Pages

01 March 2010

အမှိုက်မီး

ဘဝဟာ မီးလောင်မှုတစ်ခုဆိုရင်
လူဟာပိုးဖလံရဲ့ ဆရာ

ချစ်တတ်နေတဲ့ရင်ဘတ်နဲ့
မလွတ်လပ်တဲ့ စိတ်အာရုံကို
အပြစ်တပ် လွှတ်ပစ်လိုက်ချင်လည်း
အမြစ်ထွက် အစွဲတွေနဲ့
ဖျောက်ရခက်ဆဲ ဗီဇတွေက
မီးလောင်ရာ လေပင့်ကြတယ်...

'အဝိဇ္ဇာ' အမှောင်ထုမှာ
တဏှာနဲ့နှောင် စုခဲ့လေသမျှ
သံသရာချီ ဒီအမှိုက်တွေ
ပြဿဒ်ကို မီးလောင်နေတာ။ ။



တရားစခန်းသွားနေတုန်း Scheduled Plan နဲ့တင်တဲ့ပို့စ်ဆိုတော့ ဒါမျိုးပဲ ဖြစ်ရမယ်လေ။ ;P

ရှားရှားပါးပါး တရားသံဝေဂ ဖြစ်ချိန်တွေမှာ ရေးထားမိတဲ့ ကဗျာလေးတွေပြန်ရှာဖတ်ပြီး ဒါလေးက အတိုဆုံးဖြစ်နေတာနဲ့ ဟဲဟဲ.. အလွယ်တကုပဲ ရိုက်ပြီးတင်ခဲ့လိုက်တယ်။

၂၀၀၂ ကတည်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ အသက်ကတော့ တော်တော်ကြီးနေပြီပဲ။ :)

ဒီကဗျာလေးရေးတုန်းက စွန့်စားခန်းတစ်ရပ်လိုပါပဲ။ အချစ်ကိုဦးစားပေးတာတို့၊ အချစ်ကိုကိုးကွယ်တယ်တို့ ဆိုတဲ့အရွယ်မှာ... ရင်ထဲကဟာတွေကို အမှိုက်တွေ၊ မီးတွေလို့ နာမည်တပ်လိုက်ရတာ တော်တော်ကို အရသာရှိခဲ့တာကလား။

6 comments:

ဇွန်မိုးစက် said...

မင်းရေ..မင်းရေးသမျှဖတ်ဖူးတဲ့ကဗျာထဲမှာ ဒီကဗျာလေးကို အကြိုက်ဆုံးပဲ။

နောက်ဆုံးအပိုဒ်လေး သိပ်ကောင်းတယ်။

'အဝိဇ္ဇာ' အမှောင်ထုမှာ
တဏှာနဲ့ နှောင်စုခဲ့လေသမျှ
သံသရာချီ ဒီအမှိုက်တွေ
ပြဿဒ်ကို မီးလောင်နေတာ။ ။

Cho Zin Wint said...

မညိုမီ ရဲ့ GTalk ref ကြောင့်.. ကဗျာလေးလာဖတ်သွားပါတယ်..

သံဝေဂအသိအတွက် ကဗျာလိုဖွဲ့ နွဲ့အောင်ရေးနိုင်တဲ့ အစ်မကိုလေးစားတယ်။

ဓမ္မဂင်္ဂါ said...

အင်း ဂလိုပါပဲလေ
ဂလိုဘယ်လ်ကြီးထဲ
ဂလောက်ပဲလောင်တဲ့မီး
ဂလိုင်ခေါက်ကြစို့
ဂလု ဂလု

မမင်း said...

ဘုန်းဘုန်း၊ မဇွန် နဲ့ ချိုဇင်လေး Comment တွေနဲ့အားပေးတာ ကျေးဇူးပါ။
ဘုန်းဘုန်းဘုရား ဂလိုင်ခေါက်တာ မြန်မာပြည်က မီးသတ်ကားထင်တယ်။ တပည့်တော်တို့ နယ်မြို့ တွေမှာတော့ မီးသတ်ကားဟာရယ် ဂလောက်ဂလက်နဲ့ စက်ပျက်လို့ ထွက်မရတတ်ဘူးဆိုလား။ ဝိုင်းတွန်းလို့ စက်နိုးတော့လည်း ကားထဲမှာရေမရှိဘူးဆိုလား။ ဟိဟိ ဒီတစ်သက် ဒီမီး သူ့ဟာသူငြိမ်းပါမှပဲဘုရား။ ။

Than Yaw Zin said...

အမိုက်မိးတွေလောင်နေတုန်းဘဲ...

kyawzaw said...

bo joke(general)
i pay respect for this poem.
i wanna read some more.