Pages

07 April 2011

သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၆)


မိုး:  မိုးကို တခုကူညီပါဦး၏
အလုပ်များနေလားဟင်
me: ဟမ် ပြောပြောပြူး၊ များလှတယ်လည်း ဟုတ်ပါဘူးအေ။
မိုး: ဒီဒင်း လေး တချက်လောက်ဖတ်ပေး
ဖော်ဝဒ်လုပ်ပေးမယ်နော်
me: အိန်း၊ လုပ်စေ
မိုး: မိုး မပြောတတ်တော့လို့၏
မှားမှာလဲကြောက်တယ်
me: အေးအေး

5 minutes
me: အင်း ဘဝဆိုတာအဲ့လောက်လေးသလား
ရီးစားဆိုတာ ကော ဖြတ်ရခက်သလား ခိခိ
သူ့အလုပ်က သူ့အတွက် ရီးစားလိုဖြစ်တယ်နေမယ်
မိုး: အင်း .. ဒီလိုပါပဲ တခါတလေကျ လမ်းဆုံတွေ တွေ့ရတတ်တာပဲဟာ
ငါ့အတွက်တော့ ရည်းစားဖြတ်ရတာလဲလွယ်ပါတယ်
ခိ ခိ  ခနလေး နောက်ဆက်တွဲ ပါဆက်ဖတ်လိုက်ဦး၏
me: ငါ့အတွက်လည်း ဘဝက ဘယ်တုန်းကမှ မလေးလံဘူး ပေါ့ပေါ့ပါးပါးပဲ ....
 အဟေဟေ ပေါ့ပေါ့နေ ပေါ့ပေါ့စားပေါ့

