Pages

28 January 2010

"သူတို့နှစ်ယောက်နဲ့တနင်္သာရီ"

အေးငြိမ်းသာယာတဲ့ မနက်ခင်းတွေမှာ
အတူတူလမ်းလျှောက်ထွက်ဖြစ်တဲ့အခါ
ရွာအပြင် တံတားကြီးဦးမှာ ထိုင်နားနေကျပေါ့....
-ငါရေးတဲ့ကဗျာတွေကို...အော်ဖတ်လားဖတ်ရဲ့
-ချစ်စနိုးပြောင်နောက်ရင်း အော်ဟစ်ရီလားရီရဲ့
ကလေးတွေ ချစ်၊ကြောက်၊ရိုသေတဲ့ ဆရာမ တွေတဲ့လေ။

တက်ကြွသက်ဝင်တဲ့ညချမ်းတွေဆို
သူတို့အဆောင်ဆီ ငါမသွားဖြစ်တဲ့အခါ
ငါ့အိမ်လေးကို သူတို့ရောက်လာတာပါပဲ....
-သီချင်းတွေ အော်ဆိုလားဆိုရဲ့
-အကြောင်းအရာအမျိုးမျိုးတွေ ပြောလားပြောရဲ့
မတွေ့ ရမနေနိုင်တဲ့သူတွေလိုပါပဲလေ။

တစ်ကမ္ဘာလုံးမှာ အလှဆုံးလို့ ငါထင်နေတဲ့
အဲဒီနေရာလေးမှာပေါ့
မှိုင်းပြာပြာတောင်တန်းကြီးနဲ့ ထူးခြားတဲ့ရေပူစမ်းကြီးရှိတယ်
စိမ်းပြာရောင်ပင်လယ်ကြီးနဲ့ လှပတဲ့ကမ်းခြေတွေရှိတယ်
ဂျပန်ခေတ်ကတံတားကြီးနဲ့ အမြဲအေးကြည်နေတဲ့စမ်းချောင်းကြီးရှိတယ်
အထက်တန်းကျောင်းကြီးတစ်ကျောင်းနဲ့ ပန်းပေါင်းစုံလိုကလေးတွေရှိတယ်
ပေါများကြွယ်ဝမှုတွေနဲ့ ရှားပါးလစ်ဟာမှုတွေရှိတယ်
ရောင်စုံအပြုံးတွေနဲ့ မျက်ရည်စတွေလည်းရှိတယ်
ရှိတယ်...ရှိပါတယ်...တကယ်ဆို.........
အဓိပ္ပာယ်ပြည့်စုံတဲ့ဘဝတစ်ခုအတွက်
လိုအပ်တာတွေ အားလုံး...သေချာကိုရှိပါတယ်
ဒါပေမယ့်........
တစ်နယ်စီကရောက်လာခဲ့ကြတာဖြစ်တဲ့
ငါတို့သုံးယောက်ကတော့...ဒီနေရာလေးရဲ့အဝေးမှာ...
(ကြာတာတော့ကြာပါပြီ) တစ်ယောက် တစ်နေရာစီ။ ။


16th, January '2010 (Sat)

**မချို၊ အိထွေးနဲ့...ကျောက်ပေါက်ကိုလွမ်းတယ်။ ။

6 comments:

လူ said...

ဒီဟာကြိုက်တယ်ဖြစ်တယ်

မမင်း said...

ဟမ်...လူ...? ဟေး...နင် လူလား၊ မျောက်လား? =P
ငါသိတယ်...နင်ကြိုက်တယ်ဆိုတာ...လိုက်လည်ချင်လို့မဟုတ်လား?

မျောက် said...

အဟိ .. မျောက်လိုက်လည်ချင်တယ်ဖြစ်တယ် ..:P

ဇွန်မိုးစက် said...

မင်းရေးတာဖတ်ပြီး မရောက်ဖူးသေးတဲ့တနင်္သာရီကို လွမ်းသွားပြီ။

မမင်း said...

မဇွန်ရေ...အဆင်ပြေတဲ့အခါ အလည်ခေါ်ပါ့မယ်။ ပြီးခဲ့တဲ့တစ်ခေါက်ပြန်တုန်းက အချိန်က ၂၃ ရက်ပဲရတော့ ရန်ကုန်မှာကြာကြာမနေအားတာနဲ့ ရန်ကုန်က ဆရာမတွေ၊ သူငယ်ချင်းတွေကို ထားဝယ်ထိ Air-Mandalay နဲ့ မ, သွားလိုက်တယ်လေ... ဟဲဟဲ။

Anonymous said...

ဒီကဗျာကိုဖတ်မိတော့...ငယ်ငယ်တုန်းကနားထောင်ဖူးတဲ့သီချင်းလေးတပုဒ်ကို..သတိယမိတယ်...မတင့်ဆိုထားတာလေ.........