ဖုန်တထောင်းထောင်းထလို့
သံစဉ်တွေမညီမညာနဲ့
အားငယ်နေတတ်သေးရဲ့
နေခြည်၊ လရောင်၊ အမှောင်
ရောင်စုံမြို့ လေးပေါ့...ငါ။
မြစ်တစ်ခုသာဖြစ်ခဲ့ရင်
ငါ့ရဲ့မျက်နှာပြင်ကို
အေးခဲပြစ်လိုက်ချင်တာ
ဒါမှ အရှိန်သတ်လို့ရမှာ
နောက်...တံတားမလိုဘဲ
ငါ့ကိုဖြတ်လျှောက်လို့ရပြီပေါ့။
ဘယ်သူမှ မသိရင်နေ
တိတ်တိတ်လေးစီးဆင်းမယ်လေ
အရေးကြီးတာ ဖုန်မထဖို့နဲ့
ဒီကောင်းကင်ကျယ်ကြီးရဲ့
ဘာမထီ အပြုံးအတွက်
ရင်မနာတတ်ဖို့ပဲ မဟုတ်လား။ ။
4th, January '2005 (Tuesday)
အလုပ်များ၊ စိတ်များလို့ ပို့စ်မတင်ဖြစ်တာ ၃ ရက်ကြာသွားပါတယ်။
ဒါနဲ့ အချိန်ပေးပြီးရေးရမှာတွေ ခဏထားပြီး၊ ကဗျာဟောင်းလေးတွေနဲ့ လုပ်စားနေကျ အတိုင်း။ =P
အဟောင်းလေးပေမယ့် ဒီတစ်ပုဒ်က မမင်းရေးခဲ့သမျှကဗျာတွေ အားလုံးထဲမှာ စိတ်ကျေနပ်မှု အရှိဆုံး နဲ့ အကြိုက်ဆုံးလေးဖြစ်ပါတယ်။ ။
2 comments:
တို့လဲ ကြိုက်တယ်။
'ဘယ်သူမှ မသိရင်နေ
တိတ်တိတ်လေးစီးဆင်းမယ်လေ' တဲ့။
အဖွဲ့လေး လှတယ်။
မဇွန်
ကျေးဇူးတင်ပါတယ်။
Post a Comment