3 minutes

me: အိန်းအိန်း... ဖတ်ပြီးပြီ။ နင်ကဘာလို့သူဒရွတ်တိုက်ဆွဲရာပါနေတာလဲတဲ့
မိုး: ပါတော့ဘူး၊ မန်နေဂျာခေါ်လို့
me:ဟမ်အေးအေး၊
ခေါ်ရင်လည်းသွား။
ပြန်မှဆက်ဖတ်။နင်တာဝန်ကျေသွားပြီဟ။ နင်သူ့ကိုအသိပေးစရာ၊ပြောစရာကုန်ပြီဒီတော့သူ့ဟာသူဘာလုပ်လုပ် ငါတို့တတ်နိုင်သလောက်ကူညီကြမကွဲ။့
အုံးတော့မစားနဲ့၊ ကိုယ့်ဟာကိုယ်လည်းအလုပ်များနေတာမလား နင့်အစား ငါမောလို့ပါ။
မိုး: မရဘူး ကျားကျားရယ်
မိုး က အကျင့်ကိုပါနေတာ
ဟိုတခါ အတွဲ ကိစ္စလဲ အဲ့လိုပဲ ခုထိ ကြားညှပ်တုန်း
me:နင့်ဟာများလှပြီလေ။
ဟိုတစ်ခါဘဏ်ကဒ်ထားသွားပြီး ရွာပြန်သွားတဲ့ဟာတုန်းကရော နင်ဘယ်လောက်ဒုက္ခရောက်သလဲ။ 
အဲ့ဒါတွေကြောင့် နင့်ကို ချစ်တယ်ခင်တယ်ပြောပြီး အနိုင်ကျင့်တဲ့လူတွေပေါတာ။
မိုး: ဟုတ်မှာပဲ
မသိဘူးမဟုတ်ဘူး သိတယ် ဒါပေမယ့် တခုခုဟေ့ဆို လက်ကော စိတ်ကောပါပြီးသားကြီး ဖြစ်ဖြစ်နေတာ
me: သာဓုသာဓုသာဓု။ တကယ်သာဓုတာပါ။ နံပါတ်၁၇-အများအကျိုးဆောင်မင်္ဂလာ (အနာကုလာစ ကမ္မန္တာ) ဆိုတာမင်္ဂလသုတ်မှာ ဘုရားသေချာဟောထားတာရယ်။ တစ်ခုပဲ သတိထား  ကရုဏာရဲ့ အနီးရန်သူက သောက  (စိုးရိမ်တာ၊ ပူပန်တာ)။
မေတ္တာရဲ့ အနီးရန်သူက ငါ့ကိုယ်ငါပြောပြရမှာ။ နင့်မပြောတော့ဘူး ငါကသိပ်ချစ်တတ်လို့ ဟီးဟီး
မိုး: ဟား ဟား ဟား
me: ငါတို့က ပုဟုဟု ထုဟုဟု ဇဉ်ဟင်ဟင် ဆိုတော့ကာ တကယ့်ဗြဟ္မစိုရ် နဲ့ ကိလေသာက ကွဲကိုမကွဲ တတွဲတွဲ ဖြစ်နေတယ် ကရုဏာဒေါသောဆိုတာ အဘိဓမ္မာသဘောအရ လုံးဝမရှိတဲ့တရားဟ။ ဒီလိုပဲ သနားတာက ကရုဏာမှန်ပေမယ့် စိတ်လက်ရှုပ်ထွေးလာရင် ကိလေသာရောလာပြီ
မိုး: ဂရုဏာ နဲ့ ဒေါသ နဲ့ တွဲမနေဘူးလား
  အေးလေ သူတို့နှစ်ခုက ကန့်လန့်ကြီးလိုပဲဟာ
me: လုံးဝမတွဲပါကြောင်း
မိုး: ၃နဲ့ ၄ ပေါ့
အဟတ် ဟတ်
me: ဟုတ်တယ် ကရုဏာာဆိုတာ အပ္ပမညာစေတသိက်... သောဘန(တင့်တယ်ကောင်းမြတ်တဲ့စိတ်တွေမှာယှည်တာ)။ ဒေါသဆိုတာ အကုသိုလ်စေတသိက်၊ အသောဘန-အပြစ်နှင့်တကွ မတင့်တယ်မကောင်းကျိုးပေးတတ်တဲ့စိတ်တွေမှာယှဉ်တာ... ဓာတ်မတူဘူး။ ငါတို့က ကရုဏာဖြစ်လိုက် ကုသိုလ်စိတ်၊ သောကတွေ ဒေါသတွေဖြစ်လိုက် အကုသိုလ်စိတ်။ ... စိတ်တွေဖြစ်တာပျက်တာမြန်လွန်းတော့ အတွဲလိုက်ကြီး (တပြိုင်တည်းတူတူ) ဖြစ်နေတယ်တောင် ထင်ကြတာကိုး။
သတိထားရင် ကောင်းတာလေးပဲ ဖြစ်။ မကောင်းတာဖြစ်လာပြီးမှန်းသိရင် ဘရိတ်လေးဘာလေးအုပ် ဂလိုပေါ့ဟယ်။ အကျင့်ရှိတော့ အသင့်ဖြစ်လာမပေါ့
မိုး: အင်း ဟုတ်လိုက်လေ ကိုယ့်သူကိုယ် ဂရုဏာသက်နေသလား ဒေါသထွက်နေသလာ ကူညီနေသလား ဆွဲချမိနေသလားတောင် မသိလိုက်ဘူး တခါတလေကျ။
me: အေးအေး နင့်ဟာနင် သက်သက်၊ ထွက်ထွက်၊ ဆွဲဆွဲ ငါကတော့နင့်ကို ချစ်ကိုချစ်တာပါ ခိခိ။ ပုံပြင်တစ်ပုဒ်ပြောပြမယ် အားမှဖတ်
