နေ့က နွမ်းနယ်ညောင်းကိုက်နေမှတော့
ည ကိုဘယ်လိုများ သောက်မျိုလိုက်ရပါ့
လုပ်ချင်တာလေးတွေ ကပျာကယာလောင်းချိုး
မဖြစ်မနေတွေကို စားသုံးပြီးတဲ့အခါမှာတော့...
ဟာတာတာညတစ်ခုဟာ အိပ်ချင်စိတ်မဲ့နေတတ်ရဲ့။
မီးပိတ်လို့တောင်မှ မှောင်မသွားတတ်တဲ့
ပေါ့ပျက်ပျက်ညမျိုးပေါ့၊ ထုံထိုင်းနေချင်လည်းမရခဲ့ဘူး။
ညရဲ့ ညထဲ... နာနာကျင်ကျင်၊ အလူးလူး အလှိမ့်လှိမ့်နဲ့..
နားစွင့်ထားခဲ့လည်း ကြယ်ကြွေသံ ငါမကြားရဘူး...
လှမ်းမျှော်ငေးလည်း လမင်းက ထွက်မလာခဲ့ဘူး...
အင်တာနက် နဲ့ ဖုန်းကဒ်အသစ်တွေရှိနေလည်း
ငါ... ပြောချင်တာတွေ ပြောခွင့်မရဘူး။
ငါ... ကြားချင်တာတွေ မကြားရဘူးကွဲ့ ။
အသံတိတ်နေလည်း... ကြယ်တွေအချိန်တိုင်းကြွေနေတယ်။
သာသာ၊ မသာသာ... လ' ဆိုတာ ရှိနေတယ်။
မမြင်ရ၊ မကြားရလည်း ငါသိနေတာပဲ အချစ်ရယ်...
ကွယ်...ဒီည၊ ထက်သန်မြမြ၊ စူးရှရှ အလွမ်းတွေနဲ့
ခြေဆုံးခေါင်းဆုံးကို ခါးသက်နေတော့တယ်။ ။
မမင်း
March 22, 2010(Mon) 11:26 PM
3 comments:
ကဲ....ပြုတ်ကြသွားမတတ်ပါပဲ။
မစဉ်းစားတော့ပါဘူး
မမင်းရေ
ကျေးဇူးပါ
ကဗျာလေးကို ဆာဆာနဲ့ပဲ
သောက်လိုက်တယ်
ခြေဆုံးခေါင်းဆုံးကို ခါးသက်နေတော့တယ်။
ညခါးခါးရေ- ဖတ်မှတ်သွားပါတယ်။
လင့်ခ် ပါ ယူထားလိုက်မယ်နော်။
မတက်တခေါက် မဟုတ်ပါဘူးနော်- မမင်းဆိုတဲ့ ဘလော့ဂါ တစ်ယောက် ဘလော့ဂါ လောကထဲမှာ နေရာတစ်နေရာ ရလာတာကိုက မတက်တခေါက် မဟုတ်တော့ဘူးနော်။ ဆက်လက် ကျိုးစားနိုင်ပါစေ။
Post a Comment