Pages

13 April 2010

ဘုရားစူးသင်္ကြန်


SMS နဲ့ပက်တဲ့
သင်္ကြန်ရေ
စိုရွှဲနေတာပဲ... Mobile Phone ထဲမှာ။

download ဆွဲထားတဲ့
တူးပို့တေး
မြူးမြူးလေးညံ... Ear-Phoneတပ်လို့ပေါ့။

Forward mail ရဲ့
စတုဒိသာ
မစားရလည်း... ဝ, ခမန်းပါလေ။

Attach File က
ပန်းပိတောက်
set up picture လေးကောက်လုပ်ပြီး။

Urgent အလုပ်တွေ
တန်းစီစောင့်
ရုံးမှာရောက်နေတဲ့ ဒီလိုနေ့မျိုးက...

ဘုရားစူး...
ဒါ... သင်္ကြန်ရက်တွေပါတဲ့.... ။  ။

မမင်း


7 comments:

သီတဂူစတား said...

ဆန်းဆန်းပြားပြား သင်ကြန် မှတ်သွားပါတယ်။

ဇွန်မိုးစက် said...

ဟုတ်ပါ့..မမင်းရေ...ဂျီတော့ခ်ထဲသာ မဝင်ရင်...ဘလော့ဂ်တွေသာမရှိ၊ မဖတ်ဖြစ်ရင် သင်္ကြန်ဆိုတာ နာမည်ကြားရရုံသာ ရှိနေမှာ။
ဘော့စ်က ပရက်ရှာတွေပေးလို့ မလွန့်သာ မလှုပ်သာဖြစ်နေချိန် မင်းကဗျာလေး ဖတ်မိတော့ ပြုံးယင်း ထောက်ခံမိတယ်။
တစ်ခါတည်း ရေပါလောင်းသွားပါတယ် မမင်းရေ။ ဘလော့ပေါ်က လောင်းတာနော်။ :P ... ဗွမ်းးးးးးးး

မော်ကွန်းသစ် said...

ဒီကနေပဲ မမင်းကို နှစ်သစ်ကူး တရားဟောပါတယ်။ နှစ်ဆန်း ၁၀ ရက်နေ့ လောက်ထိရေတွေ တအားပတ်လိုက်ပါတယ်။ ပျော်ရွှင်ပါစေ။

NLN said...

တို့လည်း Manager လစ်တာနဲ့ blog မဏ္ဍပ်တွေ လျှောက်လည်နေတာ :)

Anonymous said...

မင်းရေ..
မှန်လိုက်တာ...
SMS နဲ့ပက်တဲ့ သင်္ကြန်ရေရယ် ၊ download ဆွဲထားတဲ့တူးပို့တေးရယ် နဲ့ပဲ အလုပ်ထဲမှာတင် လွမ်းစရာသင်္ကြန်ရက်တွေ ဆင်နွဲရမှာပါ၊
မင်္ဂလာနှစ်သစ်မှာရွှင်လန်းအေးချမ်းပါစေ။ ဗွမ်းးးးးးးး
မပုံ့

ဇွန်မိုးစက် said...

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ မင်းရေ။

Anonymous said...

ma min,

A yan mite tal. Kyte tal. First year (Ta Nyin) mhar htae ga ma min note book htae ga kabyar twae go kyite ke tar...
A Myar Gyi Htet yae oo naw :)

mie lay.