တစ်ခါက တောအုပ်တစ်ခုမှာ ဗျိုင်းတစ်ကောင်က အစာရှာမရတော့ အားအတော်ပြတ်နေရှာပြီ သေလုတဲတဲ
အဲ့ဒီအချိန်မှာ ကံအားလျော်စွာပဲ ငါးတစ်ကောင်ဖမ်းမိသတဲ့
ရေနည်းငါးကလေးခမျာမှာတော့ ဗျိုင်းနှုတ်သီးကြား ဖလပ်ဖလပ်နဲ့ ဖျပ်ဖျပ်ကို လူးနေတာပေါ့ဟယ်
မိုး: :D
me: ဒါကို အဲ့ဒီတောအုပ်မှာနေတဲ့ ဈာန်ရ၊ တန်ခိုးရ ရသေ့သုံးပါးက သိနေကြသတဲ့
အဲ့ဒီနေ့က ပုံပြင်ကိုတူတူနားထောင်နေတာ သုံးယောက်မို့ ရသေ့က၃ပါးဖြစ်သွားသလားမသိ
မိုး: :P
me: ငါ့ကိုအဲ့ပုံပြင်ပြောပြတဲ့ဦးဦးက ရသေ့သုံးပါးဘယ်လိုတွေးတယ်၊ ဘာလုပ်လိုက်တယ်ကို အရင်မပြောဘဲ၊ ငါတို့ကို အရင်မေးတာဟ ငါတို့သုံးယောက်သာဆို ဘာလုပ်မလဲပေါ့။
မိုး: သေတာပဲ .. ငါဆို ဘာလုပ်ရမှန်းကိုမသိဘဲ နေမှာ
me: ငါ့သူငယ်ချင်း ဇာဇာထက်ကအရင်ဆုံးကပြောတယ် ...
ဗျိုင်းက မစားရရင်သေတော့မှာ တဲ့၊ သူ့ခမျာခုမှ အစာလေးကံကောင်းထောက်မ ရှာလို့ရတာတဲ့။
ငါ့အဒေါ်ကပြောတယ် ... ငါးကလေးက အားနည်းရှာတယ် သနားစရာ၊ ငါသာဗျိုင်းဆိုရင်တော့ မစားဘူးထင်ပါတယ်တဲ့၊ အားနည်းတဲ့သူကိုကူညီရမယ်တဲ့။
မိုး: နင်ကော
me: ငါက ခေါင်းပူနေတာ ငါးကိုလွတ်အောင်လုပ်ပေးလိုက်ရမလား၊ ပြီးရင်ဗျိုင်းကိုပဲအစာသွားရှာ ကျွေးရကောင်းမလားပေါ့။ သူတို့ဖြေပြီးသွားတော့ ငါ့အလှည့်ရောက်လာတော့ မဖြေလို့မရတော့ဘူးလေ၊ (ဒါမျိုးဆိုငါက မဖြေချင်ဘူး ထွက်သာပြေးချင်တာပဲ။)
မိုး: အင်း နင်လဲ ငါ့လိုပဲ ဆုံးဖြတ်မရဘူး ဖြစ်နေတယ်
  :P
me: ငါစိတ်ထဲရှိတာ စွတ်ပြောတယ် ငါးကိုလွှတ်စေချင်လည်း ဗျိုင်းကိုလည်းမသေစေချင်လို့ ဘာမှမတတ်နိုင်ရင် ငါဘာမှမလုပ်ဘဲနေမယ်ပေါ့။ ကြည့်မနေရက်ရင် မှိတ်နေမယ်ပေါ့။ ငါ့တရားငါနှလုံးသွင်းပြီး ငြိမ်ငြိမ်ကလေးနေမယ်ဟယ်လို့ဖြေလိုက်တာ။
မိုး: အေးနှော့် ..
me: သဗ္ဗေသတ္တာ ကမ္မသကာဆိုတာရှိသားပဲ ... လုပ်ချင်တိုင်းလုပ်မရသလို ခံရဖို့ကံပါမှ ခံရတာ
ဟိုသူဌေးလေ ဇောတိကလား၊ အနာထပိဏ်လား။ သူ့အိမ်ကို အဇာတသတ်မင်းက စစ်တပ်နဲ့သွားတိုက်တာ မရခဲ့ဘဲ ပြန်ပြေးလာတုန်း လမ်းမှာဘုရားကျောင်းက ဥပုသ်စောင့်ပြီးပြန်လာတဲ့ သူဌေးနဲ့တည့်တည့်တိုးတယ်။ ဘုရင်က “ခင်ဗျားကြီး စစ်တပ်တွေဘာတွေနဲ့ ကျုပ်ကိုအာခံထောင်ထားဖို့လား” ဘာညာသာရကာပေါ့ သူခိုးကလူပြန်ဟစ်တယ်။ သူဌေးကသူ့မှာဘာစစ်တပ်မှ မရှိပါဘူးတဲ့၊ မင်းကြီးကိုယ့်စိတ်ထင်နဲ့ကိုယ် ရမ်းပြေးလာတာပါတဲ့။ ကျုပ်လက်ကလက်စွပ်တွေ သင့်ကိုမပေးပါဘူးတဲ့ တတ်နိုင်ရင်ချွတ်ယူကြည့်ပါလားဆိုတော့ ဆင်ပြောင်ငါးစီးအားမာန်ကြီးတဲ့ အဇာတသတ်မင်း ချွေးပြန်အောင်ဖြုတ်ယူတာမရဘူးလေ.. ဟော သူဌေးကပေးပါတယ်လည်းဆိုရော လက်ထဲကျလာတာ အလိုလိုရယ်။
အဲ့ဦးဦးက ငါတို့ကို အမှတ်ပေးသေးတယ်၊ ဇာဇာထက် က မုဒိတာဓာတ်ရှိတယ် ဗျိုင်းကိုနှလုံးသွင်းတာ အစာရတာကိုဝမ်းသာပေးတာတဲ့
ငါ့အဒေါ်ကိုတော့ ကရုဏာအားကောင်းသူဖြစ်တယ်တဲ့
  
