Pages

13 May 2010

အသက်ဆက်ဖို့  ရေ....

အစ်ကို၊ မောင်၊ အစ်မ၊ ညီမများနှင့် မိတ်ဆွေအပေါင်း သူငယ်ချင်းကောင်းတို့ရေ


မမင်းဆီက e-mail ရရင် အလှူခံတော့မယ်၊ ဘာကိစ္စလှူစရာရှိပြီလဲ လို့အားလုံး အလိုလိုနေရင်း သိနေကြလောက်ပြီ ထင်ပါရဲ့နော်။ ဟုတ်ပါတယ် ဒီတစ်ခါကတော့ မကြုံစဖူးတဲ့ မြန်မာနိုင်ငံတစ်ဝှမ်း ရေခမ်းခြောက်မှုကြောင့် ရေငတ်ပြတ်မှုဒဏ်နဲ့ ရေရှားလို့ဖြစ်ပေါ်ခံစားကြရတဲ့ ရောဂါပေါင်းစုံတွေ ဖြစ်ပေါ်ခံစားနေကြရတဲ့ သတင်းတွေအတွက်ပါ။
ဒီနေရာတွေမှာ ဖတ်ကြည့်ပါ။
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-00-12.html
http://burmese.dvb.no/news.php?id=10804
http://www.khitpyaing.org/index.php?route=detail&id=654
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-10-11-30
http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-09-50-51


မမင်းအနေနဲ့ ကိုယ်တတ်နိုင်သမျှငွေအားနဲ့ ထောက်ပံ့ရုံနဲ့တင် နေသာထိုင်သာမရှိ၊ နေမထိ ထိုင်မထိဖြစ်တာကြောင့်...

မိတ်ဆွေအတော်များများလည်း ကိုယ့်နိုင်ငံကိုယ့်လူမျိုး (သံသရာဘဝပေါင်းများစွာက ကိုယ့်ရဲ့ မိဘညီအစ်ကိုမောင်နှမဆွေမျိုးမိတ်ဆွေအပေါင်းတို့) ခုလို အငတ်ဘေး၊ ရောဂါဘေး၊ ကိုယ်ဆင်းရဲခြင်းဘေး၊ စိတ်ဆင်းရဲခြင်းဘေးတွေနဲ့ ကြုံတွေ့ ခံစားနေရတာ ကြားသိရတော့ တတ်စွမ်းသ၍ ကူညီချင်ကြပေမယ့် ကိုယ့်အလုပ်တွေနဲ့ကိုယ် စိတ်မအား၊ လူမအားကြတာ များလေတော့ ....

စုံစမ်းမေးမြန်းဖို့ ဆက်သွယ်လှူတန်းဖို့  တကူးတကအချိန်မပေးနိုင်သူများအတွက်..

နည်းများမဟူ အလွယ်တကူ ကုသိုလ်ပါဝင်ဖြစ်အောင်လို့ မမင်းကတစ်ဆင့် တာဝန်ယူပြီး ငွေစုပါမယ်။

(မမင်းထံ ဓမ္မဒူတလစဉ်အလှူငွေထည့်ဝင်နေကြတဲ့ အစ်ကိုမောင်ညီအစ်မတွေနဲ့ ရင်းနှီးပြီးသားသူငယ်ချင်းတွေဆီမှာ မမင်းရဲ့ ဘဏ်အကောင့်က payee list မှာအဆင်သင့်ရှိပြီးသားမို့ အလွယ်တကူလို့ သုံးလိုက်တာဖြစ်ပါကြောင်း။)



Lotus Foundation က အစ်မ မခင်မမ ကို ဒီမနက်ဖုန်းနဲ့ဆက်သွယ် မေးမြန်းလိုက်တော့ လေးစားစရာကောင်းတဲ့ အဲဒီ အစ်မကနွေးထွေးရင်းနှီးစွာဖြင့် စုံစုံလင်လင်ရှင်းပြပေးပါတယ်။ မြန်မာပြည်ဘက်က ဆောင်ရွက်ပေးမယ့်သူအဖြစ် ယုံကြည်စိတ်ချရသူ၊ တကယ်ထိထိရောက်ရောက် လုပ်နိုင်စွမ်းသူ၊ အများ၏အားကိုးယုံကြည်ခြင်း ခံရသူတွေကို အစ်မကရွေးချယ်ထားတာတွေ့ ရပါတယ်။ နာရေးကူညီမှု ဦးကျော်သူ နဲ့ လမ်းပြကြယ် ဦးအေးမြင့်တို့ဖြစ်ပါတယ်။ သိတဲ့အတိုင်း မြန်မာပြည်မှာကလည်း ကောင်းတာတွေလုပ်ရင် အဖမ်းခံရတတ်တာဆိုတော့ တော်ရုံလူတွေကလည်း ကြီးကြီးကျယ်ကျယ်မလုပ်ရဲကြပါဘူး။ ဦးကျော်သူတို့အဖွဲ့ က နီးစပ်ရာကနေ ရေဝယ်ပြီး ရေပီပါတွေကို ထော်လာပေါ်တင်ပြီး လိုအပ်တဲ့နေရာတွေ သွားနေပြီလို့ဆိုပါတယ်။ အစ်မက ဦးကျော်သူရဲ့ ဇနီးနဲ့ မနေ့က ဖုန်းပြောရပါတယ်တဲ့။ ဦးအေးမြင့်နဲ့တော့ အဆက်အသွယ်မရသေးပါဘူးတဲ့။ ဦးအေးမြင့်တို့ လမ်းပြကြယ် အဖွဲ့ ကတော့ ပဲခူးသနပ်ပင်မှာရေ ကယ်ဆယ်ရေးတွေ သွားလုပ်နေပြီမို့ပါ။ http://moemaka.blogspot.com/2010/05/water-donation-to-local-residences-by.html
သူတို့က boxer နဲ့ transportation fees ကငွေကုန်ပြီး ရေကတော့ အလကားရတဲ့ဆီကနေ သွားလှူတယ်လို့ ဆိုပါတယ်။

အစ်မက မိုးမရွာလို့ ရေပြဿနာ မပြေလည်မချင်း အလှူငွေတွေကို ရသမျှစုပြီး ပမာဏပေါ်မူတည်လို့ ၃ရက်တစ်ခါဖြစ်စေ၊ တစ်ပတ်တစ်ခါ ဖြစ်စေ လိုအပ်သလို အဆင်ပြေသလို လွှဲပို့လှူတန်းပေးမယ်လို့ ပြောသွားပါတယ်။



ဘဝဟောင်းက မိဘဟောင်းတွေလည်း အငတ်ဘေး၊ ရောဂါဘေး၊ ကိုယ်ဆင်းရဲခြင်းဘေး၊ စိတ်ဆင်းရဲခြင်းဘေးတွေက သက်သာရာရဖို့ နဲ့ မမင်းရဲ့ မိတ်ဆွေများ ရေအကျိုးဆယ်ပါးကလည်း မတောင်းရဘဲ အော်တိုပြည့်မှာမို့ ဒီတစ်ခေါက်တော့ မမင်းရဲ့ အသိမှန်သမျှ ဘယ်သူ့ကိုမှ အလွတ်မပေး၊ နည်းနည်း၊များများ မရရအောင်အလှူခံမယ်လို့ စိတ်ကူးထားပါတယ်။ လူရင်းများ ဖုန်းမျှော်လျက်သာနေကြပါတော့။ ;P



မေတ္တာဖြင့်

KZMin