Pages

29 January 2010

ရင်ခွင်ရိုင်း

တစ်ခက်ဆိုတစ်ခက်
ဂုဏ်တက်လှတဲ့
တန်ဖိုးကြီးကြီး ပန်မျိုးမဟုတ်။

တစ်ပွင့်ဆိုတစ်ပွင့်
အပွင့်ကြီးကြီး
မွှေးမွှေးလှလှလည်း မဟုတ်။

ဖြူပင်ဖြူစင်လည်း
ရောင်းတန်းမဝင်
အဖွဲ့ အနွဲ့ တွေကနေ ဝေးတဲ့ပန်းမျိုး။

မြေဆွ၊ မြေသြဇာ
ရေလောင်းပေါင်းသင်
အယုအယ ဆိုတာတွေကိုမကြားဖူးတဲ့ပန်းမျိုး။

တစ်ကယ်ဆိုရင်လေ
ဝေလည်းမမွှေး
ကြွေလည်းမမွှေးတဲ့ ပန်းမျိုးပေါ့။

သီစရာကြိုး လုံးဝမရှိတဲ့
ငါ့ရဲ့ရင်ထဲမှာမှ
ရာသ၊ီ ဒေသ မရွေး.....
ဖွေးဖွေးလှုပ်လှုပ်.....
အလေ့ကျ.........

9th, October '2009 (Fri)

ဆရာမ ဂျူး ရဲ့ "အချစ်ဆိုတာ ကြိုးနဲ့သီစရာမလိုတဲ့ ပန်းကလေးတွေ"
ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်မိပြီး ဒီခံစားချက်ကိုရခဲ့ပါတယ်။ ဒီကဗျာလေးရေးဖြစ်တဲ့အတွက် ဆရာမ ဂျူးကိုကျေးဇူးတင်လိုက်ပါတယ်။
မမင်းအတွက်ကတော့ အချစ်စိတ်ဆိုတာ ဝေလည်းမမွှေး၊ ကြွေလည်းမမွှေးတဲ့ပန်း (ကိလေသာ မသမာဓာတ်)လို့ ဆယ်ကျော်သက်အရွယ်ကတည်းက လက်ခံခဲ့တာကြောင့်.....
ဒါပေမယ့်...လောကီသားပေမို့ အချစ်စိတ်မျိုးစုံတွေနဲ့လည်း လုံးထွေးပတ်သတ်နေဆဲ ဖြစ်တာကြောင့်.....
ဘာပဲပြောပြောလေ...ပွင့်တာက ဟိုတစ်စ၊ဒီတစ်စ အလေ့ကျ ပန်ရိုင်းတွေပါ။ သီစရာကြိုးမရှိတဲ့... ဒီရင်ခွင်ကတော့ တကယ့် "ရင်ခွင်ရိုင်း" ပေါ့။

9 comments:

မိုးမျောက်မျောက် said...

ဟိုက်ရှားပါး
ရေလည်မိုက်တယ် ..ကြိုက်တယ် ..

HNIN said...

Hi ma minn!!
I come & read naw ...
Nice poem . I like it.

nyome said...

မင်းရေ...ကောင်းလိုက်တာ...ကဗျာလေးက

ဇွန်မိုးစက် said...

ကြိုက်မိပြန်ပြီကွယ်...ဒီကဗျာလေးကိုး)

စကားမစပ် မင်းရဲ့ template အသစ်လေးက တို့နဲ့အတူတူဖြစ်သွားပေါ့

ဇွန်မိုးစက် said...

မင်းကို တို့ရဲ့ ထဲ လုပ်လိုက်မယ်နော်း)

ဇွန်မိုးစက် said...

ဟီဟိ..eng လိုထည့်ဖို့ မေ့သွားတယ်။ blog list ထဲ add လိုက်မယ်လို့ :D

မမင်း said...

မဇွန် မမင်းက မတတ်တော့ လျှောက်လုပ်တာ၊ ဒီနေ့ခင်းအကုန်ပျောက်ကုန်လို့ ... စမ်းတဝါးဝါးနဲ့ အချိန်လဲကုန်တယ်။ ယာယီလုပ်ထားတာပါ။ မမင်းက ပြောင်းနေဦးမှာ...ဒေါင်းထားပြီး တပ်လို့မရသေးတဲ့ template တွေရှိနေတယ်။ Blog List လဲ မလုပ်တတ်သေးဘူး။ ချွေးကိုပြန်ရော...ဟားဟား။

Anonymous said...

မမမင်း....ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ရုပ်ရှင်ကားတကားရှိတယ်..လွှမ်းမိုး..အကယ်ဒမီရမယ်ထင်တာ..တကယ်ရသွားတော့ ခင်စိုးပိုင်...လေ။အဲဒီကားလေးကိုကြည့်ပြီး...ကဗျာ..ခေါင်းစဉ်လေးကိုပြောင်းကြည့်ပါလား....ပိုပြီးလိုက်ဖက်သွားမယ်လို့ထင်တာဘဲ........

မမင်း said...

အစ်ကိုပြောတဲ့ ရုပ်ရှင်ကားကို မသိဘူးဖြစ်နေတယ်။ ကြည့်ချင်လိုက်တာ။ အကြံပြုပေးတာ အရမ်းဝမ်းသာတယ်။ ကျေးဇူးပါ။