မိုး: တန်းလန်းကြီးတော့ မလုပ်နဲ့နော်
ငါ ထမင်းသွားစားဦးမယ်။ ပြန်လာရင်ဖတ်မယ်..
me: ငါ့ကိုတော့ သူက ဥပေက္ခာဗြဟ္မစိုရ်ကို သိသူဖြစ်တယ်တဲ့။ (ငါကဖြင့်သူပြောမှသိတာကို) ဗြဟ္မစိုရ်တရားလေးပါးတော့ သိတာပေါ့။ တစ်ခါတစ်ခါ ပျင်းလို့လည်း ငါမတတ်နိုင်ပါဘူးဆိုပြီးထားလိုက်တာတွေ ရှိတာပဲ။ ဒါကတော့ ဥပျင်းခါနေမှာပေါ့။
ဟုတ်ပါ့စကားကောင်းနေတာ ငါလည်းသွားစားတော့မယ်

28 minutes
မိုး: ငါလဲ တခါမှမရောက်ဖူး ဥပက္ခာဆီကို
သူများတွေက တခုခုဆို ငါက ၂ခုခုလောက်လိုက်ဖြစ်ပြီး
သူတို့ကော ငါကော ချာချာကိုလည်နေရော
ဟေး ဟေး ဟေး
me: ဒီတစ်ခါချာချာလည်ရင် ဗျိုင်းအကြွပ်ကြော်ပြီး ငါးကိုအရည်စပ်စပ်နဲ့ ထားဝယ်ဟင်းချက်စားမယ်ဒါပဲ။ ဟားဟားဟား။

2 comments:

ဇွန်မိုးစက် said...

သူငယ်ချင်းနဲ့ ချက်ဖြစ်တဲ့ စီးရီးစ်ကိုလည်း သဘောကျတယ်။ ဖတ်ရင်းနဲ့ အတွေးအမြင် ဗဟုသုတတိုးလို့။း)
မမင်းပို့စ်တွေဖတ်ပြီးတိုင်း မင်းက တော်တော်မှတ်ဉာဏ်ကောင်းတာပဲလို့ မှတ်ချက်ချမိတယ်။

ပီ.အက်စ်. ဇောတိကသူဌေးလို့ ဇွန်ထင်တာပဲ။

မမင်း said...

အားပေးတာကျေးဇူးတင်ပါတယ်။ မှတ်ညဏ်ကလည်း မှတ်မိချင်တဲ့နေရာတွေ မှတ်မိပြီး မမှတ်မိချင်တဲ့နေရာတွေကျ မမှတ်မိဘူးဖြစ်တယ်။ ဟီး။

ဟုတ်တယ်၊ ဟုတ်တယ်။ ဇောတိကပဲ။ သူ့မိန်းမ အတုလကာရီဆိုတာ မြောက်ကျွန်းသူဆိုလားလေ။ အဲ့ဒီမိန်းမပြောဖူးတဲ့ သမိုင်းဝင်စကားလေးတစ်ခွန်း မှတ်မိသေးတာရှိတယ်။ ဗိမ္ဗိသာရမင်းနဲ့ သူ့သားအဇာတသတ်ပေါက်စတို့... ဇောတိကတို့အိမ်ကိုလာလည်တဲ့နေ့ကပြောတာ။ သူဌေးက သူ့မဒီကို ဘုရင်ကိုထွက်ကြိုရအောင်လို့လာခေါ်တော့ အတုလကာရီက ဘုရင်ဆိုတာဘာကောင်လဲမေးသတဲ့။ တို့ကိုအုပ်ချုပ်တဲ့သူပါကွာလို့ သူဌေးကဖြေတော့ အတုလကာရီမျက်ရည်အဝဲသားနဲ့ပြောရှာတာက "ဘယ်ဘဝက ဘယ်လောက်ဆိုးတဲ့ အကုသိုလ်မျိုးလုပ်မိလို့ အခုလို အုပ်ချုပ်သူဆိုတာရှိနေတဲ့ အုပ်ချုပ်ခံဘဝကို ရောက်နေရတာပါလိမ့်" တဲ့။

မမင်းတို့မြန်မာပြည်သူတွေကတော့ အတုလကာရီတို့၊ ဇောတိကတို့ထက် အဆပေါင်းများစွာပိုဆိုးတဲ့ အကုသိုလ်တွေ လုပ်ခဲ့ဖူးတာနေမှာနော်။